သိပ္ပံပညာရှင်အဖွဲ့တဖွဲ့ဟာ ခေတ်မီနည်းပညာတွေကို အသုံးပြုပြီး လွန်ခဲ့တဲ့ နှစ် ၃၀၀၀ ကျော်က ဘုန်းကြီးတပါးရဲ့အသံကို ပြန်လည်ဖန်တီးခဲ့ပါတယ်။ Nesyamun (နက်စ်ရာမန်)လို့ ခေါ်တဲ့ အဲဒီဘုန်းကြီးက ဘီစီ၁၀၉၉ နဲ့ ၁၀၆၉ ခုနှစ်အတွင်းမှာ အသက်ရှင်နေထိုင်ခဲ့တာဖြစ်ပြီး လွန်ခဲ့တဲ့ နှစ် ၃၀၀၀ခန့်က သူ့ရဲ့ ရုပ်အလောင်းကို မပုပ်သိုးအောင် မံမီအဖြစ် စီမံထားခဲ့တာဖြစ်ပါတယ်။
သုသေသနပြုလုပ်သူတွေဟာ လည်မျိုအသံပြွန်အတုတခုကို ဖန်တီးပြီး 3D အသံအိုးတခုနဲ့ ပေါင်းစပ်ကာ သရသံတခုကို ထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ အဲဒီအသံဟာ သိုးအော်သံနဲ့ ဆင်တူတယ်လို့ သိရပါတယ်။ မံမီရုပ်အတွက် ပြုလုပ်တဲ့ အသံလည်မျိုပြွန်အတုကို စကားပြောနိုင်ခြင်း မရှိတဲ့သူတွေမှာ အသုံးပြုလေ့ရှိပါတယ်။
နက်စ်ရာမန်ရဲ့ ရုပ်အလောင်းဟာ မပျက်စီးအောင် သိမ်းဆည်ထားတာဖြစ်လို့ သုသေသနပြုလုပ်သူတွေ အနေနဲ့ ဆေးရုံမှာ သုံးတဲ့ Scanner တွေကို အသုံးပြုပြီး လည်ချောင်း၊ ပါးစပ်နဲ့ အသံအိုးတို့ရဲ ပုံစံတွေ တိုင်းတာဖတ်ရှုကာ ပြန်လည်ပုံဖော်ခဲ့တာဖြစ်ပါတယ်။
” လွန်ခဲ့တဲ့ နှစ် ၃၀၀၀ ခန့်က သေဆုံးခဲ့သူ တယောက်ရဲ့ အသံကို ပြန်ပြီး ကြားရတာဟာ တကယ်ကို စိတ်လှုပ်ရှား စရာပါပဲ။ ကျနော်တို့အနေနဲ့ သူ့ရဲ့ အခေါင်းပေါ်မှာ ရေးထားတဲ့ ဆန္ဒတွေကို ပြန်လည်အကောင်အထည် ဖော်ပေးတာ ပါ ” လို့ သုသေသနပြုလုပ်သူ ပါမောက္ခ Fletcher က ပြောပါတယ်။
ရှေးအီဂျစ်ရုပ်အလောင်းတခုရဲ့ အသံကို ပြန်ပြီး ဖော်ထုတ်နိုင်ခဲ့တာကြောင့် နက်စ်ရာမန်ရဲ့ ရုပ်အလောင်းထားရှိရာ ပြတိုက်ဟာ အလည်အပတ်လာသူတွေကို ပိုပြီး ဆွဲဆောင်နိုင်မှာ သေချာနေပါတယ်။
Ref;BBC
You may also like these stories:
အမေရိကန်နိုင်ငံ Potter Park တိရစ္ဆာန်ရုံမှာ မျိုးတုန်းတော့မယ့် ကြံ့နက်လေးတကောင် မွေးဖွား
ထုတ်လုပ်ခဲ့တဲ့ ရုပ်ရှင်ကားတွေမှာ ငွေကြေးရှုံးခဲ့တဲ့ ဇာတ်ကားတွေလည်း ရှိတယ်လို့ မိုးဟေကို ပြော