Trend

ပါးစပ်ထဲ ဘာဂျာတခုလုံး ဝင်သွားတာကို Tik Tok ဗီဒီယို တင်ခဲ့တဲ့ မိန်းကလေး

ဘာဂျာတခုလုံးက ပါးစပ်အတွင်းမှာ ဆန့်ပါ့မလားဆိုတဲ့ အတွေးမျိုးကို သင်တွေးဖူးပါသလား။ အဲဒီအတွေးကို အမျိုးသမီးတယောက်က အကောင်အထည် ဖော်ခဲ့ပါတယ်။ ကနေဒါနိုင်ငံမှာ နေထိုင်တဲ့ Mollie O’Brien ဆိုတဲ့ အထက်တန်းကျောင်းသူဟာ ပါးစပ်ထဲကို ဘာဂျာတခုလုံး ဝင်သွားတာကို ဆေးခန်း အရင်မသွားဘဲ Tik Tok ဗီဒီယိုရိုက်ပြီး မှတ်တမ်းတင်ခဲ့ပါတယ်။

အိမ်မှာနေရင်း မောင်နှမတွေ အပျော်သဘော စနောက်ကြရင်းက ပါးစပ်ထဲ ဘာဂျာ ဆန့်၊ မဆန့် ဆိုတာ စမ်းသပ်ကြည့်ရင်း ပါးစပ်ထဲက ပြန်ထုတ်လို့ မရတော့တာ ဖြစ်ပါတယ်။ ပါးစပ်ထဲ ဘာဂျာတခုလုံးဝင်သွားတဲ့ အချိန်မှာ ဗီဒီယိုတခု ရိုက်ကူးခဲ့ပြီး အဲဒီဗီဒီယိုဟာ ကြည့်ရှုသူ ၁ ဒဿမ ၇ သန်းကျော်ရှိခဲ့တယ်လို့ သိရပါတယ်။

ဗီဒီယိုမှာ သူက ” ငါဆိုးရွားတဲ့ ကိစ္စတခုကို လုပ်လိုက်မိတယ်။ လုပ်ခဲ့တာအတွက်လည်း နောင်တရပါတယ်။ ငါဘာလုပ်မိလဲ သိချင်နေပြီလား”ဆိုတဲ့ စာတန်း ထိုးထားပြီး သူမရဲ့ အခြေအနေကို ရိုက်ပြခဲ့တာဖြစ်ပါတယ်။ ဗီဒီယိုအတွင်းမှာ သူမဟာ ရယ်မောရင်းနဲ့ ရိုက်ကူးထားပေမယ့် နောင်တရနေတဲ့ပုံ ပေါ်ပါတယ်။

သူမအနေနဲ့ မိခင် စိတ်ဆိုးမှာကို ကြောက်ရွံနေခဲ့ပေမယ့် မိခင်က ထင်သလောက် စိတ်မဆိုးဘဲ ဆေးရုံကို ပို့ပေးခဲ့တယ်လို့ သိရပါတယ်။ ဆရာဝန်တွေက သွားဆေးခန်းကို သွားဖို့ တိုက်တွန်းခဲ့ပြီး သွားဆရာဝန်က Mollie O’Brien ပါးစပ်ထဲက ဘာဂျာကို ထုတ်ပေးခဲ့ပြီး နောက်ထပ် ဒီလိုမျိုး ဆော့ကစားခြင်း မလုပ်ဖို့ မှာကြားခဲ့တယ်လို့ သိရပါတယ်။

Ref. unilad.co.uk

You may also like these stories:

ကိုအာလာပုံ ဆပ်ပြာခဲတွေ ထုတ်ပြီး သြစတြေးလျတောမီးအတွက် လှူဒါန်းမယ့် Lush အလှကုန်

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖိလစ်ပိုင်နိုင်ငံမှာ လူတဦး သေဆုံး

၂၀၂၀ ခုနှစ်အတွက် အလှပဆုံးနဲ့ အရည်အသွေး အကောင်းဆုံး အမျိုးသမီး အတွင်းခံများ

Loading