Trend

ထိုင်းနိုင်ငံက ထုတ်လုပ်လိုက်တဲ့ Bubble Tea အနံ့နဲ့ ဘော်ဒီလိုးရှင်း

Want create site? Find Free WordPress Themes and plugins.

Mistine’s ကုမ္ပဏီက Bubble Tea ကြိုက်နှစ်သက်သူတွေ အတွက် Bubble Tea အနံ့ ပါဝင်တဲ့ လိုးရှင်းတခုကို မိတ်ဆက်ခဲ့ပါတယ်။ ဒီလိုးရှင်းဟာ Bubble Tea နဲ့ Black Tea တို့ရဲ့ ပါဝင်ပစ္စည်းတွေကို အခြေခံပြီး ထုတ်လုပ်ခဲ့တာ ဖြစ်ပါတယ်။

Milk Tea လို့ အမည်ပေးထားတဲ့ ဒီလိုးရှင်းဟာ တဘူးကို ထိုင်းဘတ် ၉၉ ဘတ်( မြန်မာကျပ်ငွေ ၅၀၀၀ ခန့်) ကျသင့်မှာ ဖြစ်တယ်လို့ ထိုင်းနိုင်ငံ အခြေစိုက် ဝက်ဘ်ဆိုက်တွေမှာ ဖော်ပြထားပါတယ်။ Black Tea မှာ ပါဝင်တဲ့ ပါဝင်ပစ္စည်းတွေဟာ အသားအရေ ပျက်စီးခြင်းနဲ့ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းတွေကို တားဆီးပေးနိုင်တယ်လို့ အမေရိကန်အေခြေစိုက် ကျန်းမာရေးသတင်းဌာနတခု ဖြစ်တဲ့  HuffPost မှာ ဖော်ပြထားပါတယ်။

နောက်ထပ် ပါဝင်ပစ္စည်းတခုဖြစ်တဲ့ နို့ဟာလည်း အသားအရေ ခြောက်သွေ့ခြင်းကို ကာကွယ်ပေးနိုင်ပြီး ကဖိန်းဓာတ်ကတော့ ချွေးပေါက်ကျယ်ခြင်းကို တားဆီးပေးနိုင်ပါတယ်။ ဒီလို Bubble Tea အနံ့ကို အခြေခံထားတဲ့ လိုးရှင်းအကြောင်းကို Mistine’s  ကုမ္ပဏီရဲ့ တရားဝင် လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားပြီး ပြန်လည်မျှဝေသူတွေ အများကြီး ရှိခဲ့ပါတယ်။

လူမှုကွန်ရက် အသုံးပြုသူတဦးက “ဒီလောက်အထိ အလွန်အကျွံ ဖြစ်စရာ မလိုပါဘူး”လို့ ဝေဖန်တဲ့ မှတ်ချက် ရေးသားခဲ့ပြီး အခြားအသုံးပြုသူတွေကလည်း “ချိုအီလွန်းတဲ့ အနံ့ကြောင့် ပုရွက်ဆိတ်တောင် ကိုယ်ပေါ်ကို တက်လောက်တယ်”

“Bubble Tea ကြိုက်တဲ့ သူတွေကတော့ ပိုကို ပိုလွန်းတယ်” ဆိုပြီး စတဲ့ မှတ်ချက်တွေကို ရေးသားမျှဝေခဲ့ကြပါတယ်။

Ref. msn.com

You may also like these stories:

Did you find apk for android? You can find new Free Android Games and apps.
Loading