ကလေးတယောက်ကို ပြုစုပျိုးထောင်ရတယ်ဆိုတာ လွယ်ကူတဲ့ ကိစ္စမဟုတ်ပါဘူး။ ဒါပေမဲ့ အမေရိကန်နိုင်ငံအခြေစိုက် U.S. News & World Report မဂ္ဂဇင်းက ၂၀၂၀ ခုနှစ်အတွက် ကလေးများကို ပြုစုပျိုးထောင်ရန် အသင့်တော်ဆုံး နေရာများနဲ့ လုံးဝ သင့်တော်ခြင်း မရှိတဲ့ နိုင်ငံများစာရင်းကို ဇန်နဝါရီလ ၂၈ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။
အခုသုသေသနကို နိုင်ငံပေါင်း ၇၃ နိုင်ငံမှာ အကြောင်းအရာပေါင်း ၆၀ ကျော်နဲ့ ပြုလုပ်ခဲ့တာဖြစ်ပြီး အမေရိက၊ အာရှ၊ ဥရောပ၊ အရှေ့အလယ်ပိုင်းနဲ့ အာဖရိကမှ လူပေါင်း ၂ သောင်းကျော်ကို ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ အမေရိကန်နဲ့ အင်္ဂလန်နိုင်ငံတို့ဟာ အကောင်းဆုံး ၁၀ နိုင်ငံရဲ့ အောက်မှာ ရှိနေပါတယ်။
ကလေးများကို ပြုစုပျိုးထောင်ဖို့ အကောင်းဆုံးနိုင်ငံအဖြစ် ဒိန်းမတ်နိုင်ငံက ပထမနေရာမှာ ရှိနေပါတယ်။ ဒိန်းမတ်ရဲ့ အနောက်မှာတော့ ဆွီဒင်နဲ့ နော်ဝေးတို့ အသီးသီး ရှိနေပါတယ်။ ကလေးသူငယ်များကို ပြုစုပျိုးထောင်ဖို့နဲ့ မိသားစုဘဝ စတင်ဖို့ အကောင်းဆုံးနိုင်ငံများ စာရင်းကို ဖော်ပြပေးလိုက်ပါတယ်။
(၁) ဒိန်းမတ်
(၂) ဆွီဒင်
(၃) နော်ဝေး
(၄) ကနေဒါ
(၅) နယ်သာလန်
(၆) ဖင်လန်
(၇) ဆွစ်ဇာလန်
(၈)နယူးဇီလန်
(၉) သြစတြေးလျနဲ့
(၁၀) သြစတြီယားနိုင်ငံတို့ ဖြစ်ပါတယ်။
U.S. News & World Report က ကလေးများကို ပြုစုပျိုးထောင်ဖို့ မသင့်တဲ့ နိုင်ငံများစာရင်းကိုလည်း ပြုလုပ်ထားပြီး ပြုစုဖို့ မသင့်တဲ့ အကြောင်းရင်းတွေကတော့ ပညာရေးစနစ် ကောင်းမွန်မှု မရှိခြင်း၊ နိုင်ငံအတွင်း ပြည်တွင်းစစ်များ ဖြစ်ပွားလေ့ရှိခြင်းနဲ့ လုံခြုံမှု မရှိခြင်းတို့ကြောင့် ဖြစ်တယ်လို့ သိရပါတယ်။
အဆိုးဆုံးနိုင်ငံတွေရဲ့ နံပါတ် ၁ နေရာမှာ ကာဇက်စတန်နိုင်ငံရှိနေပါတယ်။ ကာဇက်စတန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ အကြီးဆုံးမြို့ကြီးတွေထဲမှာ နံပါတ် ၉ ခုမြောက် ဖြစ်ပါတယ်။ တရားဝင် ဒီမိုကရေစီရပြီး နိုင်ငံဖြစ်ပေမယ့် သားသမီးတွေကို ပြုစုပျိုးထောင်ဖို့ ကောင်းတဲ့ နိုင်ငံတနိုင်ငံတော့ မဟုတ်ပါဘူး။ ကာဇက်စတန်ရဲ့ နောက်မှာ တိုင်းပြည်အခြေအနေ ကောင်းမွန်ခြင်း မရှိတဲ့ လဘနွန်နဲ့ ဂွာတီမာလာတို့ ရှိနေပါတယ်။
ကလေးများကို ပြုစုပျိုးထောင်ဖို့ မသင့်တော်ဆုံး နိုင်ငံတွေရဲ့ အဆိုးဆုံးစာရင်းရဲ့ နံပါတ် ၄ နေရာမှာတော့ မြန်မာနိုင်ငံ ရပ်တည်နေပါတယ်။
Ref. indy100.com
You may also like these stories:
အပြင်သွားနေချိန် ကလေးမငိုအောင် ကတ်ထူစက္ကူနဲ့ ပုံထုတ်ပြီး ထောင်ထားခဲ့တဲ့ မိခင်
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရတဲ့ အရှေ့တောင်အာရှ နိုင်ငံများ