• English
Tuesday, May 13, 2025
No Result
View All Result
NEWSLETTER

27 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Trend

ကမ္ဘာပေါ်မှာရှိတဲ့ နိုင်ငံအားလုံးကို ခရီးသွားနိုင်ခဲ့တဲ့ ပထမဆုံး လူမည်းအမျိုးသမီး

by ညီညီသူ
15 January 2020
in Trend
A A
လူမည်းအမျိုးသမီး Jessica Nabongo

လူမည်းအမျိုးသမီး Jessica Nabongo

8.2k
VIEWS
Share on FacebookShare on Twitter

ဒီကနေ့ခေတ်ကာလမှာ အမျိုးသမီးတွေလည်း အမျိုးသားတွေနဲ့တန်းတူ ရင်ပေါင်တန်းနိုင်ခဲ့တာ အထူးအဆန်း မဟုတ်တော့ပါဘူး။ နိုင်ငံအချို့မှာ ကျား၊ မ ခွဲခြားမှုတွေ ရှိခဲ့သလို လူဖြူ၊ လူမည်း ခွဲခြားမှုတွေကလည်း ခုထိတိုင် ရှိနေပါသေးတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလမှာတော့ လူမည်းအမျိုးသမီးဖြစ်တဲ့ ဂျက်ဆီကာနာဘွန်ဂို (Jessica Nabongo) ဆိုသူဟာ ကမ္ဘာပေါ်မှာရှိတဲ့နိုင်ငံပါင်း ၁၉၅ နိုင်ငံကို သွားရောက် လည်ပတ်နိုင်ခဲ့ပါတယ်။ ၁၉၈၄ ခုနှစ်မှာ မွေးဖွားတဲ့ ဂျက်ဆီကာဟာ ယူဂန်ဒါ – အမေရိကန်ကပြားဖြစ်ပြီး အမေရိကန်ပြည်ထောင်စု၊ မီချီဂန်ပြည်နယ်၊ ဒီထရွိုက်မြို့သူ တယောက်ဖြစ်ပါတယ်။

RelatedPosts

မြိတ်မြို့

မြိတ်မြို့

11 May 2025
492
ပုဂံ့ကျက်သရေ

ပုဂံ့ကျက်သရေ

10 May 2025
217
ငလျင်ကြောင့် ရာစုနှစ်ချီ သမိုင်းနှင့် ယဉ်ကျေးမှုအမွေအနှစ်များ အုတ်ပုံဖြစ်သွား

ငလျင်ကြောင့် ရာစုနှစ်ချီ သမိုင်းနှင့် ယဉ်ကျေးမှုအမွေအနှစ်များ အုတ်ပုံဖြစ်သွား

7 May 2025
762

နိုင်ငံပေါင်း ၁၉၅ နိုင်ငံကို သွားရောက် လည်ပတ်ဖို့ အချိန် ၂ နှစ်ခွဲလောက် ယူခဲ့ရပြီး ဂျက်ဆီကာဟာ အမေရိကန်နဲ့ ယူဂန်ဒါနိုင်ငံကူးလက်မှတ် ၂ မျိုးစလုံး ကိုင်ဆောင်ထားသူတယောက်လည်း ဖြစ်ပါတယ်။ ခရီးစဉ်တလျှောက်မှာတော့ ဂျက်ဆီကာဟာ ကိုလံဘီယာမှာ ရေငုပ်ခဲ့သလို မြန်မာနိုင်ငံက ဘုရားစေတီတွေကို သွားရောက်ခဲ့တဲ့အပြင် မိုင်ယာမီမှာ ပုဂ္ဂလိကဂျက် လေယာဉ်စီးတာမျိုးတွေ ပြုလုပ်ခဲ့ပါတယ်။

