အာကာသအတွင်းမှာ မုန့်ဖုတ်တဲ့ အချိန်ဟာ ကမ္ဘာပေါ်မှာထက်ပိုပြီး ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။ ချောကလက်အဆံတွေနဲ့ ဖုတ်ထားတဲ့ ကွတ်ကီးအတွက် လိုအပ်တဲ့ ပစ္စည်းတွေကို DoubleTree by Hilton က စီစဉ်ပေးခဲ့ပြီး ကွတ်ကီးဖုတ်ဖို့ လိုအပ်တဲ့ ရှေ့ပြေးမီးဖိုကိုတော့ Zero G oven က ပြုလုပ်ပေးခဲ့တယ်လို့ သိရပါတယ်။
နိုင်ငံတကာအာကာသစခန်း (ISS) ရဲ့ ကြီးကြပ်ကွပ်ကွဲရေးမှူး Luca Parmitanoက နာဆာက အာကာသယာဉ်မှူး Christina Koch ရဲ့ အကူအညီနဲ့ ISS မှာ ကွတ်ကီးဖုတ်တဲ့ စမ်းသပ်မှုကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာပေါ်မှာ ကွတ်ကီးဖုတ်ချိန်ဟာ မိနစ် ၂၀ ခန့်သာ ကြာမြင့်ပေမယ့် အာကာသအတွင်းမှာတော့ မိနစ် ၁၂၀ မှ ၁၃၀ အတွင်း ကြာမြင့်ခဲ့တယ်လို့ သိရပါတယ်။
အာကာသယာဉ်မှူးများရဲ့ ပြောကြားချက်အရ ပထမဆုံး ကွတ်ကီးကလွဲလို့ ကျန်တဲ့ ကွတ်ကီးတွေကို မီးဖိုအတွင်းက ထုတ်တဲ့အခါမှာ ကွတ်ကီးအနံ့ကို ရရှိတယ်လို့ သိရပါတယ်။
“ကျနော့် တကိုယ်တည်း အတွေးနဲ့ဆိုရင်တော့ ကွတ်ကီးကို ဖုတ်နိုင်တာဟာ အိမ်နဲ့ပိုပြီး နီးစပ်သွားသလိုပါပဲ၊ အိမ်နဲ့ အဆက်အသွယ် ပြန်ရသလို ခံစားလိုက်ရတယ်”လို့ အာကာသယာဉ်မှူး Massimino က ပြောပါတယ်။
အာကာသအတွင်းမှာ ပြုလုပ်ခဲ့တဲ့ ကွတ်ကီး ၃ ခုကို ဇန်နဝါရီလ ၇ ရက်နေ့က ကမ္ဘာမြေပြင်ပေါ်ကို SpaceX Dragon ယာဉ်နဲ့ ပြန်လည် ပို့ပေးခဲ့ပြီး အစားအစာဆိုင်ရာ သိပ္ပံပညာရှင်တွေက စားသုံးဖို့ သင့်လျော်ခြင်း ရှိ၊ မရှိကို လေ့လာသွားမှာဖြစ်တယ်လို့ သိရပါတယ်။
Ref. Time, Space