Trend

အပြင်သွားနေချိန် ကလေးမငိုအောင် ကတ်ထူစက္ကူနဲ့ ပုံထုတ်ပြီး ထောင်ထားခဲ့တဲ့ မိခင်

Want create site? Find Free WordPress Themes and plugins.

သားသမီးတွေဟာ မိခင်တွေကို မမြင်ရတာနဲ့ ချက်ချင်းငိုလေ့ရှိပါတယ်။ အထူးသဖြင့် အရမ်းငယ်လွန်းတဲ့ အရွယ်တွေမှာ မိခင်ဟာ သူတို့မျက်စိရှေ့က မခွာတမ်းနေပေးရတဲ့ အထိပါပဲ။ အပေါ့အပါးသွားဖို့တောင် အချိန်လုပြီး နေထိုင်နေရတဲ့ ဂျပန်နိုင်ငံက မိခင်တဦးကတော့ သူမရဲ့သားလေးကို ထိန်းဖို့ နည်းလမ်းကောင်းတခုကို တွေ့ရှိခဲ့ပါတယ်။ အဲဒါကတော့ သူမရဲ့ အရွယ်အစားရှိတဲ့ ကတ်ထူအရုပ်တခုကို ထားတာပဲဖြစ်ပါတယ်။

Nezi Seto လို့ အမည်ရတဲ့ အဲဒီအမျိုးသမီးဟာ သူမအိမ်မှာ ကြုံတွေ့နေရတဲ့ ပြဿနာကို ဖြေရှင်းလိုက်တဲ့ နည်းလမ်းကို  လူမှုကွန်ရက်စာမျက်နှာမှာ ရေးသားခဲ့တာဖြစ်ပါတယ်။ သူမရဲ့ ပုံကို သူမအရွယ်အစားအတိုင်း ကတ်ထူစက္ကူနဲ့ ထုတ်ခဲ့တာဖြစ်ပါတယ်။ အဲဒီလို လူပုံစံအရွယ်အစားရှိတဲ့ အရုပ်တွေကို အနုပညာရှင်တွေနဲ့ ပွဲတွေမှာသာ သုံးလေ့ရှိပေမယ့် Nezi Seto ကတော့ ကလေးထိန်းဖို့ အသုံးပြုခဲ့တာဖြစ်ပါတယ်။

 “Big Mommy” လို့ခေါ်တဲ့ လူအရွယ်အစားရှိ အရုပ်တွေကို ဝန်ဆောင်မှုကုမ္ပဏီတခုကတဆင့် ပြုလုပ်ခဲ့တာဖြစ်ပြီး ထိုင်နေတဲ့ ပုံစံရော မတ်တပ်ရပ်နေတဲ့ ပုံစံကိုပါ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ သားဖြစ်သူအနေနဲ့ ဘယ်နေရာရောက်ရောက် အမေကို တွေ့နေရအောင် အိမ်အတွင်းမှာ ထားထားတယ်လို့ သိရပါတယ်။

သူမဟာ လိုအပ်တဲ့ အချိန်တွေတိုင်း သူမရဲ့ အရွယ်အစားရှိတဲ့ ပုံတူကို အိမ်အတွင်းမှာ ထားပြီး လုပ်လေ့ရှိလို့ အခုဆိုရင် အလုပ်တွေက အချိန်တိုအတွင်းမှာ ပြီးစီးအောင် ပြုလုပ်နိုင်တယ်လို့ Nezi Seto ရဲ့ လူမှုကွန်ရက်စာမျက်နှာမှာ တင်ထားပါတယ်။

Ref;Brightside

You may also like these stories:

Greta Thunberg အကြောင်း မှတ်တမ်းရုပ်ရှင် ရိုက်ကူးဖို့ Hulu ရုပ်သံလိုင်း စီစဉ်နေ

ဦးခေါင်းဒဏ်ရာ ရရှိပြီးနောက် နေ့ရက်တိုင်းကို ဇွန်လ ၁၁ ရက်နေ့လို့ ထင်နေတဲ့ ကျောင်းသူ

Did you find apk for android? You can find new Free Android Games and apps.
Loading