Trend

သက်ရှိ သတ္တဝါငယ်တွေနဲ့ ပြုလုပ်ထားတဲ့ သော့ချိတ်များ တရုတ်နိုင်ငံမှာ ရောင်းချနေဆဲဖြစ်

Want create site? Find Free WordPress Themes and plugins.

ပင်လယ်တွင်း နေထိုင်တဲ့ လိပ်၊ ငါးစတဲ့ ရေနေသတ္တဝါတွေကို ပလတ်စတစ်အိတ် သေးသေးလေးတွေထဲ ရေထည့်ပြီး သော့ချိတ်အဖြစ် ရောင်းချမှုဟာ တရုတ်နိုင်ငံမှာ ခေတ်စားနေဆဲ ဖြစ်ပါတယ်။

အခုလို သော့ချိတ်အဖြစ် ရောင်းချမှုဟာလည်း တိရစ္ဆာန်ငယ်လေးတွေကို ဘယ်လိုမှ ထိခိုက်ခြင်း မရှိစေတဲ့အပြင် သော့ချိတ်ထဲ ထည့်ထားတဲ့ ရေထဲမှာတော့ ရေအပြင် လိုအပ်တဲ့ အာဟာရဓာတ်နဲ့ ဆားတချို့ ပါဝင်တာကြောင့် ပလတ်စတစ်အိတ် သေးသေးလေးတွေဟာ လှောင်အိမ်တခုလို မဟုတ်ဘူးလို့ ရောင်းချသူတွေဘက်က ဆိုပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ တိရစ္ဆာန်ကာကွယ်စောင့်ရှောက်တဲ့ အဖွဲ့အစည်းတွေဘက်က အငြင်းပွားစရာ တချို့ ရှိနေပြီး ဒီလို သော့ချိတ်တွေဟာ တိရစ္ဆာန်တွေကို ညှင်းပန်းနှိပ်စက်ခြင်း သက်သက်သာ ဖြစ်ကြောင်း ပြန်လည် တုန့်ပြန်ခဲ့ပါတယ်။

တရုတ်နိုင်ငံ၊ ရထား စင်္ကြန် ပလက်ဖောင်း အနီးအနားတွေမှာ ရောင်းချနေတဲ့ ဒီကီးချိန်းတွေရဲ့ ရောင်းဈေးကတော့ ၁ ဒဿမ ၅ ဒေါ်လာဖြစ်ပြီး ရှန်ဟိုင်းလို မြို့ကြီးတွေမှာတော့ ရထားဘူတာတွေရဲ့ အပြင်ဘက် လူစည်ကားရာ အရပ်တွေအထိ ပေါ်ပေါ်ထင်ထင် ရောင်းချနေတာ ဖြစ်ပါတယ်။

ပလတ်စတစ်အိတ် သေးသေးလေးတွေကို တရက် ၂ ရက်ခန့်အထိ ကိုက်ဖြတ်ရင်း တိရစ္ဆာန်ငယ်တွေ သေဆုံးမှုရှိခဲ့ကြောင်း၊ တိရစ္ဆာန်တွေအနေနဲ့ ပလတ်စတစ်အိတ်ထဲ လိုအပ်တဲ့ အာဟာရနဲ့ ဆားဓာတ်တွေ ဘယ်လောက်ထည့်ထားထား လုံလောက်တဲ့ အကျယ်အဝန်းနဲ့ လေကို မရရှိနိုင်ကြောင်း သတင်းတချို့မှာ ဖော်ပြခဲ့ပေမယ့် အခုလို ရောင်းချမှုတွေကတော့ ရှိနေဆဲ ဖြစ်ပါတယ်။


သော့ချိတ်ထဲမှာ ထည့်သွင်းထားတဲ့ သတ္တဝါ တော်တော်များများဟာ ကုန်းနေရေနေ သတ္တဝါတွေ ဖြစ်တာကြောင့် ရေထဲမှာရော ကုန်းပေါ်မှာပါ သူတို့ရဲ့ ဇီဝဖြစ်စဉ် လိုအပ်ချက်တွေက ရှိနေခဲ့တာပါ။ လူသား မဆန်တဲ့အခုလို အပြုအမူတွေကို ရှုတ်ချကန့်ကွက်မှုတွေ ရှိခဲ့ပေမယ့် တရုတ်နိုင်ငံရဲ့ နေရာဒေသတိုင်းလိုလိုမှာ ဆက်လက် ရောင်းချနေဆဲ ဖြစ်ပါတယ်။

မလေးရှားတက္ကသိုလ်ရဲ့ ဒေါက်တာ Sam Walton ကတော့ တိရစ္ဆာန်လေးတွေအနေနဲ့ ကိုက်ဖြတ်နိုင်ခြင်း မရှိရင်တောင် သူတို့ စွန့်ပစ်တဲ့ အညစ်အကြေးနဲ့ အသက်ရှူမှု စနစ်ကြောင့် သူတို့ကိုယ် သူတို့ သေဆုံးစေနိုင်တယ်လို့ ဖွင့်ဟပြောဆိုခဲ့ပါတယ်။

Ref. truththeory.com

You may also like these stories:

ခြေအတု တပ်ဆင်ထားတဲ့ ကြောင်လေး လူမှုကွန်ရက်မှာ ရေပန်းစားနေ

Dolittle ရုပ်ရှင် နောက်ဆုံး ဇာတ်ဝင်ခန်းကြောင့် အံ့အားသင့်ခဲ့ကြရတဲ့ ပရိသတ်များ

Did you find apk for android? You can find new Free Android Games and apps.
Loading