ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရသူတွေကို စနစ်တကျ ဆေးကုသပေးနိုင်ဖို့ တရုတ်အစိုးရအနေနဲ့ ကြိုးစားဆောင်ရွက်နေတာကို တွေ့ရှိရပါတယ်။ နိုင်ငံတကာအနေနဲ့လည်း တရုတ်အစိုးရရဲ့ လုပ်ဆောင်နေမှုကို ချီးကျူးနေကြပါတယ်။
ဒီကနေ့အချိန်မှာတော့ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူပေါင်း ၅၀၀ ကျော် သေဆုံးခဲ့ရပြီး ဖြစ်သလို လူပေါင်း ၂ သောင်းကျော် ရောဂါ ကူးစက်ခံနေရပါတယ်။ နိုင်ငံပေါင်း ၂၄ နိုင်ငံနီးပါးမှာလည်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရသူတွေကို တွေ့ရှိထားပါတယ်။
ပြီးခဲ့တဲ့နေ့တွေမှာတော့ တရုတ်အစိုးရအနေနဲ့ ဝူဟန်မြို့မှာရှိတဲ့ အားကစားရုံတွေ၊ ယဉ်ကျေးမှုဆိုင်ရာအဆောက်အဦတွေကို ဆေးရုံအဖြစ် အသွင်ပြောင်းလဲခဲ့ပါတယ်။ အင်္ဂါနေ့မှာတော့ ဒေသခံ အာဏာပိုင်တွေအနေနဲ့ နောက်ထပ်နေရာ ၈ နေရာကို ကိုရိုနာဗိုင်းရပ်စ် ကုသတဲ့ ဆေးရုံအဖြစ် အသွင်ပြောင်းလဲခဲ့တယ်လို့ ဆင်ဟွာသတင်းဌာနက ကြေညာခဲ့ပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ဟာ ဘယ်အချိန်အထိ လူတွေကို ကူးစက်နေမလဲဆိုတာ တိတိကျကျ မသိရသေးပါဘူး။ လက်ရှိ အချိန်ထိတော့ တရုတ်အစိုးရက အကောင်းဆုံးဖြစ်အောင် ကြိုးစား ဆောင်ရွက်နေပါတယ်။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်နေတဲ့ ဒေသတွေကိုလည်း ခရီးသွားခွင့် ယာယီ ပိတ်ပင်ထားပါတယ်။
ကိုရိုနာဗိုင်းရပ်စ် စတင်ဖြစ်ပွားခဲ့တဲ့ ဝူဟန်မြို့မှာဆိုရင်တော့ ကုတင် ၃၄၀၀ ဆန့် ဆေးရုံပေါင်း ၃ ရုံ ရှိနေပြီဖြစ်တဲ့အတွက် လူနာ ၁ သောင်းကျော်ကို တချိန်တည်း ဆေးကုသပေးနိုင်တယ်လို့ သိရပါတယ်။
ဝူဟန်မြို့မှာ လူပေါင်း ၁၁ သန်းကျော် နေထိုင်နေပါတယ်။ ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်ဖို့ အားကစားရုံလို နေရာမျိုးတွေကို ဆေးရုံအသွင် ပြောင်းလဲပြီး ရောဂါထိန်းချုပ်နိုင်ဖို့ ကြိုးစားနေပေမယ့် ရောဂါကတော့ ဆက်ပြီး ကူးစက်နေတုန်းပါပဲ။
Ref: Xinhua
You may also like these stories:
ထိုင်းနိုင်ငံကို သွားလည်ခဲ့တဲ့ တောင်ကိုရီးယား အမျိုးသမီး ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရ
စင်ကာပူနိုင်ငံသွားခဲ့ရာက ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံခဲ့ရတဲ့ ကိုရီးယားနိုင်ငံသား
ဂျပန်ဆိပ်ကမ်းက အပျော်စီးသင်္ဘောပေါ်မှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၁၀ ဦး ခန့်ရှိနေ