လူအများအပြားကို ထိတ်လန့်စေတဲ့ ရုပ်သံဖိုင်တခု လူမှုကွန်ရက်စာမျက်နှာမှာ ပျံ့နှံ့နေပါတယ်။ အဲဒီဗီဒီယိုဖိုင်ကတော့ ရုရှားနိုင်ငံမှာ အမျိုးသမီးတဦးဟာ တိုက်ခန်းတခုရဲ့ ၉လွှာကနေ ပြုတ်ကျပြီး အောက်ကို ရောက်တဲ့ အခါမှာ ဘာမှ မဖြစ်သလို လမ်းလျှောက်သွားခဲ့တဲ့ ဗီဒီယိုဖြစ်ပါတယ်။
ဒီဗီဒီယိုဖိုင်ကို ရုရှားနိုင်ငံက လူမှုကွန်ရက် အသုံးပြုသူတဦးက တင်ထားခဲ့တာဖြစ်ပြီး ကြည့်ရှုသူ သန်းနဲ့ချီရှိခဲ့ပါတယ်။ ဗီဒီယိုအတွင်းက အမျိုးသမီးဟာ ၉လွှာက ပြုတ်ကျပြီး နောက်မှာ နှင်းများထဲက ထပြီး အိမ်နီးချင်းတွေကို လူနာတင်ယာဉ်ခေါ်ပေးဖို့ ပြောခဲ့တယ်လို့ သိရပါတယ်။
ဒေသခံသတင်းများရဲ့ ဖော်ပြချက်အရ အဲဒီအမျိုးသမီးကို နီးစပ်ရာဆေးရုံတခုကိုပို့ပေးခဲ့ကြတယ်လို့ ဆိုပါတယ်။ ၉လွှာကနေ အောက်ဆုံးထပ်ကို ပြုတ်ကျပြီးနောက် စက္ကန့်ပိုင်းအကြာမှာ ထလမ်းလျှောက်ခဲ့တာကြောင့် လူအများက အံ့သြခဲ့ကြတာဖြစ်ပါတယ်။ ဆရာဝန်များရဲ့ ပြောကြားချက်အရ အဲဒီအမျိုးသမီးဟာ ကံကောင်းစွာနဲ့ပဲ အရိုးများ ကျိုးခြင်းမရှိခဲ့ဘူးလို့ သိရပါတယ်။
အခုလို ၉လွှာက ပြုတ်ကျတာနဲ့ ပတ်သက်ပြီး တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေကြပြီး ပြုတ်ကျချိန်မှာ အမျိုးသမီးဟာ တယောက်တည်းဖြစ်နေဟန်တူတယ်လို့ ဗီဒီယိုကို ရိုက်ကူးထားသူက ပြောပါတယ်။ အခုလို ၉လွှာက ကျပြီး ဘာမှ မဖြစ်သွားတဲ့ အမျိုးသမီးနဲ့ ပတ်သက်ပြီး လူမှုကွန်ရက်အသုံးပြုသူတွေကြားမှာတော့ ဝေဖန်သံတွေနဲ့ ဆူညံနေတယ်လို့ သိရပါတယ်။
Ref;.republicworld.com
လွန်ခဲ့တဲ့ နှစ် ၃၀၀၀ က မံမီရုပ်အလောင်းရဲ့ အသံကို သိပ္ပံပညာရှင်များ ပြန်လည်ဖန်တီး
ခွဲစိတ်ကုသပြီးတဲ့ ကလေးတွေရဲ့ ဒဏ်ရာမှာ အရုပ်လေးတွေ ကပ်ပေးတဲ့ ဆရာဝန်