ယနေ့ခေတ် လူနေမှုဘဝမှာ စမတ်ဖုန်းတွေကို နေ့စဉ် အသုံးပြုလာကြပါတယ်။ စမတ်ဖုန်း အသုံးပြုခြင်းဟာ ကောင်းကျိုးတွေ ရှိစေတယ် ဆိုပေမယ့် သတိမထားမိဘဲ ပြုလုပ်လိုက်မိတဲ့ အမူအကျင့်တွေကနေ ရေရှည် ကျန်းမာရေးကို ထိခိုက်စေနိုင်လောက်တဲ့ အရာတွေ ရှိပါတယ်။ ဒီလို ပြုလုပ်မိတတ်တဲ့ အမူအကျင့်တွေကို သတိထားဆင်ခြင်နိုင်အောင် ကျန်းမာရေး ဗဟုသုတအနေနဲ့ ဖော်ပြပေးချင်ပါတယ်။
(၁) ဖုန်းကို အနီးအနားမှာ ထားအိပ်ခြင်း
အိပ်စက်တဲ့အခါ ဖုန်းကို အနီးအနားမှာ ထားအိပ်တာဟာ ဖုန်းထဲကထွက်တဲ့ လှိုင်းတွေကြောင့် ဦးနှောက်ပေါ် သက်ရောက်မှုတွေ ဖြစ်စေပါတယ်။ ဖုန်းက ထွက်တဲ့ ရေဒီယိုလှိုင်းတွေဟာ အိပ်စက်နေချိန်ကို အနှောင့်အယှက်ဖြစ်ပြီး အိပ်ရာက နိုးတဲ့အခါမှာလည်း ကြည်ကြည်လင်လင် မရှိတာ၊ အိပ်ရေး မဝသလို ခံစားရတာမျိုးကို ဖြစ်စေနိုင်ပါတယ်။
(၂) ဖုန်းကို အရေပြားနဲ့ နီးနီးကပ်ကပ် ထားလွန်းခြင်း
ဖုန်းပြောတဲ့အခါမှာ နားရွက်နဲ့ အလွန်အကျွံ နီးနီးကပ်ကပ် ထားကာ ပြောတာဟာ အချိန်ကြာလာတာနဲ့ အမျှ ဖုန်းက ပူလာပြီး အရေပြားကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့်မို့လို့ ဖုန်းကို ဘောင်းဘီအိတ်ထဲ ထည့်ထားတာမျိုးတွေ၊ အသုံးပြုမနေဘဲ လက်ထဲကြာကြာ ကိုင်ထားတာမျိုးတွေကို သတိထားသင့်ပါတယ်။
(၃) ဖုန်းကို အချိန်ကြာကြာ အသုံးပြုခြင်း
ဖုန်းကို အချိန်ကြာကြာ အသုံးပြုတာဟာ အိပ်ချင်စိတ်ကို လျော့နည်းစေပြီး ဖုန်းကထွက်တဲ့ အလင်းတန်းတွေဟာ မျက်စိ အမြင်အာရုံကိုလည်း ထိခိုက်စေနိုင်ပါတယ်။
(၄) ခေါင်းကို ငုံ့လွန်းပြီး အသုံးပြုခြင်း
ဖုန်းအသုံးပြုတဲ့အခါ ခေါင်းကို ငုံ့လွန်ပြီး ကိုယ်နေဟန်ထား မှားယွင်းစွာ အသုံးပြုတာကြောင့် ရေရှည်မှာ လည်ပင်းရိုးပေါ် ဖိအားတွေ များလာပြီး နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေ ဖြစ်ပေါ်လာနိုင်ပါတယ်။ ဒါကြောင့်မို့လို့ ဖုန်းအသုံးပြုတဲ့အခါ လည်ပင်းရိုးကို ခပ်မတ်မတ် အနေအထားနဲ့ အသုံးပြုသင့်ပါတယ်။
Ref. brightside.me
You may also like these stories:
HTC က Meizu နဲ့ Gionee ကို မူပိုင်ခွင့်ချိုးဖောက်မှုဖြင့် တရားစွဲဆို
Realme Buds Air ကြိုးမဲ့နားကြပ်နဲ့ Realme 5i စမတ်ဖုန်းတို့ကို မြန်မာနိုင်ငံမှာ မိတ်ဆက်
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုများကြောင့် ဝူဟန်မြို့တွင် ပြုလုပ်မည့် ဖျော်ဖြေပွဲများကို ရွှေ့ဆိုင်း