အမေရိကန်နိုင်ငံတဝှမ်းမှာ မိုးမျှော်တိုက်တွေ ဆောက်လုပ်ဖို့ မြင့်မားတဲ့ ကုန်ကျစရိတ် သုံးစွဲရပြီး တဖက်မှာတော့ လူ့အဖွဲ့အစည်းတခုလုံးရဲ့ မိသားစု အသီးသီးကို အိမ်ရာမဲ့တွေဖြစ်စေတဲ့ အကျိုးသက်ရောက်မှု ရှိခဲ့တာပါ။ ကော်လိုရာဒိုပြည်နယ်၊ ဒန်ဗာမြို့မှာလည်း အိမ်ရာမဲ့ပြဿနာဟာ တဖြည်းဖြည်း ကြီးထွားလာခဲ့ပြီဖြစ်ပြီး စစ်တမ်းတွေအရ အနည်းဆုံး အိမ်ရာမဲ့ဦးရေ ၅,၇၇၅ ယောက်အထိ ရှိတယ်လို့ ဖော်ပြထားပါတယ်။
Colorado Coalition for the Homeless (CCH) ရဲ့ တာဝန်ရှိပုဂ္ဂိုလ်တဦးဟာ ဒီပြဿနာကိုဖြေရှင်းဖို့ အကြံဉာဏ် ရရှိခဲ့ပြီး အဲဒါကတော့ ဟိုတယ်တလုံးကို အိမ်ရာမဲ့တွေအတွက် နေထိုင်စရာတခုအဖြစ် ပြောင်းလဲပေးဖို့နဲ့ သူတို့ရဲ့ ဘဝတွေ ပြန်လည်ရုန်းကန်ချိန်မှာ နေထိုင်ဖို့ ရည်ရွယ်တာဖြစ်ပါတယ်။ အခန်းတိုင်းကို လမ်းပေါ် နေထိုင်ခဲ့သူတချို့နဲ့ မြို့အနှံ့ စောင့်ရှောက်ရေးဂေဟာတွေကနေ ရောက်ရှိလာသူတွေအတွက် ရည်ရွယ်ထားတာ ဖြစ်ပါတယ်။
John Parvensky ဟာ ဒေသခံ NGO အဖွဲ့ CCH ကို ၁၉၈၅ ခုနှစ်ကတည်းက ဦးဆောင်ခဲ့သူတဦးဖြစ်ပြီး အခန်းပေါင်း ၁၃၉ ခန်းပါတဲ့ ဟိုတယ်တလုံးကို ဒေါ်လာ ၈ ဒဿမ ၄သန်းအပြင် မြို့တော် ရန်ပုံငွေတို့ကို အသုံးချကာ ဝယ်ယူခဲ့တာ ဖြစ်ပါတယ်။
နေထိုင်စရာ နေရာတခုမှာ မရှိမဖြစ် လိုအပ်တဲ့ ပစ္စည်းတွေ ထည့်သွင်းပြီးချိန်မှာတော့ Fusion Studios လို့ နာမည်ပေး ခေါ်ဆိုခဲ့တဲ့ ဟိုတယ်တွေထဲကမှ အခု ဝယ်ယူတဲ့ ဟိုတယ်ဟာ ၁၇ ခုမြောက် ဖြစ်ပါတယ်။
သီးသန့်ရေချိုးခန်း၊ မီးဖိုချောင်၊ အိပ်ရာ၊ ဗီဒို၊ စားပွဲ၊ ခုံ၊ အသေးစား ရေခဲသေတ္တာ၊ တီဗီနဲ့ မိုက်ခရိုဝေ့ဗ်တို့ကို အခန်းတိုင်းမှာ တပ်ဆင်ပေးထားခဲ့ပြီး ဖြစ်တဲ့အပြင် အခုအချိန်မှာတော့ တိုက်ခန်းအသေးစား ၁၃၉ ခုပါဝင်တဲ့ နေထိုင်စရာတွေ ဖန်တီးပေးခဲ့တာပါ။
နေထိုင်သူတွေအနေနဲ့ တိုက်ခန်းငှားရမ်းခ ၃၀ ရာခိုင်နှုန်းသာ ပေးဖို့ လိုအပ်ပြီး တချို့ နေထိုင်သူတွေကတော့ တလလုံးမှာမှ နေထိုင်စရိတ် ဒေါ်လာ ၁၀၀ သာ ပေးချေနိုင်ခြင်းကို အဖွဲ့အစည်းအနေနဲ့ နားလည်ကြောင်း၊ တခြားအိမ်ရာမဲ့ တွေအတွက် ဆက်လက် ကူညီပေးသွားမှာဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။
Ref. themindunleashed.com
You may also like these stories:
စင်ကာပူနိုင်ငံသွားခဲ့ရာက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရတဲ့ ကိုရီးယားနိုင်ငံသား
ဂျပန်ဆိပ်ကမ်းက အပျော်စီးသင်္ဘောပေါ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၀ ဦး ခန့်ရှိနေ
ထိုင်းနိုင်ငံကို သွားလည်ခဲ့တဲ့ တောင်ကိုရီးယား အမျိုးသမီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