အမျိုးသမီးတွေဟာ အသက်အရွယ်တခုကို ရောက်တဲ့အခါမှာ ဝတ်စားဆင်ယင်မှု ပုံစံတွေ ပြောင်းသွားတတ်ပါတယ်။ ပတ်ဝန်းကျင်ရဲ့ အမြင်ကို စိတ်ထဲထည့်ပြီး ကိုယ်နှစ်သက်တဲ့ ဝတ်စားပုံတွေကို ပြောင်းလဲတာမျိုးလည်း ရှိမှာသေချာပါတယ်။ အခု ဖော်ပြမယ့် ဖက်ရှင်ဒီဇိုင်းတွေကတော့ အသက်မရွယ်ဝတ်ဆင်လို့ ရပြီး အများအမြင်မှာ မရိုင်းဘဲ တင့်တယ်တဲ့ ဒီဇိုင်းတွေပဲ ဖြစ်ပါတယ်။
(၁) ဘလေဇာ ကုတ်အင်္ကျီ
ဘလေဇာ ကုတ်အင်္ကျီဟာ အသက် ၂၀၊ ၃၀ နဲ့ ၄၀ အရွယ်အမျိုးသမီးတွေရဲ့ အလှကို ပိုပြီး တင့်တယ်စေမှာပါ။ ခေတ်အဆက်ဆက်မှာ ဘလေဇာအင်္ကျီကို ရုံးတက်တဲ့ ဝတ်စုံအဖြစ် ဒါမှမဟုတ် မော်ဒယ်လ်တွေသာ ဝတ်ဆင်လေ့ရှိကြပေမယ့် အခုအချိန်မှာတော့ ဂျင်းဘောင်းဘီ၊ ဂျင်းစကပ် စတာတွေနဲ့ တွဲဖက် ဝတ်ဆင်နေကြပါပြီ။
(၂) ဆွယ်တာ အရှည်
ခပ်ပါးပါး ဆွယ်တာ အရှည်ဟာလည်း အရွယ်စုံ အမျိုးသမီးတိုင်းနဲ့ လိုက်ဖက်ပါတယ်။ မြန်မာဝတ်စုံတွေရဲ့ အပေါ်မှာ ထပ်ပြီး ဝတ်ရင်လည်း လိုက်ဖက်ပါတယ်။ ချစ်သူနဲ့ သွားပြီး တွေ့တဲ့အချိန်၊ အစည်းအဝေးတက်တဲ့ အချိန်တွေမှာလည်း ဝတ်ဖို့ အဆင်ပြေပါတယ်။
(၃) ဂျင်းဂျက်ကတ်
ဂျင်းဂျက်ကတ်တွေဟာ ခေတ်အဆက်ဆက် ရိုးသွားခြင်း မရှိတဲ့ အင်္ကျီ ဖြစ်တာကို ငြင်းမယ့်သူ ရှိမယ်မထင်ပါဘူး။ ဘယ်အဝတ်နဲ့မဆို လိုက်ဖက်တဲ့ ဂျင်းဂျက်ကတ်တွေဟာ အသက် ၄၀ ကျော်နဲ့ ၅၀ ကျော် အမျိုးသမီးတွေကို ပိုပြီး အရွယ်တင်စေမှာပါ။
(၄) Jumpsuits
ဒီနေ့ခေတ်မှာ အမျိုးသမီးတွေကြား မရှိမဖြစ် အဝတ်အစား တမျိုးကတော့ Jumpsuits ပဲ ဖြစ်ပါတယ်။ တဆက်တည်းဖြစ်ပြီး ပေါ့ပါးတာကြောင့် ငယ်ရွယ်တဲ့ဟန်ကို ပေါ်စေမှာ သေချာပါတယ်။
(၅) မြန်မာဝတ်စုံ
မြန်မာနိုင်ငံမှာ နေထိုင်တဲ့ အမျိုးသမီးတိုင်းနဲ့ လိုက်ဖက်တဲ့ ဖက်ရှင်ဒီဇိုင်းတွေ အကြောင်းကို ပြောတဲ့ အခါမှာ မြန်မာဝတ်စုံကို ချန်ထားခဲ့လို့ မရပါဘူး။ မြန်မာဝတ်စုံဟာ ခန္ဓာကိုယ်ရဲ့ အလှကို ပိုမိုပေါ်လွင်စေပြီး မြင်သူတကာ ရင်အေးတယ်ဆိုတဲ့ အယူအဆလည်း ရှိပါတယ်။ နောက်ပိုင်းမှာ မြန်မာဝတ်စုံကို ချုုပ်ရတာနဲ့ စောင့်ဆိုင်းရတာတွေကြောင့် ဝတ်ဆင်မှု လျော့နည်းလာတယ်ဆိုပေမယ့် အမျိုးသမီးငယ်တော်တော်များများကတော့ ဂုဏ်ယူစွာ ဝတ်ဆင်နေကြဆဲ ဖြစ်ပါတယ်။
Ref. Brightside