Forbes မဂ္ဂဇင်းနဲ့ အင်တာဗျူးမှာတော့ သူ့အနေနဲ့ လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ခရီးသွားရတာကို စိတ်ဝင်စားခဲ့ပြီး ကမ္ဘာ့မြေမျက်နှာပြင်အားလုံးပေါ် ခြေချချင်စိတ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့်လည်း အသက် ၄၀ ပြည့်မွေးနေ့မှာ ကမ္ဘာပေါ်က နိုင်ငံတွေ အားလုံးဆီ ရောက်အောင်သွားမယ်လို့ ဆုံးဖြတ်ခဲ့ပြီး ၂၀၁၇ ခုနှစ်မှာ သူ့ရဲ့ခရီးစဉ်ကို စတင်ခဲ့ပါတယ်။

အသက် ၄၀ မွေးနေ့မှာ နိုင်ငံအားလုံးကို လည်ပတ်နိုင်ဖို့ စိတ်ကူးထားခဲ့ပေမယ့် တကယ်တမ်း ကမ္ဘာ တပတ်ပတ်ပြီးချိန်မှာတော့ သူ့အသက်က ၃၅ နှစ်သာ ရှိခဲ့ပါတယ်။ ၂၀၁၇ ခုနှစ်မှာစတင်ခဲ့တဲ့ သူ့ရဲ့ခရီးကလည်း ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလမှာ ပြီးဆုံးခဲ့ပါတယ်။

နိုင်ငံတွေကို သွားရောက် လည်ပတ်တဲ့အခါမှာလည်း တချို့နိုင်ငံတွေကို လည်ပတ်ဖို့ ဗီဇာခွင့်ပြုချက် စောင့်ရတာနဲ့ ပြည်တွင်း အဆက်အသွယ် ရှာရတာမျိုးတွေ ရှိခဲ့ပေမယ့် သိပ်ခက်ခက်ခဲခဲကြီး မဖြစ်ခဲ့ဘူးလို့ ဂျက်ဆီကာက ပြောပါတယ်။ နိုင်ငံငယ်တွေမှာဆိုရင်တော့ လေကြောင်းဆိုင်ရာ အခက်အခဲတချို့ ရှိခဲ့တယ်လို့ သူက ပြောပါတယ်။

ပဋိပက္ခတွေ ဖြစ်ပွားနေတဲ့ ဆီးရီးယား၊ ယီမင်၊ အာဖဂန်နစ္စတန်လိုနိုင်ငံမျိုးတွေမှာ ဒုက္ခအနည်းငယ် ရောက်ခဲ့ပေမယ့် ဖော်ရွေတဲ့ ဒေသခံတွေရဲ့ကူညီမှုကြောင့် သူ့ရဲ့ ခရီးစဉ်ဟာ ပြောပလောက်အောင် အခက်အခဲ မရှိခဲ့ပါဘူး။ မြောက်ကိုရီးယားနိုင်ငံကို သွားရောက် လည်ပတ်တဲ့အခါမှာတော့ အမေရိကန် ပတ်စပို့ကို အသုံးမပြုခဲ့ဘဲ ယူဂန်ဒါ ပတ်စပို့ကိုသာ အသုံးပြုခဲ့တယ်လို့ ဂျက်ဆီကာက ပြောပါတယ်။

တကိုယ်တော် ခရီးသွားမယ့် အမျိုးသမီးတွေကိုလည်း ကိုယ်သွားမယ့်နေရာ၊ ကိုယ်နဲ့အဆင်ပြေနိုင်မယ့် နေရာတွေကို သေသေချာချာ ရွေးချယ်တတ်ဖို့ ဂျက်ဆီကာက အကြံပေးခဲ့ပါသေးတယ်။ သူ့အနေနဲ့ အခုလို နိုင်ငံပေါင်း ၁၉၅ နိုင်ငံကို ခရီးထွက်ခဲ့ရာမှာ အဓိကကျတဲ့ အတွေ့အကြုံတခု ရခဲ့ပါတယ်လို့ ဂျက်ဆီကာက ပြောပါတယ်။

