မင်းသား ဟယ်ရီနဲ့ ဇနီးဖြစ်သူ မီဂန်တို့ဟာ တော်ဝင်မိသားစုရဲ့ တာဝန်တွေကနေ နုတ်ထွက်ပြီး တောင်အမေရိကမှာ ပိုမိုနေထိုင်ဖို့ ပြင်ဆင်နေမှုတွေကြောင့် တော်ဝင်မိသားစုအတွင်းမှာ ပြဿနာတွေ ဖြစ်ပေါ်နေခဲ့တာပါ။
ဗြိတိန်ထီးနန်းကို ဆက်ခံမယ့် မင်းသားတဦးဖြစ်တဲ့ မင်းသား ဟယ်ရီအနေနဲ့ ငွေရေးကြေးရေး ကိစ္စတွေမှာ အမှီအခို ကင်းကင်းနဲ့ နေနိုင်ဖို့ တော်ဝင်မိသားစုဝင်တွေ အဖြစ်က နုတ်ထွက်မယ်ဆိုတဲ့ သတင်းကြောင့် ဘုရင်မကြီး အပါအဝင် အခြားတော်ဝင် မိသားစုဝင်တွေကြား စိတ်ပျက်မှုနဲ့ အံ့သြမှုတွေ ဖြစ်ခဲ့ရပြီး မိသားစုစုံညီ အစည်းအဝေးအတွက် ပြင်ဆင်မှုတွေ ရှိခဲ့ပါတယ်။
အစည်းအဝေးကိုတော့ မင်သား ဟယ်ရီရဲ့ ဇနီးဖြစ်သူ မီဂန် မပါဘဲ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ အခုလို မိသားစုအတွင်း ပြဿနာတွေ ဖြစ်ပေါ်နေစဉ် လူထုရှေ့ကို ထွက်ပေါ်လာတဲ့ မင်းသား ဟယ်ရီရဲ့ ဇနီးဖြစ်တဲ့ မီဂန်ရဲ့ ဓာတ်ပုံတွေ ပျံ့နှံ့လာတာလည်း ဖြစ်ပါတယ်။
အမျိုးသမီးအရေး တက်ကြွလှုပ်ရှားသူ တဦးဖြစ်တဲ့ မီဂန်က Downtown Eastside အမျိုးသမီးရေးရာ ဌာနကို သွားရောက်ခဲ့တဲ့ပုံကို ဌာနရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ တင်ထားခဲ့တာ ဖြစ်ပါတယ်။ ဌာနမှာ မီဂန်အနေနဲ့ အမျိုးသမီးငယ်တွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ လူမှုရေး ပြဿနာတွေကို ဆွေးနွေးတိုင်ပင်ခဲ့ကြတယ်လို့ သိရပါတယ်။
အခုအချိန်မှာတော့ မီဂန်ဟာ သားဖြစ်သူ အာချီနဲ့ အတူ ကနေဒါမှာ နေထိုင်နေပြီး မကြာခင်မှာ အစည်းအဝေးတက်နေတဲ့ ခင်ပွန်းဖြစ်သူ ဟယ်ရီ ပြန်လာဖို့ကို စောင့်မျှော်နေတာလည်း ဖြစ်ပါတယ်။ မီဂန်အေနေနဲ့ လက်ရှိအချိန်မှာ သူ့ရဲ့ ရိုက်လက်စ ရုပ်ရှင်ကို ဆက်လက် ရိုက်ကူးဖို့ ကနေဒါမှာ နေထိုင်နေတာ ဖြစ်တယ်လို့ သိရပါတယ်။
ဘုရင်မကြီး အနေနဲ့ ဟယ်ရီတို့ ဇနီးမောင်နှံရဲ့ အကြံကို လက်သင့်ခံလိုက်ဖို့ စောင့်ကြည့်နေဆဲ အခြေအနေမှာ ဆိုင်းငံထားတယ်လို့ CNN သတင်းမှာ ဖော်ပြထားပါတယ်။
Ref. CNN
You may also like these stories:
ဗြိတိန်ထီးနန်းနဲ့ ဝေးရာမှာနေတော့မယ့် တော်ဝင်မင်းသားဟယ်ရီနဲ့ မီဂန်မာကယ်
တော်ဝင်မိသားစုမှ မင်းသား ဟယ်ရီ နုတ်ထွက်မယ့်ကိစ္စ မိသားစု အစည်းအဝေး ပြုလုပ်မည်
ဥရောပနိုင်ငံတွေက တော်ဝင်မိသားစုတွေရဲ့ ခရစ္စမတ် ကျင်းပပုံများ