Trend

ခန္ဓာကိုယ်ဝကြောင်း ပြောတဲ့ လုပ်ဖော်ကိုင်ဖက်ကို သတ်ပစ်တဲ့ အမျိုးသား

Want create site? Find Free WordPress Themes and plugins.

လူတယောက်ရဲ့ အားနည်းချက်ကို စနောက်တာတွေ ဘယ်သူမှ မကြိုက်ကြပါဘူး။ မကြိုက်ကြတာကို လျစ်လျူရှုတတ်တဲ့ သူတွေ ရှိသလို လျစ်လျူမရှုနိုင်လို့ အမှားကျူးလွန်မိတဲ့သူတွေလည်း ရှိတတ်ပါတယ်။

အင်ဒိုနီးရှားနိုင်ငံက အမျိုးသားတဦးဟာ သူ့ကို အခြားလုပ်ဖော်ကိုင်ဖက်တွေရှေ့မှာ ဆူမို နပန်းသမားနဲ့ တူတယ်လို့ ခိုင်းနှိုင်းပြောဆိုခဲ့တဲ့ လုပ်ဖော်ကိုင်ဖက်ကို သတ်ခဲ့တယ်လို့ သိရပါတယ်။

ဒေါသအလျောက် စိတ်မထိန်းနိုင်ဘဲ အမှားအကြီးကြီးကို ကျူးလွန်မိတဲ့သူကတော့ အင်ဒိုနီးရှားနိုင်ငံ၊ ဂျာဗားကျွန်းမှာ နေထိုင်တဲ့ အသက် ၂၇ နှစ်အရွယ် Ali Heri Sanjaya ပဲ ဖြစ်ပါတယ်။ Ali Heri Sanjaya ဟာ သူ့ကို ခန္ဓာကိုယ်ဝတယ်လို့ ပြောလေ့ရှိတဲ့ လုပ်ဖော်ကိုင်ဖက်ကို သတ်လိုက်တဲ့ အမှုကို ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၄ ရက်နေ့က ကျူးလွန်ခဲ့တယ်လို့ အင်ဒိုနီးရှားအခြေစိုက်သတင်းတွေမှာ ဖော်ပြထားပါတယ်။

သတ်ဖို့အတွက် ကြိုပြီး ကြံစည်ထားတဲ့ Ali Heri Sanjaya ဟာ သူ့ရဲ့ လုပ်ဖော်ကိုင်ဖက်ဖြစ်တဲ့ အသက် ၁၈ နှစ်အရွယ် မိန်းကလေး Rosidah ကို ဆိုင်ကယ်လမ်းကြုံစီးဖို့ ခွင့်တောင်းပြီးနောက် အုန်းတောထဲကို ခေါ်သွားကာ မီးရှို့သတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ အဲဒီ မိန်းကလေးကို သတ်ပြီးနောက် Ali ဟာ ဆိုင်ကယ်နဲ့ ဖုန်းတို့ကို ယူသွားခဲ့ပြီး ရောင်းစားကာ ဟိုတယ်တခုမှာ ပုန်းအောင်းနေခဲ့တာဖြစ်ပါတယ်။

Rosidah ရဲ့ မိသားစုက သမီးဖြစ်သူ အိမ်ပြန်မလာတာကြောင့် ရဲကို တိုင်တန်းခဲ့ပြီး နောက်တနေ့မှာ မီးလောင်ဒဏ်ရာ တွေနဲ့ သေဆုံးနေတဲ့ Rosidah အလောင်းကို တွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ ဒေသခံရဲမှူးကြီး Arman Asmara Syarifuddinရဲ့ ပြောကြားချက်အရ ပြစ်မှုကျူးလွန်သူ Ali ဟာ သူ့ကို ဝလွန်းတယ်လို့ ပြောခံရတာကို နာကျင်တာကြောင့် အခုလို ကျူးလွန်တာဖြစ်ကြောင်း ထွက်ဆိုထားတယ်လို့ သိရပါတယ်။

Ali ကို အခုအချိန်မှာ ရဲဌာနက ထိန်းသိမ်းထားပြီး ထောင်ဒဏ် ၂၀ ကျဖို့ ရှိနေတယ်လို့ သိရပါတယ်။ အင်ဒိုနီးရှားနိုင်ငံဟာ လူသတ်မှုကျူးလွန်သူများကို သေဒဏ်ချမှတ်လေ့ရှိတာကြောင့် Ali အနေနဲ့ ဘယ်လို တရားစီရင်ခြင်းကို ခံရမလဲဆိုတာကို လက်ရှိအချိန်မှာ မသိနိုင်သေးဘူးလို့ တာဝန်ရှိသူတွေက ပြောဆိုထားပါတယ်.။

Ref. Vice

You may also like these stories:

ပါးစပ်ထဲ ဘာဂျာတခုလုံး ဝင်သွားတာကို Tik Tok ဗီဒီယို တင်ခဲ့တဲ့ မိန်းကလေး

ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဖိလစ်ပိုင်နိုင်ငံမှာ လူတဦး သေဆုံး

လက်သန့်ဆေးရည် (Hand Sanitizer) တွေ အသုံးပြုတဲ့အခါ သတိထားသင့်တဲ့ အချက်များ

Did you find apk for android? You can find new Free Android Games and apps.
Loading