Trend

ဂျပန်ဆိပ်ကမ်းက အပျော်စီးသင်္ဘောပေါ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၀ ဦး ခန့်ရှိနေ

Want create site? Find Free WordPress Themes and plugins.

ဂျပန်နိုင်ငံက ဆိပ်ကမ်းတခုဖြစ်တဲ့ ယိုကိုဟာမာဆိပ်ကမ်းမှာ ဆိုက်ကပ်နေတဲ့ အပျော်စီးသင်္ဘောပေါ်က ခရီးသည်တွေကို ရောဂါစမ်းသပ်မှု ပြုလုပ်တဲ့အခါ ၁၀ ဦးခန့်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခြင်း ခံထားရတယ်လို့ ကျန်းမာရေးဌာန တာဝန်ရှိသူတွေက ပြောပါတယ်။

Diamond Princess လို့ အမည်ရတဲ့ သင်္ဘောပေါ်မှာ ပါရှိတဲ့ ခရီးသည် ၃၇၀၀ ထဲက အယောက် ၃၀၀ ကို စစ်ဆေးပြီးချိန်မှာ အခုလို အဖြေကို ရရှိတာဖြစ်ပြီး စစ်ဆေးမှုအလျောက် ရောဂါရှိသူ အရေအတွက် ထပ်ပြီး များလာနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ စစ်ဆေးမှုဟာ သင်္ဘောပေါ်မှာ လွန်ခဲ့တဲ့ ၁ လခန့်က ဖျားနာနေတဲ့ အသက် ၈၀ ကျော် အမျိုးသားတဦးကနေ စတင်တာဖြစ်ပြီး အဲဒီအမျိုးသားဟာ ဟောင်ကောင်က ဖြစ်တယ်လို့ သိရပါတယ်။

ရောဂါဖြစ်နေသူအားလုံးဟာ အသက် ၅၀ ကျော်တွေ ဖြစ်တယ်လို့ NHK သတင်းဌာနက သတင်းထုတ်ပြန်ထားပါတယ်။ အသက် ၅၀ ကျော် ၄ ဦး၊ အသက် ၆၀ ကျော် ၄ ဦး၊ ၇၀ ကျော် ၁ ဦးနဲ့ အသက် ၈၀ ကျော် ၁ ဦးတို့ ဖြစ်ပြီး သူတို့ထဲက နှစ်ဦးကတော့ ဂျပန်နိုင်ငံသားတွေ ဖြစ်ပြီး အားလုံးဟာ စိုးရိမ်ရတဲ့ အနေအထားမှာ ရှိမနေဘူးလို့ NHK သတင်းမှာ ဖော်ပြထားပါတယ်။

“ကျနော်တို့က ရောဂါကူးစက်ခြင်းခံထားရသူတွေကို သင်္ဘောပေါ်က ဆင်းခိုင်းပြီး ဆေးရုံကို ပို့ပေးမှာပါ။ ကျန်းမာရေး အဖွဲ့အစည်းတွေရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်ရှိနေပါပြီ”လို့ ဂျပန်ကျန်းမာရေးဝန်ကြီးဌာန ဝန်ကြီး ကတ်ဆူနိုဘူကာတိုက ယနေ့ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ဖြေကြားခဲ့ပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုဟာ တရုတ်နိုင်ငံ တခုတည်းမှာပဲ ၂၄,၃၀၀ ဦးခန့်ရှိပြီဖြစ်ပြီး သေဆုံးသူ ၄၉၀ ဦးခန့် ရှိပြီလို့ BBC သတင်းမှာ ဖော်ပြထားပါတယ်။

Ref. BBC

You may also like these stories:

ကိုရိုနာဗိုင်းရပ်စ်ဟာ မစင်မှတဆင့် ကူးစက်နိုင်ကြောင်း သိပ္ပံပညာရှင်များ ပြောကြား

လက်ရှိအချိန်ထိ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုကြောင့် လူ ၂၀၀ ကျော် သေဆုံး

အီဘိုလာ၊ ဆားစ်ရောဂါတွေထက် ပြင်းထန်ပြီး ကူးစက်မြန်နေတဲ့ ကိုရိုနာဗိုင်းရပ်စ်

Did you find apk for android? You can find new Free Android Games and apps.
Loading