ရေမလို လက်သန့်ဆေးရည်(Hand Sanitizer) တွေဟာ အခုနောက်ပိုင်းမှာတော့ လူတိုင်းနီးပါး အသုံးပြုလာကြတဲ့ တကိုယ်ရည်သန့်ရှင်းရေး အသုံးအဆောင်ပစ္စည်းတမျိုး ဖြစ်ပြီး အသုံးပြုရလည်း လွယ်ကူ၊ ရောဂါပိုးမွှားတွေကိုလည်း သေစေနိုင်တာကြောင့် လူကြိုက်များလာကြပါတယ်။
Hand Sanitizer တွေဟာ လက်မှာ ကပ်ငြိနေတဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားဖို့ ဆပ်ပြာနဲ့ရေ မရှိတဲ့အခါမျိုးမှာလည်း အဆင်ပြေစေတာမှန်ပေမယ့် သင့်အနေနဲ့ ဒါကို အမြဲအသုံးပြုနေမယ်ဆိုရင်တော့ အခုဖော်ပြပေးမယ့် အချက်တွေကို သိထားသင့်ပါတယ်။
(၁) ဓာတုပစ္စည်းတွေကို ဖယ်ရှားမပေးနိုင်ဘူး
လက်သန့်ဆေးရည်ဟာ ဘက်တီးရီးယားတွေကို ဖယ်ရှားပေးနိုင်တာ မှန်ပေမယ့် ဓာတုဗေဒပစ္စည်း အများစုကိုတော့ ဖယ်ရှားမပေးနိုင်ပါဘူး။ ပိုးသတ်ဆေးတို့လို အရာတွေနဲ့ ထိတွေ့ပြီးတဲ့အခါ လက်သန့်ဆေးရည်ကိုအသုံးပြုလည်း ဖယ်ရှားသန့်စင်ပေးနိုင်မှာ မဟုတ်ပါဘူး။
(၂) ပါးစပ်ထဲ မဝင်စေဖို့ ဂရုစိုက်သင့်ပါတယ်
လက်သန့်ဆေးရည်တွေဟာ အယ်လ်ကိုဟောကို အခြေခံပြီးထုတ်လုပ်ထားတာ ဖြစ်တဲ့အတွက် ပါးစပ်ထဲမဝင်စေဖို့ကို သတိထားသင့်ပြီး မျိုချမိတဲ့အခါ အဆိပ်သင့်တာမျိုး ဖြစ်ပေါ်တတ်ပါတယ်။
(၃) ကလေးတွေကို အသုံးမပြုပေးသင့်ဘူး
ဆေးပညာရှင်တွေရဲ့ အကြံပြုချက်တွေအရ လက်သန့်ဆေးရည်တွေဟာ ကလေးတွေရဲ့ နုနယ်တဲ့ အရေပြားကို ထိခိုက်စေနိုင်တာကြောင့် အသုံးမပြုပေးသင့်ဘူးလို့ ဆိုပါတယ်။
(၄) အရေပြားကို ခြောက်သွေ့ပျက်စီးစေနိုင်တယ်
လက်သန့်ဆေးရည်ကို မကြာခဏ အသုံးပြုခြင်းဟာ အရေပြားရဲ့ရေဓာတ် ခမ်းခြောက်မှုကို ဖြစ်ပေါ်စေပြီး ထိခိုက်လွယ်တဲ့ အသားအရေပိုင်ရှင်တွေမှာဆိုရင် နီမြန်းရောင်ရမ်းတာမျိုးတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။
Ref. www.annmariegianni.com
You may also like these stories:
ပါးစပ်ထဲ ဘာဂျာတခုလုံး ဝင်သွားတာကို Tik Tok ဗီဒီယို တင်ခဲ့တဲ့ မိန်းကလေး
၅ ကြိမ်မြောက် အိမ်ထောင်ဖြစ်တဲ့ ခင်ပွန်းနဲ့ ၁၂ ရက်အကြာမှာ ကွာရှင်းလိုက်တဲ့ Pamela Anderson
ဧဝရတ်တောင်ပေါ်မှာ ကျင်းပခဲ့တဲ့ ကမ္ဘာ့အမြင့်ဆုံး မော်ဒယ်ရှိုး ဂင်းနစ် မှတ်တမ်းဝင်