Trend

Bubble Tea ထဲက Boba အလုံး အူထဲပိတ်နေလို့ ဆေးရုံတက်ခဲ့ရတဲ့ ကောင်လေး

Want create site? Find Free WordPress Themes and plugins.

Bubble Tea ကြိုက်တဲ့ လူတွေဟာ Bubble Tea ထဲမှာ ပါဝင်တဲ့ Boba လုံးလေးတွေကို ကိုက်ပြီး စားရတာကို ကြိုက်နှစ်သက်ကြပါတယ်။ တရုတ်နိုင်ငံမှာ နေထိုင်တဲ့ အသက် ၁၃ နှစ် အရွယ် ဆယ်ကျော်သက် ကောင်လေး တဦးဟာ Bubble Tea ထဲက ပုလဲသီးအချို့ အူအတွင်းမှာ ပိတ်မိလို့ ဆေးရုံတက်ခဲ့ရတယ်လို့ သိရပါတယ်။

အဲဒီကောင်လေးဟာ Bubble Tea ကို နေ့တိုင်းနီးပါး သောက်လေ့ရှိပြီး ရုတ်တရက် ဗိုက်နာလာတာကြောင့် ဆေးရုံကို သွားခဲ့ရပြီး ကလေးအထူးကု ဆရာဝန်နဲ့ ပြခဲ့ရပါတယ်။ ဆရာဝန် Zhang Haiyang က ကုသပေးခဲ့တာဖြစ်ပြီး ဆရာဝန်က Bubble Tea ကြိုက်သူတွေကို သတိထားဖို့ မှာကြားခဲ့ပါတယ်။

“မနက် ၃ နာရီလောက်က အရေးပေါ်လူနာတယောက် ရောက်လာတယ်။ ဝမ်းဗိုက်နာကျင်လို့ ရောက်လာတာပါ။ ဓာတ်မှန် ရိုက်ကြည့်တော့ အူထဲမှာ တခုခု ပိတ်ဆို့နေတာ တွေ့ရတယ်။ အူထဲကို စစ်ကြည့်တော့ အလုံးမာမာလေး ၂ လုံးကို တွေ့ရတယ်။ အဲဒီ အလုံးလေးတွေက အူလမ်းကြောင်းကို ပိတ်ဆို့နေတာပါ”လို့ ဆရာဝန် Zhang Haiyang က ပြောပါတယ်။

အစောပိုင်းမှာတော့ ဆရာဝန်က ဗိုက်ကိုခွဲပြီး ကုသမှုပြုလုပ်ဖို့ စိတ်ကူးခဲ့ပေမယ့် နောက်ပိုင်းမှာတော့ သဘာဝအတိုင်း ဝမ်းထဲပါအောင် ကူညီပေးခဲ့ပါတယ်။ လူနာရဲ့ အဖြစ်ကို အခြေခံပြီး ဆရာဝန်ကြီးက Bubble Tea သောက်ရင် ပုလဲသီးတွေကို ဝါးစားဖို့နဲ့ နေ့စဉ်ရက်ဆက် မသောက်ကြဖို့ တိုက်တွန်းခဲ့တယ်လို့ သိရပါတယ်။

Ref. ladbible.com

You may also like these stories:

ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူကို ဟောင်ကောင်မှာ ပထမဆုံးအကြိမ် တွေ့ရှိ

ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်ခရီးသွားများကို ကမ္ဘောဒီးယားအစိုးရ အထူး စောင့်ကြည့်မည်

တရုတ်နိုင်ငံက စတင်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ် လူပေါင်း ရာနဲ့ချီပြီး ဆက်လက် ကူးစက်နေ

Did you find apk for android? You can find new Free Android Games and apps.
Loading