အမေရိကန် ပြည်ထောင်စု၊ ဗားမောင့် (Vermont) ပြည်နယ်က လွှတ်တော်အမတ်တဦးဟာ အသက် ၂၁ အောက် လူငယ်တွေကို ဖုန်းကိုင်ခွင့် ပိတ်ပင်မယ့် အဆိုတရပ် တင်သွင်းခဲ့ပါတယ်။ ဒီမိုကရက်တစ်ပါတီရဲ့ အမတ်တဦးဖြစ်တဲ့ John Rodgers က ဒီအဆိုကို တင်သွင်းခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
အသက် ၂၁ နှစ် မပြည့်သေးသူတွေကို ဖုန်းကိုင်ခွင့် ပိတ်ပင်တာနဲ့ ပတ်သက်ပြီး “အထွေထွေ အစည်းအဝေးရဲ့ မှတ်ချက်ရှိပါတယ်။ အသက် ၂၁ နှစ် မပြည့်သေးသူတွေအနေနဲ့ ဆေးလိပ်သောက်ခွင့်၊ အရက်သောက်ခွင့်နဲ့ သေနတ်ကိုင်ခွင့် မရှိသလိုပါပဲ။ လက်ကိုင်ဖုန်းကြောင့် ဖြစ်လာမယ့် အသက်အန္တရာယ်ကို ခြိမ်းခြောက်နိုင်တဲ့ ဆိုးကျိုးတွေကြောင့် အသက် ၂၁ နှစ် မပြည့်သေးသူတွေ အနေနဲ့ ဖုန်းသုံးဖို့ မသင့်တော်သေးပါဘူး”လို့ John Rodgers က CNN သတင်းဌာနကို ပြောဆိုခဲ့ပါတယ်။
စာမျက်နှာ ၂ မျက်နှာပဲ ရှိတဲ့ ဒီဥပဒေကြမ်းဟာ ဆိုက်ဘာအနိုင်ကျင့်မှု၊ ကားမောင်းနေစဉ် ဖုန်းသုံးခြင်းကြောင့် ဖြစ်လာနိုင်တဲ့ အန္တရာယ်နဲ့ အင်တာနက်ပေါ်က အစွန်းရောက် လုပ်ဆောင်ချက်တွေကို တားဆီးနိုင်ဖို့ ရေးဆွဲထားတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
“မကြာခဏ ဖြစ်ပွားလေ့ရှိတဲ့ အကြမ်းဖက်မှုတွေ၊ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေကို သုသေသနပြုမှုအရ ငယ်ရွယ်တဲ့သူတွေ ကျူးလွန်းတဲ့ ပြစ်မှုတွေမှာ ဖုန်းကြောင့်လည်း ပါဝင်နေပါတယ်”လို့ အဲဒီ အဆိုမှာ ပါရှိပါတယ်။
အဆိုအတွင်းမှာ ပါဝင်တဲ့ အချက်အလက်တွေ အရ အသက် ၂၁ နှစ်မပြည့်မီ ဖုန်းသုံးသူတွေကို ငွေဒဏ် အမေရိကန် ဒေါ်လာ ၁၀၀၀ နဲ့ ထောင်ဒဏ် ၁ နှစ် ချဖို့ အထိ ထည့်သွင်းရေးဆွဲထားတယ်လို့ သိရပါတယ်။
အဆိုတင်သွင်းတဲ့ လွှတ်တော် အမတ်ကတော့ ဒုတိယအကြိမ် ပြင်ဆင်ချက်တွေ ပြုလုပ်ဖို့ စိတ်အားထက်သန်နေတယ်လို့ သိရပါတယ်။ သူတင်သွင်းတဲ့ အဆိုနဲ့ ပတ်သက်ပြီး သဘော မတူတဲ့ လွှတ်တော်အမတ်တွေလည်း အများအပြား ရှိနေပါတယ်။
Ref. CNN
You may also like these stories:
ကမ္ဘာ့ထိပ်တန်း တက္ကသိုလ်များ စာရင်းထဲ ဗီယက်နမ် တက္ကသိုလ် ၈ ခု ပါဝင်
သြစတြေးလျ တောမီးကနေ ကိုအာလာတွေကို ကားနဲ့ ကယ်တင်ဖို့ ကြိုးစားခဲ့တဲ့ ဆယ်ကျော်သက် တချို့
ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ဆန္ဒပြပွဲမှာ “Joker” မင်းသား Joaquin Phoenix အဖမ်းခံရ