Trend

အိမ်မှာအထီးကျန်စွာ ကျန်ခဲ့ရတဲ့ အိမ်မွေးခွေးတွေအတွက် သီချင်း Playlist မိတ်ဆက်လိုက်တဲ့ Spotify

Want create site? Find Free WordPress Themes and plugins.

ယူကေနိုင်ငံမှာရှိတဲ့ အိမ်မွေး တိရစ္ဆာန်ပိုင်ရှင်တွေရဲ့ ၇၄ ရာခိုင်နှုန်းနီးပါးဟာ သူတို့ရဲ့ တိရစ္ဆာန်လေးတွေအတွက် သီချင်းဖွင့်ပေးကြတယ်ဆိုတာကို တွေ့ရှိခဲ့ပြီးတဲ့နောက်မှာ ပိုင်ရှင်တွေ အိမ်မှာ မရှိတဲ့အချိန် အထီးကျန်စွာ ကျန်နေခဲ့ရမယ့် ခွေးလေးတွေ နားဆင်ဖို့ သီချင်း Playlist တွေနဲ့ Podcast တခုကို Spotify က ဖန်တီးလိုက်ပြီ ဖြစ်ပါတယ်။

ဆွီဒင်သီချင်းနားဆင်မှုဆိုင်ရာ စီးပွားရေးကုမ္ပဏီက အိမ်မှာ အထီးကျန်စွာ ကျန်နေခဲ့ရမယ့် ခွေးလေးတွေအတွက် စိတ်ဖိစီးမှုတွေကို ပြေလျော့စေဖို့ သရုပ်ဆောင်တွေကနေ ဖတ်ပြတဲ့ ကတိသစ္စာနဲ့ အာမခံမှုဆိုင်ရာ ဇာတ်လမ်းတွေနဲ့ သတင်းစကားတွေ၊ ခွေးလေးတွေကို တိုက်ရိုက် ချီးမွမ်းပြောဆိုမှုတွေ၊ သီချင်းတွေ ပါဝင်တဲ့ Podcast တခုကို မိတ်ဆက်ခဲ့တယ်လို့ ဆိုပါတယ်။

အိမ်မွေး တိရစ္ဆာန်လေးတွေအတွက် ရည်ရွယ်တဲ့ သီချင်း Playlist စာရင်းမှာတော့ တိရစ္ဆာန်လေးတွေရဲ့ တက်ကြွမှုနဲ့ လေးဖင့်မှုတွေလိုမျိုး ကိုယ်ရည်ကိုယ်သွေးတွေနဲ့ လိုက်ဖက်ညီဖို့ ကွန်ပျူတာက ရွေးချယ်ပေးတဲ့ သီချင်းတွေ ပါဝင်ပါတယ်။

ယူကေနိုင်ငံက အိမ်မွေးတိရစ္ဆာန် ပိုင်ရှင်တွေရဲ့ လေးပုံတပုံဟာ သူတို့တွေ ကုမ္ပဏီမှာရှိနေစဉ်မှာ တိရစ္ဆာန်လေးတွေ နားဆင်ဖို့အတွက် သီချင်းဖွင့်ထားပေးခဲ့တဲ့ အကြောင်းနဲ့ အဲ့ဒီပိုင်ရှင်တွေထဲက ၄၂ ရာခိုင်နှုန်းရဲ့ အဆိုအရ သူတို့ရဲ့ တိရစ္ဆာန်လေးတွေဆီမှာ သူတို့ ကြိုက်နှစ်သက်ရတဲ့ သီချင်းအမျိုးအစားတွေတောင် ရှိတယ်လို့ ပြောဆိုခဲ့ကြတဲ့အကြောင်း စစ်တမ်းမှာတွေ့ရှိထားတယ်လို့ ဆိုပါတယ်။

အိမ်မွေးတိရစ္ဆာန်ပိုင်ရှင် လေးပုံတပုံရဲ့အဆိုအရ သူတို့တွေရဲ့ တိရစ္ဆာန်လေးတွေဟာ ဂီတနဲ့ အတူ စည်းချက်ညီစွာ လိုက်ကနိုင်တဲ့အကြောင်း တွေ့ရှိထားတယ်လို့ ဆိုပါတယ်။

Spotify ဆိုတာကတော့ ဆွီဒင်နိုင်ငံမှာ အခြေစိုက်တဲ့ နိုင်ငံတကာ မီဒီယာထောက်ပံ့ရေး ဝန်ဆောင်မှု ဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ်မှာ ထူထောင်ခဲ့ပြီး စတော့ဟုမ်းမြို့မှာ ရုံးစိုက်ပါတယ်။

၂၀၀၈ ခုနှစ်၊ အောက်တိုဘာလ ၇ ရက်နေ့ကနေစလို့ Spotify မီဒီယာပလက်ဖောင်းပေါ်မှာ သီချင်းပေါင်း သန်း ၅၀ ကျော်ရှိပြီး ဖြစ်ပါတယ်။ အသုံးပြုသူတွေအနေနဲ့ သီဆိုသူ၊ အယ်လ်ဘမ်၊ သီချင်းအမျိုးအစား တို့ကို အခြေတည် ရွေးချယ်နိုင်ပြီး ကိုယ်နားဆင်လိုတဲ့ သီချင်းစာရင်းကိုလည်း ပြုစုနိုင်ပါတယ်။

Spotify ကို အမေရိကနဲ့ ဥရောပ ဒေသအများစု၊ သြစတြေးလျ၊ နယူးဇီလန်၊ အာဖရိကနဲ့ အာရှဒေသတချို့မှာ ဝန်ဆောင်မှုရယူနိုင်ပြီး စမတ်ဖုန်းနဲ့ တက်ဘလက်တွေပေါ်မှာသာမက Windows, macOS နဲ့ Linux ကွန်ပြူတာတွေ ပေါ်ကနေ တဆင့်လည်း ရယူနိုင်ပါတယ်။

Ref: CNA

You may also like these stories:

တောမီးဒဏ်သင့် တိရစ္ဆာန်တွေအတွက် Koala ရွှံ့ရုပ်လုပ်ပြီး အလှူငွေရှာပေးနေတဲ့ ကလေးငယ်

သြစတြေးလျ တောမီးကနေ ကိုအာလာတွေကို ကားနဲ့ ကယ်တင်ဖို့ ကြိုးစားခဲ့တဲ့ ဆယ်ကျော်သက် တချို့

လူဖြူ ကလေး ၃ ယောက်ကို မွေးစားခဲ့တဲ့ လူမည်းအမျိုးသမီး

Did you find apk for android? You can find new Free Android Games and apps.
Loading