Trend

အီတလီနိုင်ငံတောင်ပိုင်းက မြို့ငယ်လေးမှာ နေအိမ် တလုံးကို ၁ ယူရိုနဲ့ ရောင်းချ

ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်ဒေသမှာမဆို နေအိမ်တအိမ်ကို ၁ ယူရို (မြန်မာငွေ ၁၆၀၀ ကျော်) နဲ့ ဝယ်ယူနိုင်ဖို့ဆိုတာ မလွယ်ကူပါဘူး။ အီတလီနိုင်ငံတောင်ပိုင်း၊ Campania ဒေသမှာရှိတဲ့ Bisaccia မြို့က နေအိမ်တွေကိုတော့ ၁ ယူရိုလောက်နဲ့ ဝယ်ယူလို့ ရနေပါပြီ။

CNN သတင်းဌာနရဲ့ ဖော်ပြချက်အရ အဲဒီမြို့လေးဟာ ၁၉၈၀ ခုနှစ်လောက်က ငလျင်ဒဏ်ကိုခံခဲ့ရပြီး လူပေါင်းများစွာက သူတို့ဒေသကို စွန့်ခွာသွားခဲ့ကြပါတယ်။ ဒါကြောင့်လည်း ဒီမြို့လေး ဆက်လက်တည်ရှိနေဖို့ အရေးကြီးနေတဲ့အတွက် အိမ်ပေါင်းများစွာကို ၁ ယူရိုလောက်နဲ့ ရောင်းချပေးသွားဖို့ ရှိနေပါတယ်။ နေအိမ်အများစုကလည်း ငလျင်ဒဏ်ကြောင့် ပျက်စီးခဲ့ရပြီး အိမ်ပြတင်းပေါက်တွေကလည်း ဖရိုဖရဲ ဖြစ်နေပါတယ်။

ဒီလိုပျက်စီးသွားတဲ့ အိမ်အလုံးပေါင်း ၉၀ ကို ရောင်းချပေးသွားဖို့ ကမ်းလှမ်းနေပါတယ်။ ဒုတိယမြို့တော်ဝန်ဖြစ်တဲ့ Francesco Trataglia ကတော့ ၁ ယူရိုတန် နေအိမ်တွေကို တဦး တယောက်တည်း ဝယ်ယူပြီး လာရောက် နေထိုင်ကြမယ့်အစား မိသားစုလိုက်ဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ် လာရောက် နေထိုင်စေလိုတဲ့ဆန္ဒ ရှိနေပါတယ်။ ဒါမှလည်း ဒီဒေသဟာ ပြန်လည် စည်ကားလာမှာပါ။

၂၀၁၉ ခုနှစ်ကလည်း အီတလီနိုင်ငံ၊ စစ္စလီကျွန်းမှာရှိတဲ့ Bivona မြို့က နေအိမ်တွေကို ၁ ဒေါ်လာနဲ့ရောင်းချဖို့ ကမ်းလှမ်းခဲ့ပါသေးတယ်။ အခုလို ရောင်းချဖို့ဖြစ်လာရတဲ့ အကြောင်းကတော့ လူငယ်အများစုဟာ မြို့ကြီးပြကြီးတွေမှာ ကောင်းမွန်တဲ့ အခွင့်အလမ်းတွေ ရရှိနိုင်အတွက်ဖြစ်တယ်လို့ Bivona လူငယ်တွေက ပြောပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀ ကထက်စာရင် Bivona မြို့မှာ နေထိုင်သူ လူဦးရေက ထက်ဝက်နီးပါး ကျဆင်းသွားခဲ့ပါတယ်။ Bivona မြို့ကလူငယ်တွေဟာ ရေကြည်ရာ မြက်နုရာဆိုသလို ထွက်ခွာသွားခဲ့ကြတဲ့အတွက် အခုချိန်မှာတော့ လူဦးရေ ၃၈၀၀ လောက်သာ ကျန်တော့တယ်လို့ Binova မြို့ရဲ့ ယဉ်ကျေးမှုကောင်စီဝင် Angela Cannizzaro က ပြောပါတယ်။

၂၀၁၉ ခုနှစ်တုန်းကလည်း စစ္စလီကျွန်းမှာရှိတဲ့ Cammarata ဒေသက နေအိမ်ပေါင်း ၁၀၀ ကျော်ကို အလကားပေးမယ်လို့ ကြေညာခဲ့ပါသေးတယ်။ ဒီနေအိမ်တွေကလည်း လူတွေ စွန့်ပစ်သွားခဲ့တဲ့ နေအိမ်တွေပါပဲ/ အခု ၂၀၂၀ ခုနှစ်မှာလည်း အီတလီနိုင်ငံတောင်ပိုင်း၊ Campania ဒေသ၊ Bisaccia မြို့က နေအိမ်တွေကို ၁ ယူရိုနဲ့ ဝယ်ယူလို့ ရနေပါပြီ။

Ref: independent

You may also like these stories:

ဦးနှောက်ကင်ဆာ ဖြစ်နေတဲ့အချိန်အတွင်း သစ်ပင်ပေါင်း ၃၀,၀၀၀ ကျော် စိုက်ခဲ့တဲ့ အမျိုးသမီး

ကူးစက်မှု မြန်ဆန်လာတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်ခရီးသွားတွေကို အထူးကြပ်မတ်ဖို့လို

သက်ရှိ သတ္တဝါငယ်တွေနဲ့ ပြုလုပ်ထားတဲ့ သော့ချိတ်များ တရုတ်နိုင်ငံမှာ ရောင်းချနေဆဲဖြစ်

Loading