အဲဒီ အဓိကကျတဲ့ အတွေ့အကြုံကတော့ လူအများစုဟာ လူကောင်းတွေဖြစ်ကြတယ်လို့ သူက ပြောခဲ့ပါသေးတယ်။ နိုင်ငံပေါင်း ၁၉၅ အနက် မြန်မာနိုင်ငံကိုတော့ ၁၇၃ နိုင်ငံမြောက်အဖြစ် လာရောက်ခဲ့ပါတယ်။

Ref. Forbes

You may also like these stories:

လူဖြူ ကလေး ၃ ယောက်ကို မွေးစားခဲ့တဲ့ လူမည်းအမျိုးသမီး

သြစတြေးလျ တောမီးကြောင့် ထွက်ပေါ်လာတဲ့ မီးခိုးငွေ့များ ကမ္ဘာတဝှမ်းပျံ့နှံ့

မီးတောင် ပေါက်ကွဲနိုင်ခြေ ရှိပေမယ့် မင်္ဂလာပွဲကို ပြီးအောင် ကျင်းပခဲ့တဲ့ ဖိလစ်ပိုင်စုံတွဲ

Your Thoughts …
Tags: ခရီးသွားလူမည်းအမျိုးသမီး
ညီညီသူ

ညီညီသူ

Similar Picks:

ငပလီတွင် ပိတ်မိနေသူများအား ကုန်းလမ်းမှတဆင့် ပြန်ခွင့်ပြုနေ

ငပလီတွင် ပိတ်မိနေသူများအား ကုန်းလမ်းမှတဆင့် ပြန်ခွင့်ပြုနေ

by The Irrawaddy
15 November 2023
4.1k

ရခိုင်ပြည်နယ်သို့ ဝင်ရောက်နိုင်သည့် ဝင်ပေါက်များအားလုံး ပိတ်လိုက်သဖြင့် နိုဝင်ဘာလနှင့် ဒီဇင်ဘာလအတွင်း ငပလီကမ်းခြေသို့ လာရောက် အပန်းဖြေကြမည့် ခရီးစဉ်များ၊ ကြိုတင်မှာယူထားသည့် အခန်းများအားလုံးကို ဖျက်သိမ်းကာ ငွေပြန်အမ်းနေခြင်းများကို ပြုလုပ်နေရသည်

ခရီးသွားမယ်ဆိုရင် First Aid Kit (ခေါ်) "ကျန်မာရေးဆေးအိတ်" ကို မဖြစ်မနေ ယူသွားသင့်ပါတယ်

ခရီးသွားရင် မပါမဖြစ် ယူသွားသင့်တဲ့ First Aid Kit (ခေါ်) “ကျန်မာရေးဆေးအိတ်”

by ညီညီသူ
31 May 2019
19.7k

မိမိက အစားအသောက် အချို့နဲ့ ဓာတ်မတည့်ရောဂါ ရှိသူဆိုရင် မိမိသုံးစွဲနေကျ ဆေးတွေကိုလည်း မမေ့မလျော့ ထည့်သွားသင့်ပါတယ်။

ဒုတိယသမ္မတအဖြစ် ပထမဆုံးသော အမျိုးသမီး၊ လူမည်းနှင့် အာရှနွယ်ဖွား အမေရိကန်သူ ခါမလာဟဲရစ် ရွေးချယ်ခံခဲ့ရသည်/ BBC

ခါမလာဟဲရစ် သို့မဟုတ် ပထမဆုံး အမေရိကန် အမျိုးသမီး ဒုသမ္မတ

by ဧရာဝတီ
17 November 2020
5.9k

ဒုတိယသမ္မတအဖြစ် ပထမဆုံးသော အမျိုးသမီး၊ လူမည်းနှင့် အာရှနွယ်ဖွား အမေရိကန်သူ ခါမလာဟဲရစ် ရွေးချယ်ခံခဲ့ရသည်

