သမီးရည်းစားအဖြစ် စတင်တွဲတော့မယ့် စုံတွဲတွေ အနေနဲ့ ရက်သတ္တပတ် တခုမှာ ၂ကြိမ်ခန့် ဆုံတွေ့ခြင်းက ပိုမိုခိုင်မြဲတဲ့ အချစ်ရေးကို ရရှိနိုင်တယ်လို့ စိတ်ပညာရှင်တွေက ပြောကြားခဲ့ပါတယ်။ ကိုယ်ချစ်နှစ်သက်တဲ့သူနဲ့ အမြဲတွေ့ချင်လေ့ရှိတာ လူ့သဘာဝဖြစ်ပေမယ့် တပတ်မှာ ၂ကြိမ်ခန့် တွေ့ဆုံခြင်းက ဘာကြောင့် ပိုပြီးခိုင်မာတာလဲ ဆိုတဲ့ အချက်တွေကို ဖော်ပြပေးချင်ပါတယ်။
(၁) မလိုအပ်တဲ့ ချုပ်နှောင်မှုများ မရှိခြင်း
အခုမှ စတင်နေတဲ့ Relationship အနေနဲ့ ရက်သတ္တပတ်တခုမှာ ၂ကြိမ်ခန့် တွေ့ခြင်းကြောင့် မလိုအပ်တဲ့ ချုပ်နှောင်မှု ဖြစ်ပေါ်ခြေင်းကနေ တားဆီးနိုင်ပါတယ်။ အမြဲတမ်းတွေ့ဖို့အတွက်ဆိုရင် အဝတ်အစား၊ ငွေရေးကြေးရေးနဲ့ အခြားလူမှုရေး ပြဿနာတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။
(၂) ကိုယ်ပိုင်လွတ်လပ်ခွင့်ရှိခြင်း
ပါမောက္ခ Terri Orbuch ရဲ့ ပြောကြားချက်အရ ကိုယ်ပိုင်လွတ်လပ်ခွင့်မရှိတဲ့ အိမ်ထောင်တွေမှာ ကွာရှင်းမှုနှုန်း အမြင့်ဆုံးဖြစ်တယ်လို့ ဆိုပါတယ်။ တကယ်လို့ သင်က သင့်ချစ်သူနဲ့ ရေရှည်လက်တွဲသွားဖို့ ဆုံးဖြတ်ထားတယ်ဆိုရင်တော့ သူ့ရဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို နားလည်ပေးဖို့ လိုအပ်ပါတယ်။ သင်ကိုယ်တိုင်လည်း သင့်ရဲ့ ကိုယ်ပိုင်အချိန်တွေကို တန်ဖိုးထားသင့်ပြီး တယောက်ပေါ်တယောက် အရမ်းမမှီခိုဘဲ နေတတ်ရမှာ ဖြစ်ပါတယ်။
(၃) သူငယ်ချင်း ဖြစ်ခွင့်ရခြင်း
ရက်သတ္တပတ် ၁ခုမှာ ၂ကြိမ်ခန့်သာ တွေ့ဆုံခြင်းကြောင့် သင်တို့နှစ်ဦးကြားမှာ ချစ်သူချင်း သံယောဇဉ်အပြင် သူငယ်ချင်းသံယောဇဉ်ပါ တိုးလာနိုင်တယ်လို့ သိရပါတယ်။ မတွေ့တဲ့ ရက်တွေမှာ ကိုယ်လုပ်စရာရှိတာကို လုပ်နေနိုင်တာကြောင့် မိသားစုဝင်တွေကြားမှာလည်း မလိုလားအပ်တဲ့ စိတ်အနှောင့်အယှက်တွေ မဖြစ်အောင် တားဆီးနိုင်ပါတယ်။
Ref;brightside
You may also like these stories:
ကြိုက်နေတဲ့ ကောင်မလေး ပြန်မကြိုက်တာကြောင့် အိမ်ကို ဗုံးပစ်ခဲ့တဲ့ အမျိုးသား
ဆေးလိပ် မသောက်တဲ့ ဝန်ထမ်းတွေကို အလုပ်နားရက် ပိုပေးမယ့် ကုမ္ပဏီ
တရုတ်နိုင်ငံရဲ့ ပထမဆုံး စက်ရုပ် စားသောက်ဆိုင် စတင်ဖွင့်လှစ်