Trend

ဘဏ်အကောင့်ထဲ မှားဝင်လာတဲ့ ငွေတွေကို မယူဘဲ ပိုင်ရှင်ကို ရှာဖွေပြန်ပေးခဲ့တဲ့ မိန်းကလေး

Want create site? Find Free WordPress Themes and plugins.

သာမန်အတိုင်းဆိုရင် လူတွေဟာ ကိုယ့်ရဲ့ ဘဏ်အကောင့် ဒါမှမဟုတ် ဖုန်းတွေထဲကို ဝင်လာလေ့ရှိတဲ့ သူများရဲ့ ပိုက်ဆံတွေကို ပြန်ပြီး ပေးလေ့ မရှိကြပါဘူး။ တော်တော်များများက သူတို့ရဲ့ ဘဏ်အကောင့်ထဲ မှားပြီးဝင်လာတဲ့ ပိုက်ဆံကို ပျော်ရွှင်စွာနဲ့ပဲ သုံးပစ်လေ့ရှိတာပါ။ ဒါပေမဲ့ မလေးရှား နိုင်ငံသူ မိန်းကလေး တယောက်တော့ အားလုံးနဲ့ ခြားနားတဲ့ အလုပ်တခုကို လုပ်ခဲ့ပါတယ်။

မလေးရှားအခြေစိုက် သတင်းဌာနတွေရဲ့ဖော်ပြချက်အရ သြစတြေးလျနိုင်ငံမှာ လူမှုဖူလုံရေးလုပ်ငန်း ဘာသာရပ်နဲ့ ပညာသင်ကြားနေတဲ့ အသက် ၂၆ နှစ်အရွယ် မိန်းကလေး၊ Wendy Lim ဟာ သူ့ရဲ့ ဘဏ်အကောင့်ထဲ မှားယွင်းပြီး ဝင်လာတဲ့ မလေးရှားရင်းဂစ် ၁၆၀၀ (မြန်မာကျပ်ငွေ ၅ သိန်း ၇ သောင်းကျော်) ကို ပြန်လည်ပေးဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။

Wendy Lim ဟာ မှားယွင်းဝင်လာတဲ့ ပိုက်ဆံကို ပြန်ပေးဖို့ ၆ လကြာ ပိုင်ရှင်ကို ရှာဖွေခဲ့တယ်လို့ သိရပါတယ်။ ပိုက်ဆံမှားယွင်း ထည့်ပေးမိတဲ့ သူက Mohamad Azim Mohd Nor ဖြစ်ပြီး သူက Wendy Lim အမည်ရှိတဲ့ ဘဏ်အကောင့် ပိုင်ရှင်ကို လက်လှမ်းမီသလောက် လိုက်ရှာနေခဲ့တယ်လို့ ဆိုပါတယ်။

Mohamad Azim Mohd Nor ဟာ လူမှုကွန်ရက် စာမျက်နှာပေါ်မှာလည်း အင်တာနက် အသုံးပြုသူတွေရဲ့ အကူအညီနဲ့ ရှာဖွေမှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။ သူဟာ လူမှုကွန်ရက် စာမျက်နှာမှာ ပိုက်ဆံကို မှားယွင်းပြီး လွှဲမိခဲ့တာဖြစ်ကြောင်း၊ ပြန်ပြီး ဖျက်ဖို့ ကြိုးစားချိန်မှာ ဘယ်လိုမှ လုပ်လို့ မရတော့ကြောင်းနဲ့ Wendy Lim ဆိုတဲ့ အကောင့်ပိုင်ရှင်ကို သိပါက အကြောင်းကြားပေးစေလိုကြောင်း စတဲ့ စာတွေကို ရေးသားပြီး အကူအညီတောင်းခဲ့ပါတယ်။

ဒါပေမဲ့ အကောင့်မှားပြီး ဝင်သွားတဲ့ Wendy Lim ဟာ ဝေးကွာလွန်းတဲ့နိုင်ငံမှာ ရှိနေတာကြောင့် လွယ်လွယ်နဲ့ အဆက်အသွယ် မရဘဲ ဖြစ်နေခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ နိုင်ငံခြားငွေကြေးလုပ်ငန်းမှာ လုပ်ကိုင်နေတဲ့ မိတ်ဆွေရဲ့ အကူအညီနဲ့ Wendy Lim ကို အဆက်အသွယ်ရခဲ့ပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလမှာပဲ Wendy ဟာ Mohamad Azim နဲ့ စကားပြောခွင့်ရခဲ့ပြီး သူ့အနေနဲ့ သြစတြေးလျက ပြန်ရောက်တာနဲ့ ပေးမယ်လို့ သဘောတူခဲ့ကြပါတယ်။

Wendy ဟာလည်း တက္ကသိုလ်ကျောင်းသူတယောက်ဖြစ်တာကြောင့် Mohamad Azim ရဲ့ ငွေကြေးဆိုင်ရာ အခက်အခဲတွေကို နားလည်ကြောင်းနဲ့ မှားပြီး ရောက်လာတဲ့ ပိုက်ဆံကို ပိုင်ရှင်ကို ပြန်ပေးခွင့်ရတာ ဝမ်းသာကြောင်း ပြောဆိုခဲ့ပါတယ်။ Wendy ရဲ့ လုပ်ဆောင်ချက်ကို လူမှုကွန်ရက် အသုံးပြုသူများက သဘောကျခဲ့ကြပြီး ကောင်းမွန်တဲ့ မှတ်ချက်တွေ ပေးခဲ့ကြပါတယ်။

Ref. worldofbuzz.com

You may also like these stories:

အပြင်သွားနေချိန် ကလေးမငိုအောင် ကတ်ထူစက္ကူနဲ့ ပုံထုတ်ပြီး ထောင်ထားခဲ့တဲ့ မိခင်

၉လွှာပေါ်က ပြုတ်ကျပေမယ့် ဘာမှမဖြစ်သလို လမ်းထလျှောက်ခဲ့တဲ့ အမျိုးသမီး

လွန်ခဲ့တဲ့ နှစ် ၃၀၀၀ က မံမီရုပ်အလောင်းရဲ့ အသံကို သိပ္ပံပညာရှင်များ ပြန်လည်ဖန်တီး

Did you find apk for android? You can find new Free Android Games and apps.
Loading