ပြင်သစ်နိုင်ငံ

နိုင်ငံတကာ ခရီးသွားဧည့်သည် လာရောက်မှု အများဆုံး ၁၀ နိုင်ငံ

by ညီညီသူ
29 May 2019
15.8k

ပြင်သစ်နိုင်ငံမှာ နေထိုင်သူတွေအတွက်ဆိုရင် ဘဝနေထိုင်မှု အခွင့်အလမ်းပေါင်းများစွာလည်း ရှိနေပါတယ်။ ဒီအချက်တွေကြောင့်လည်း ပြင်သစ်နိုင်ငံကို လာရောက်ကြတဲ့ နိုင်ငံတကာခရီးသွားအရေအတွက်က အများဆုံးဖြစ်နေရတာပါ။

မလေးရှားခရီးသွားဈေးကွက်မှာ စင်ကာပူနိုင်ငံသားတွေက အဓိကပါပဲ

မလေးရှားနိုင်ငံကို ယခုနှစ်အတွင်း ခရီးသွားဧည့်သည် သန်း ၂၀ လာရောက်လည်ပတ်ခဲ့

by ညီညီသူ
27 November 2019
3.9k

၉ လတာ ကာလအတွင်း မလေးရှားနိုင်ငံကိုလာရောက်လည်ပတ်ခဲ့ကြတဲ့ စင်ကာပူနိုင်ငံသားအရေ အတွက်က ၇ သန်း ၈ သိန်းကျော်ရှိခဲ့ပါတယ်။ အတိအကျဖော်ပြရမယ်ဆိုရင်တော့ ၇,၈၆၈,၇၅၅ ယောက် ရှိခဲ့ပါတယ်။

ဆွစ်ဇာလန်နိုင်ငံ

ကမ္ဘာ့ ဘေးရန်အကင်းဆုံးနိုင်ငံအဖြစ် သတ်မှတ်ခံရတဲ့ ဆွစ်ဇာလန်နိုင်ငံ

by ညီညီသူ
5 December 2019
7.8k

နိုင်ငံတကာက လာရောက်ကြတဲ့ ခရီးသွားဧည့်သည်တွေ အနေနဲ့လည်း ဘေးအန္တရာယ် ကင်းကင်းနဲ့ ဆွစ်ဇာလန်နိုင်ငံအတွင်း လည်ပတ်နိုင်တယ်လို့ ဖော်ပြထားပါတယ်။

Next Post
၂၀၁၆ ခုနှစ်က လူ့အခွင့်အရေးကော်မရှင်ရုံးရှေ့တွင် ဆန္ဒပြသည့် မြင်ကွင်းတခု  / ဧရာဝတီ

အစိုးရ ဝန်ထမ်းဟောင်းများဖြင့် ဖွဲ့စည်းလိုက်သည့် လူ့အခွင့်အရေး ကော်မရှင်သစ် ဝေဖန်ခံရ

"Morbius" ရုပ်ရှင် Trailer

"Morbius" ရုပ်ရှင် Trailer ကြောင့် အံ့သြခဲ့ရတဲ့ DC နဲ့ Marvelပရိသတ်များ

No Result
View All Result

Recommended

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

အသေအပျောက်များတဲ့ မြန်မာ့ငလျင်များသမိုင်း

6 days ago
5.4k
တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

တရုတ်ဖိအားကို တန်ပြန်ပြီး စစ်ကောင်စီ ဗုံးအကြဲခံသည့် TNLA ၏ ရပ်တည်ချက်

1 week ago
7.3k

Most Read

  • မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

    shares
    Share 0 Tweet 0
  • ပြောင်းလဲလာသည့် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှု ပုံစံများ

    shares
    Share 0 Tweet 0
  • မြန်မာတွင် လောဘဇောတိုက် ရွှေတူးမှုက နိုင်ငံတကာ မြစ်များကို ဒုက္ခပေး

    shares
    Share 0 Tweet 0
  • အမေရိကန်က မြန်မာမှာ လက်ဝေခံစစ်ပွဲ စီစဉ်နေသတဲ့လား

    shares
    Share 0 Tweet 0
  • တလကျော်သည့်တိုင် နေပြည်တော်ဝန်ထမ်းတို့ နာလန်မထူနိုင်

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate