ခါးသေးသေးလေးတွေ၊ ပေါင်တံလှလှလေးတွေ ရရှိဖို့ ဖိုတိုရှော့ကို အသုံးပြုပြီး ဓာတ်ပုံတင်လေ့ရှိသူတွေဟာ အပြင်ဘဝမှာ မပျော်ရွှင်သူတွေ ဖြစ်နေတတ်ကြတယ်လို့ သုသေသနတခုက ဖော်ပြထားပါတယ်။
(၁) လက်တွေ့ဘဝနဲ့ ဝေးကွာခြင်း
ဓာတ်ပုံတွေကို လူမှုကွန်ရက်မှာ မတင်ခင်ပြင်ဆင်လေ့ရှိတာဟာ အနုပညာရှင်တွေမှာရော သာမန်လူတွေကြားမှာပါ ရေပန်းစားတဲ့ အရာတခုဖြစ်ပါတယ်။ အရောင်အလင်းအမှောင်လောက်ကို ပြင်တာက ကိစ္စမရှိပေမယ့် ခန္ဓာကိုယ်ကို ပြောင်းလဲသွားတဲ့ အထိ ပြင်ဆင်တတ်သူတေမှာတော့ စိတ်ပိုင်းဆိုင်ရာ ချို့တဲ့မှုတွေရှိနေနိုင်ပါတယ်။ အဲဒီလို ပြင်ဆင်လေ့ရှိသူတွေဟာ သူတို့ရဲ့ အားနည်းချက်တွေကြောင့် စိတ်ထိခိုက်နေကြသူတွေ ဖြစ်ပါတယ်။
(၂) ဆဲလ်ဖီရိုက်ခြင်းက စိတ်ထိခိုက်စရာ ဖြစ်နေခြင်း
အမျိုးသမီးတွေ အနေနဲ့ Selfie ပုံတွေ ရိုက်ခြင်းကြောင့်လည်း စိတ်ထိခိုက်မှုတွေကို ခံစားနေရတယ်လို့ အဲဒီစာတမ်းမှာ ပါရှိပါတယ်။ ဓာတ်ပုံ တခါတင်နိုင်ဖို့ ဓာတ်ပုံတွေ အများကြီး ရိုက်ရလေ့ရှိပြီး အဲဒီလို ရိုက်တဲ့ အခါမှာလည်း စိတ်မလုံခြုံမှုတွေနဲ့ကြုံနေရပြီး မင်းသမီးတွေလို ပြီးပြည့်စုံတဲ့ ရုပ်မျိုးကို ရချင်တာကြောင့် ဖိုတိုရှော့ကို အလွန်အမင်း အသုံးပြုတာတွေ လည်းရှိတတ်ပါတယ်။
(၃) ကိုယ့်ကိုယ်ကို အချိန်ပေးဖို့ လိုအပ်ခြင်း
လူမှုကွန်ရက်စာမျက်နှာမှာ အများအကြိုက်ကို လိုက်ပြီး မပျော်မရွှင်ဖြစ်နေရတဲ့ သူတွေ အနေနဲ့ စိတ်ရောဂါတွေ ပိုပြီး ဖြစ်နိုင်တယ်လို့ သိရပါတယ်။ ဒါကြောင့် အားလပ်ချိန်တွေမှာ လူမှုကွန်ရက်မှာ အချိန်ကုန်နေတာမျိုးမဟုတ်ဘဲ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ပြီး အနားယူခြင်း၊ လူမှုကွန်ရက်ကို အသုံးပြုဖြစ်ခဲ့ရင်လည်း အနားယူတဲ့ သဘောမျိုး သက်ရောက်မယ့် ဗီဒီယိုတွေ ကြည့်ရှုခြင်းနည်းနဲ့ ကုသပေးနိုင်တယ်လို့ ကျွမ်းကျင်းသူတွေက အကြံပြုထားကြပါတယ်။
Ref;brightside