Trend

ရှေးဟောင်းယဉ်ကျေးမှု နယ်မြေအတွင်း မစင်စွန့်ခဲ့တဲ့ ခရီးသွား ၆ ယောက် ဖမ်းဆီးခံရ

Want create site? Find Free WordPress Themes and plugins.

ရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း မစင်စွန့်တယ်ဆိုတာ အတော်ကို မဖွယ်မရာ ကိစ္စတခုပြီး ဘယ်လိုရှုထောင့်မျိုးကပဲကြည့်ကြည့် မတင့်တယ်တဲ့ ကိစ္စပါ။ လူတွေက ရှေးဟောင်းယဉ်ကျေးမှုတွေကို တန်ဖိုးတခုအဖြစ် ထိန်းသိမ်းစောင့်ရှောက်နေချိန်မှာ တချို့ကတော့ ယဉ်ကျေးမှုနယ်မြေတွေကို ဖျက်လိုဖျက်ဆီးပြုမှုနေကြတာကိုလည်း တွေ့နေရပါတယ်။

အခု အမှုဖြစ်ပွားခဲ့တဲ့ နေရာကတော့ ပီရူးနိုင်ငံရဲ့ အထင်ကရနေရာ တနေရာဖြစ်တဲ့ မာချူပီချူ (Machu Picchu) ရှေးဟောင်းမြို့တော်အတွင်း ဖြစ်ပွားခဲ့တာပါ။ ပြစ်မှုကျူးလွန်သူတွေကတော့ ပြင်သစ် အမျိုးသမီး ၁ ယောက်၊ ဘရာဇီးအမျိုးသား ၂ ယောက်၊ အာဂျင်တီးနားအမျိုးသား ၂ ယောက်၊ ချီလီအမျိုးသမီး ၁ ယောက်တို့ ဖြစ်ကြပါတယ်။

ဒေသခံသတင်းဌာနတွေရဲ့ ဖော်ပြချက်အရ ပြစ်မှုကျူးလွန်သူတွေဟာ အသက် ၂၀ နဲ့ ၃၂ နှစ်ကြားရှိသူတွေလို့ သိရပါတယ်။ မာချူပီချူခရိုင်ရဲ့ မြို့တော်ဝန် ဒါဝင်ဘာကာလီယွန်ကလည်း အခုအပြုအမူဟာ ယဉ်ကျေးမှုအမွေအနှစ်တွေကို စော်ကားတဲ့ အပြုအမူအဖြစ် ဝေဖန်ပြောဆိုခဲ့ပြီး စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့သိရပါတယ်။

ပီရူးနိုင်ငံတောင်ပိုင်းမှာရှိတဲ့ မာချူပီချူမြို့ဟောင်းဟာ အင်ကာလူမျိုးစုတွေရဲ့ မြို့ဟောင်းဖြစ်ပြီး ၁၉၈၃ ခုနှစ်မှာ ယူနက်စကိုရဲ့ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်ဒေသ ဖြစ်ခဲ့ပါတယ်။ ၂၀၀၇ ခုနှစ်မှာတော့ ကမ္ဘာတဝှမ်းလုံးက ထောက်ခံမှုတွေကြောင့် ကမ္ဘာ့အံ့ဖွယ် (၇) ပါး စာရင်းဝင်ခဲ့ပါတယ်။

၁၅ ရာစုလောက်က တည်ဆောက်ခဲ့တယ်လို့ ယူဆထားတဲ့ ဒီဒေသဟာ နိုင်ငံတကာခရီးသွားတွေ လာရောက်လည်ပတ်ရာ နေရာတနေရာလည်း ဖြစ်ပါတယ်။ အင်တာနက် ခရီးသွားဝက်ဘ်ဆိုက်တွေ ဖြစ်တဲ့ Triadviser, National Geographic, Lonely Planet စတဲ့ ဝက်ဘ်ဆိုက်တွေက စစ်တမ်း ကောက်ယူကြည့်တဲ့အခါ ခရီးသွားတွေကိုဆွဲဆောင်မှု အရှိဆုံးနေရာစာရင်းမှာ မာချူပီချူ ရှေးဟောင်းမြို့တော်က ထိပ်ဆုံးနေရာက ရှိနေပါတယ်။

အခုလိုနေရာမျိုးမှာ မစင်စွန့်တယ်ဆိုတာကတော့ အလွန်ကို မသင့်တော်တဲ့ အပြုအမူပါ။ ၂၀၁၅ ခုနှစ်မှာလည်း ဒီဒေသမှာပဲ ခရီးသွား ၁၀ ယောက် ဝတ်လစ်စလစ် သွားခဲ့ကြသလို ၂၀၁၄ ခုနှစ်မှာလည်း အမေရိကန်ခရီးသွား ၄ ယောက် ဝတ်လစ်စလစ်နဲ့ ဓာတ်ပုံ ရိုက်ကူးခဲ့ကြပါသေးတယ်။

Ref: edition.cnn, timesofindia

You may also like these stories:

နိုင်ငံတကာခရီးသွားတွေ သဘောကျနှစ်ခြိုက်တဲ့ အာရှတိုက်ရဲ့ နေရာများ

အင်ကာလူမျိုးတွေရဲ့ ပျောက်ဆုံးသွားသော မြို့တော် (သို့မဟုတ်) “Machu Picchu”

အဆမတန် များပြားလာတဲ့ ခရီးသွားတွေကြောင့် ဒေသခံတွေ စိတ်ဒုက္ခ ရောက်နေကြ

Did you find apk for android? You can find new Free Android Games and apps.
Loading