Trend

Keto Diet ပြုလုပ်ခြင်းကြောင့် ရရှိနိုင်တဲ့ ကောင်းကျိုးများ

Want create site? Find Free WordPress Themes and plugins.

၂၀၁၉ နှစ်စပိုင်းလောက်က စတင်ပြီး အမျိုးသမီးများကြားမှာ ရေပန်းစားလာတဲ့ ကိုယ်အလေးချိန်လျော့ချနည်းတခုကတော့ Keto Diet ပြုလုပ်ခြင်းပဲ ဖြစ်ပါတယ်။

Keto Diet နဲ့ အခြား Diet တွေရဲ့ ကွာခြားချက်ကတော့ Keto Diet ပြုလုပ်သူတွေဟာ ကာဗွန်ဟိုက်ဒရိတ် နည်းနည်း၊ အဆီဓာတ်များများနဲ့ ပရိုတင်းဓာတ်များများကို စားသုံးရတာဖြစ်ပါတယ်။ ဒီလို စာသုံးခြင်းကြောင့် ခန္ဓာကိုယ်ဟာ ဂလူးကိုစ့်ဓာတ် နည်းသွားပြီး အဆီများကို ချေဖျက်ဖို့ အလုပ်ပိုလုပ်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီတခါမှာတော့ Keto Diet ပြုလုပ်ခြင်းကြောင့် ရရှိနိုင်မယ့် ကောင်းကျိုးတွေကို ဖော်ပြပေးချင်ပါတယ်။

Keto Diet ဆိုတာ ဘာလဲ

Keto ဆိုတာ Ketogenic ရဲ့ အတိုကောက်ဖြစ်ပြီး အဓိပ္ပါယ်ကတော့ ဆာလောင်တဲ့အခါ ခန္ဓာကိုယ်မှာ သိမ်းဆည်းထားတဲ့ အဆီကို ချေဖျက်ပြီး စွမ်းအင်ထုတ်ခြင်း ဖြစ်ပါတယ်။ မြန်မြန်ဆန်ဆန် ကိုယ်အလေးချိန် လျှော့ချနိုင်တဲ့ နည်းလမ်းဖြစ်တာကြောင့် ကောင်းမွန်တဲ့ နည်းလမ်းတခုဖြစ်ပြီး ဆီးချိုရောဂါရှိသူနဲ့ အတက်ရောဂါ Seizures ရှိသူတွေ အတွက် အထူးသင့်တော်တဲ့ နည်းလမ်းလည်း ဖြစ်ပါတယ်။

ကိုယ်အလေးချိန်

Keto Diet လုပ်ခြင်းကြောင့် ကိုယ်အလေးချိန်လျင်မြန်စွာ လျော့ကျနိုင်ပါတယ်။ ကာဗွန်ဟိုက်ဒရိတ်ကို လျော့ပြီး စားသုံးတာကြောင့် ရေများများသောက်ရပြီး ရေက ကိုယ်အလေးချိန်ကို လျှော့ချရာမှာ ကူညီပေးပါတယ်။ အဆီဓာတ်ကိုလည်း စားသုံးရတာကြောင့် ဗိုက်အဆာခံစရာ မလိုဘဲ ကိုယ်အလေးချိန် ကျနိုင်တာလည်း ဖြစ်ပါတယ်။

အစာစားချင်စိတ်

Keto Diet ကို လူအများနှစ်သက်ရတဲ့ အကြောင်းအရင်းကတော့ အစာစားချင်စိတ်ကို လျှော့ချပေးနိုင်လို့ ဖြစ်ပါတယ်။ Keto Diet နည်းကျ အစားစားသူတွေဟာ လိုအပ်တဲ့ စွမ်းအင်တွေကို ရရှိပြီးဖြစ်လို့ မလိုအပ်ဘဲ ဖြစ်ပေါ်လာတဲ့ အစာစားချင်စိတ် ပျောက်ဆုံးသွားတာ ဖြစ်ပါတယ်။

ဘာတွေ စားရတာလဲ

Keto Diet ပြုလုပ်သူတွေဟာ အဓိကအားဖြင့် အမဲသား၊ ဆိတ်သား၊ ကြက်ဥ၊ဘဲဥ စတာတွေကို ကန်စွန်းရွက်၊ ဟင်းနုနွယ်စတဲ့ အသီးအရွက်တွေနဲ့ စားသုံးရတာ ဖြစ်ပါတယ်။ အဆီများတဲ့ အစားအသောက်တွေကို စားသောက်ရတဲ့ Diet ဖြစ်တာကြောင့် ချိစ့်၊ ထောပတ်၊ နေကြာစေ့၊ သီဟိုရ်စေ့ စတဲ့ အစေ့အဆံတွေနဲ့ ထောပတ်သီး၊ ဘယ်ရီသီး စတာတွေကို စားသောက်ရတဲ့ နည်းလမ်း ဖြစ်ပါတယ်။

You may also like these stories:

တရုတ်နှစ်သစ်ကူး ပွဲတော်ကို ခမ်းခမ်းနားနား ကျင်းပလေ့ရှိတဲ့ နေရာများ

သက်ရှိ သတ္တဝါငယ်တွေနဲ့ ပြုလုပ်ထားတဲ့ သော့ချိတ်များ တရုတ်နိုင်ငံမှာ ရောင်းချနေဆဲဖြစ်

ကူးစက်မှု မြန်ဆန်လာတဲ့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်ခရီးသွားတွေကို အထူးကြပ်မတ်ဖို့လို

Did you find apk for android? You can find new Free Android Games and apps.
Loading