Trend

ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူပေါင်း ၄၉၀ အထိ ရှိလာ

Want create site? Find Free WordPress Themes and plugins.

ကိုရိုနာဗိုင်းရပ်စ်ဟာ ကမ္ဘာ့လူသားတွေကို ခြိမ်းခြောက်နေတဲ့ ရောဂါဖြစ်လာနေပါတယ်။ ဒီကနေ့ မနက်ခင်းပိုင်းထုတ်ပြန်ထားတဲ့ စာရင်းဇယားတွေအရ ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်နိုင်ငံမှာ လူပေါင်း ၄၉၀ သေဆုံးသွားခဲ့ပြီလို့ သိရပါတယ်။ တရုတ်နိုင်ငံပြင်ပမှာဆိုရင်လည်း ဖိလစ်ပိုင်နဲ့ ဟောင်ကောင်မှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူသေဆုံးခဲ့ရပါတယ်။

အခုအချိန်မှာတော့ သန်းနဲ့ချီတဲ့ တရုတ်နိုင်ငံသားတွေဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် မြို့တွေမှာ ပိတ်လှောင်ခံနေရပါတယ်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO အနေနဲ့လည်း ကျန်းမာရေးအရေးပေါ် အခြေအနေအဖြစ် ကြေညာထားရပါတယ်။ အခုချိန်မှာတော့ ကိုရိုနာဗိုင်းရပ်စ်ဟာ နိုင်ငံပေါင်း ၂၀ ကျော်ကို ကူးစက်ပျံ့နှံ့နေပြီလို့ သိရပါတယ်။ ဒါကြောင့်လည်း နိုင်ငံတချို့တွေမှာ တရုတ်ခရီးသွားတွေကို ပြည်ဝင်ခွင့်ပိတ်ထားသလို တရုတ်နိုင်ငံကို သွားရောက် လည်ပတ်တာမျိုး မပြုလုပ်ကြဖို့ တားဆီးတဲ့ အခြေအနေမျိုး ရှိလာနေပါတယ်။

တရုတ်နိုင်ငံအနေနဲ့လည်း ရောဂါကူးစက်မှုနှုန်း ကျဆင်းအောင် အထူးကြပ်မတ် ဆောင်ရွက်နေတဲ့အတွက် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရသူ တချို့ဟာ ရောဂါပျောက်ကင်းလာကြတဲ့အတွက် ဆေးရုံကနေ ပြန်ဆင်းနိုင်ခဲ့ကြပါတယ်။ စင်ကာပူ၊ မလေးရှား၊ ထိုင်းစတဲ့ နိုင်ငံတွေမှာတော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုနှုန်းက ပိုပိုများလာနေတယ်လို့ သိရပါတယ်။

တရုတ်နိုင်ငံပြင်ပမှာဆိုရင်တော့ ဖိလစ်ပိုင်နဲ့ ဟောင်ကောင်မှာ ကိုရိုနာဗိုင်းရပ်ကြောင့် လူ ၂ ယောက် သေဆုံးခဲ့ရပါတယ်။ ဖိလစ်ပိုင်မှာသေဆုံးခဲ့ရသူကလည်း တရုတ်နိုင်ငံ၊ ဝူဟန်မြို့ကနေ လာရောက် လည်ပတ်သူ ဖြစ်ပါတယ်။ ဟောင်ကောင်မှာ သေဆုံးခဲ့ရသူကလည်း ဝူဟန်ကနေ လာရောက် လည်ပတ်သူ ဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့်လည်း ဟောင်ကောင်အစိုးရအနေနဲ့ တရုတ်နိုင်ငံကို ခရီးသွားလာခွင့် ပိတ်ပင်ထားတာမျိုး ရှိနေပါတယ်။

ဒီကနေ့အချိန်အထိ ကိုရိုနာဗိုင်းရပ်စ်ကြောင့် သေဆုံးသူအများစုဟာ အသက်ကြီးနေသူတွေဖြစ်ပြီး ကိုယ်ခံအားနည်းသူတွေဖြစ်တယ်လို့ သိရပါတယ်။

Ref: Bangkokpost

You may also like these stories:

ကိုရိုနာဗိုင်းရပ်စ်ဟာ မစင်မှတဆင့် ကူးစက်နိုင်ကြောင်း သိပ္ပံပညာရှင်များ ပြောကြား

လက်ရှိအချိန်ထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် လူ ၂၀၀ ကျော် သေဆုံး

အီဘိုလာ၊ ဆားစ်ရောဂါတွေထက် ပြင်းထန်ပြီး ကူးစက်မြန်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်

Did you find apk for android? You can find new Free Android Games and apps.
Loading