အေးချမ်းပြီး ငွေကြေး မှီခိုမှုကင်းတဲ့ ဘဝကို တည်ထောင်ချင်တဲ့အတွက် တော်ဝင်မိသားစုက နုတ်ထွက်ခွင့် ရပြီးနောက် ဇနီးဖြစ်သူ မီဂန်ရှိရာ ကနေဒါနိုင်ငံကို ရောက်ရှိလာတဲ့ မင်းသား ဟယ်ရီရဲ့ ဓာတ်ပုံများ လူမှုကွန်ရက်မှာ ပျံ့နှံ့နေပါတယ်။ ဟယ်ရီဟာ ဘုရင်မကြီး ပေးအပ်ထားတဲ့ မြို့စားဘွဲ့ကိုတော့ ပြန်လည် နှင်းအပ်စရာ မလိုပေမယ့် တော်ဝင် အသိုင်းအဝိုင်းမှာတော့ ပါဝင်ခြင်း မရှိတော့ဘူးလို့ သိရပါတယ်။
ဟယ်ရီ ရောက်လာမယ့်နေ့ မနက်ခင်းမှာ ဇနီးဖြစ်သူ မီဂန်ဟာ သားလေး အာချီကို ချီထားပြီး ခွေး နှစ်ကောင်ကို ကြိုးဆွဲကာ တောအုပ်အတွင်း ပြုံးပြီး လမ်းလျှောက်နေတဲ့ ဗီဒီယိုဖိုင်လည်း ထွက်ပေါ်ခဲ့ပါသေးတယ်။
ညပိုင်းမှာ ဟယ်ရီက လေယာဉ်နဲ့ ရောက်ရှိလာပြီး ကျောပိုးအိတ် တလုံးသာ လွယ်ထားပြီး အခြံအရံ မပါဘဲ တယောက်တည်း လေယာဉ်ပေါ်က ပြုံးပျော်ပြီး ဆင်းလာတဲ့ ဟယ်ရီရဲ့ ဓာတ်ပုံကို သတင်းထောက်များက ရရှိခဲ့တာ ဖြစ်ပါတယ်။
မိခင်ဖြစ်သူ ဒိုင်ယာနာမင်းသမီးဟာ သတင်းထောက်များကို ရှောင်ရှားဖို့ ကားအမြန်မောင်းရာမှ သေဆုံးခဲ့ရတာကြောင့် ဟယ်ရီဟာ ကလေးဘဝကတည်းက သတင်းထောက်များနဲ့ အဆင်မပြေသူ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ရက်များက ဟယ်ရီဟာ မိသားစုကို ကနေဒါမှာ ထားခဲ့ပြီး တော်ဝင် မိသားစုအတွင်းမှာ ဖြစ်နေတဲ့ ပြဿနာများကို ဖြေရှင်းက နုတ်ထွက်ခွင့်ကို တောင်းခံခဲ့တာ ဖြစ်ပါတယ်။ ဘုရင်မကြီးထံက ခွင့်ပြုချက်ရပြီးနောက်မှာတော့ ဟယ်ရီဟာ အစ်ကိုဖြစ်သူရဲ့ Buckingham Palace Reception ကိုတောင် တက်ရောက်ခြင်းမရှိဘဲ မိသားစုဆီကို ပြန်လာခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
Ref. CNN, BBC
You may also like these stories:
အခြားရွေးချယ်စရာ လမ်းမရှိဘူးလို့ တော်ဝင်မင်းသား ဟယ်ရီ ပြော
တော်ဝင်မိသားစုရဲ့ အကွဲအပြဲ ဇာတ်လမ်းတွေဖြစ်နေချိန် ပထမဆုံးအကြိမ် လူလုံးပြလာတဲ့ မီဂန်
တော်ဝင်မိသားစုမှ မင်းသား ဟယ်ရီ နုတ်ထွက်မယ့်ကိစ္စ မိသားစု အစည်းအဝေး ပြုလုပ်မည်