၂၀၂၀ ပြည့်နှစ်မှာ ပလတ်စတစ်လျော့ချရေး အစီအစဉ်တွေကို ကမ္ဘာတဝှမ်း အများအပြားလုပ်ဆောင်လာကြရာ Colgate သွားတိုက်ဆေးကုမ္ပဏီကလည်း သွားတိုက်ဆေးဘူးတွေကို ပလတ်စတစ်အစား ပြန်လည်အသုံးချ နိုင်တဲ့ Recycle ဘူးတွေနဲ့ ပြောင်းလဲလိုက်ပါပြီ။
လူမျိုးဘာသာမရွေးအသုံးပြုနိုင်တယ်ဆိုတဲ့ အမှတ်တံဆိပ်ရရှိထားတဲ့ Colgate သွားတိုက်ဆေးဟာ ဒီလိုပြန် လည်အသုံးချ Recycle ဘူးဖြစ်အောင် ပြောင်းလဲဖို့အတွက် ငါးနှစ်လောက် အချိန်ယူခဲ့ရပါတယ်။ သွားတိုက် ဆေးဘူးတော်တော်များများ ကို ပလတ်စတစ်နဲ့ အလူမီနီယံတွေနဲ့ ပြုလုပ်တာကြောင့် ပျက်စီးဆွေးမြည့်ဖို့ ခဲ ယဉ်းကာ ပတ်ဝန်းကျင်ကို ထိခိုက်မှုတွေ ရှိပါတယ်။
ဒါကြောင့် Colgate သွားတိုက်ဆေးဘူးတွေကို Recycle ပြန်လုပ်နိုင်အောင် ပြောင်းလဲလိုက်ကြပါတယ်။ ဘူး အသစ်မှာ တော့ နွားနို့ဘူးတွေမှာသုံးတဲ့ High Density Polyethylene (HDP) ကို အသုံးပြုထားတာပါ။
“Colgate ကထုတ်တဲ့ထဲမှာ သွားတိုက်ဆေးဘူးတွေက အရေအတွက်အရမ်းများတော့ ပတ်ဝန်းကျင်ထိခိုက် မယ့် ပလတ်စတစ်တွေကို ဖယ်ထုတ်လိုက်တာပါ” လို့ Colgte-Palmolive Chief Executive ဖြစ်တဲ့ Noel Wallace က ဆိုပါတယ်။
ကုမ္ပဏီကနေ အဆိုပါဘူးအသစ် ထုတ်လုပ်ဖို့အတွက် ငါးနှစ်အချိန်ယူခဲ့ရပါတယ်။ အကြောင်းကတော့ ဘူး အသစ်ကို လုပ်မယ့် High Density Polyethylene (HDP) ဟာ အရင်ပလတ်စတစ်တွေလို ညှစ်လို့မရတာ ကြောင့် အမျိုးမျိုးထည့်သွင်း စဉ်းစားခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။
အခုဘူးအသစ်ဟာ အလွယ်တကူ ညှစ်ယူနိုင်ရမယ်၊ လိုအပ်တာတွေနဲ့ ပြည့်စုံရမယ်၊ ဈေးကွက်လိုအပ်ချက်အရ အချိန်တခုအတွင်း အများအပြားထုတ်လုပ်နိုင်ရမယ် စတဲ့အချက်တွေပေါ် အခြေခံထုတ်လုပ်ခဲ့တာဖြစ်တယ် လို့ ဆိုပါတယ်။
Colgate အမှတ်တံဆိပ် သွားတိုက်ဆေးဟာ သဘာဝပတ်ဝန်းကျင် ထိခိုက်မှုမရှိအောင် ပြင်ဆင်လာတဲ့အပြင် ထုတ်ကုန် အသစ်သစ်တွေကိုလည်း ဓာတုဆေးဝါးနည်းနိုင်သမျှ နည်းအောင်လုပ်ထားပြီး သဘာဝပစ္စည်းတွေ ကနေ အခြေခံ ထုတ်လုပ်ထားတာပါ။ ကုမ္ပဏီကထုတ်ပြန်ချက်အရတော့ သွားတိုက်ဆေးတဘူးမှာ သဘာဝ ပစ္စည်း ၉၉.၇ ရာခိုင်နှုန်းထိ ပါအောင် ထုတ်လုပ်ထားတယ်လို့ ဆိုပါတယ်။
၂၀၂၅ ခုနှစ်နောက်ဆုံးထားပြီး Colgte-Palmolive ကနေထုတ်တဲ့ ထုတ်ကုန်အားလုံးကို Recycle ဘူးတွေဖြစ် အောင် ပြောင်းလဲဖို့စီစဉ်နေပါပြီ။
Recycle ပစ္စည်းတွေပြောင်းလဲမယ့်အစီအစဉ်ဟာ Colgte-Palmolive ကုမ္ပဏီ တခုတည်း မဟုတ်ပါဘူး။ Olay Moisturizer ထုတ်လုပ်တဲ့ Procter & Gamble ကလည်း အလှကုန်ဘူးတွေကို Refill ပုံစံတွေပြောင်းလဲဖို့ စမ်းသပ်နေသလို၊ ကိုကာကိုလာ ကုမ္ပဏီကြီးကလည်း ပုလင်းနဲ့ သံဘူးတွေကို ၅၀ ရာခိုင်နှုန်းလောက် Recycle ပစ္စည်းတွေဖြစ်အောင် ပြောင်းလဲတော့မယ်လို့ ကြေညာထားပါတယ်။
ဒါ့ပြင် ၂၀၂၂ ခုနှစ်မှာ Poland Spring water ကနေလည်း တဂါလံအောက် ရေဘူးတွေကို ပြန်လည်အသုံးပြု နိုင်တဲ့ ပလတ်စတစ်ဘူးတွေနဲ့ အစားထိုးသုံးစွဲမယ်လို့ ဆိုသလို Starbucks ကလည်း ပလတ်စတစ်ပိုက်တွေ အသုံးမပြုတော့ဘဲ စက္ကူခွက်တွေကို ဒီနှစ်အကုန်ပိုင်းမှာ အစားထိုးတော့မယ်လို့ ဆိုပါတယ်။
Ref: edition.cnn
You may also like these stories:
သင်သတိမထားမိတဲ့ အရိုးအဆစ်တွေကို ထိခိုက်စေနိုင်တဲ့ အပြုအမူများ
ဆေးလိပ် မသောက်တဲ့ ဝန်ထမ်းတွေကို အလုပ်နားရက် ပိုပေးမယ့် ကုမ္ပဏီ
တောမီးဒဏ်သင့် တိရစ္ဆာန်တွေအတွက် Koala ရွှံ့ရုပ်လုပ်ပြီး အလှူငွေရှာပေးနေတဲ့ ကလေးငယ်