လူသားတွေဟာ သာမန်ထက်ပိုပြီး ထူးဆန်းတဲ့ အရာတွေကို ပြုလုပ်ဖို့အတွက် စိတ်ကူးစိတ်သန်းကောင်း တွေရှိတတ်ပါတယ်။ အဲဒီလို ထူးဆန်းတဲ့ စိတ်ကူးတွေကို အသိအမှတ်ပြုတဲ့ ဂင်းနစ်စံချိန် မှတ်တမ်းစာရင်းမှာ စာရင်းဝင်ခဲ့တဲ့ ဖက်ရှင်ရှိုးတခုကို နီပေါနိုင်ငံမှာ ကျင်းပခဲ့ပါတယ်။
Mount Everest Fashion Show လို့ အမည်ရတဲ့ အဲဒီဖက်ရှင်ရှိုးကို ဇန်နဝါရီလ ၂၆ ရက်နေ့က ပင်လယ်ရေမျက်နှာပြင် အထက် မီတာ ၅,၃၄၀ အမြင့်မှာ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။ နီပေါနိုင်ငံ ခရီးသွားလာရေးအဖွဲ့ရဲ့ ဦးဆောင်မှုနဲ့ ကျင်းပပြုလုပ်တဲ့ ဒီပွဲကို နီပေါ၊ အီတလီ၊ ဖင်လန်၊ သီရိလင်္ကာနဲ့ စင်ကာပူနိုင်ငံတို့က မော်ဒယ်တွေနဲ့ ပြုလုပ်ခဲ့တာဖြစ်ပြီး Visit Nepal Year 2020’ ရဲ့ တစိတ်တဒေသအဖြစ် ပါဝင်တဲ့ ပွဲတခုဖြစ်ပါတယ်။
ဒီ ဖက်ရှင်ရှိုးဟာ ရာသီဥတုပြောင်းလဲခြင်းဆိုင်ရာ အသိပညာပေးခြင်းအတွက် ကျင်းပခဲ့တဲ့ပွဲ ဖြစ်တယ်လို့ သိရပါတယ်။ နီပေါခရီးသွားလာရေး ဘုတ်အဖွဲ့က တရားဝင်ထုတ်ပြန်တဲ့ သတင်းကြေညာချက်မှာ ဖက်ရှင်ရှိုးအတွင်းက အဝတ်အစား ဒီဇိုင်း၊ အသုံးပြုတဲ့ ပစ္စည်းနဲ့ နမူနာပုံစံတွေဟာ သဘာဝစစ်စစ်တွေ ဖြစ်ပြီး နီပေါနိုင်ငံထုတ်ပစ္စည်းတွေကိုသာ အသုံးပြုထားတယ်လို့ ပါရှိပါတယ်။
ဆောင်းရာသီ ဖက်ရှင်ရှိုးပွဲဖြစ်ပြီး ဒီပွဲမှာ ကမ္ဘာအနှံ့အပြားက မော်ဒယ်တွေကို တွေ့မြင်ရမှာဖြစ်ပါတယ်။ သီရိလင်္ကာနိုင်ငံရဲ့ မယ်စကြာဝဠာဖြစ်တဲ့ Ornella Gunesekere လည်း ပါဝင်ခဲ့တယ်လို့ သိရပါတယ်။ ကမ္ဘာအမြင့်ဆုံး ဖက်ရှင်ရှိုးအဖြစ် ဂင်းနစ်စံချိန် မှတ်တမ်းဝင်ခဲ့တဲ့ ဖက်ရှင်ရှိုးကို လျှောက်ဖို့အတွက် မော်ဒယ်တွေဟာ ၁၄ရက်တိတိ တောင်တက်ခဲ့ရတယ်လို့ သိရပါတယ်။
Ref: storypick.com
You may also like these stories:
ကိုအာလာပုံ ဆပ်ပြာခဲတွေ ထုတ်ပြီး သြစတြေးလျတောမီးအတွက် လှူဒါန်းမယ့် Lush အလှကုန်
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖိလစ်ပိုင်နိုင်ငံမှာ လူတဦး သေဆုံး
၂၀၂၀ ခုနှစ်အတွက် အလှပဆုံးနဲ့ အရည်အသွေး အကောင်းဆုံး အမျိုးသမီး အတွင်းခံများ