အရင်က နာမည်ကျော်တွေ၊ ကုမ္ပဏီကြီးတွေကနေ ကလေးတွေအတွက် နေ့လယ်စာ လှူဒါန်းတာမျိုးတွေ မြင်ဖူးကြမှာပါ။ ခုတော့ ဝါရှင်တန်၊ ဗန်ကူးပါးက အသက် ၈ နှစ်အရွယ် ကလေးတယောက်ဟာ သူ့အတန်းဖော်တွေအတွက် နေ့လယ်စာ ကျသင့်ငွေတွေကို ကူညီပေးခဲ့ပါတယ်။
သူကိုယ်တိုင်လုပ်တဲ့ သော့ချိတ်တွေ တခုကို အမေရိကန်ဒေါ်လာ ၅ ဒေါ်လာနဲ့ ရောင်းပြီး စုစုပေါင်း ဒေါ်လာ ၄ ထောင်ကျော်ရရှိခဲ့တဲ့ အမြတ်ငွေတွေနဲ့ ကျောင်းက အတန်းဖော်တွေအတွက် နေ့လယ်စာ ကုန်ကျငွေ ကူညီပေးခဲ့တာပါ။
Benjamin Franklin မူလတန်းကျောင်းမှာ Kidness Week ရက်သတ္တပတ်အတွက် ထူးထူးခြားခြားလုပ်ကြည့်ချင်ခဲ့တဲ့ Keoni ဟာ သူ့မိဘတွေနဲ့ အတူတူ ကိုယ်တိုင် သော့ချိတ်လုပ်ကြည့်ဖို့ စတင်အကြံရခဲ့တာပါ။ ကျောပိုးအိတ်မှာ သော့ချိတ်လှလှလေးတွေ တပ်ရတာ သဘောကျတာကြောင့် ကိုယ်တိုင်လုပ် သော့ချိတ်လေးတွေ လုပ်ဖို့ ဖြစ်လာခဲ့တာလို့ ဆိုပါတယ်။
Keoni ရဲ့ မွန်မြတ်တဲ့ သော့ချိတ်အကြောင်းကို တနိုင်ငံလုံးက သတိပြုမိသွားပြီး လိုချင်တဲ့ သော့ချိတ်ပုံစံလေးတွေ မှာယူခဲ့ကြပါတယ်။ “ကျမတို့ သော့ချိတ်တွေကို Alaska, Rhode Island, Minnesota, Arizona နဲ့ တခြားနေရာတော်တော်များများကို ပို့ပေးခဲ့ရတယ်” လို့ မိခင်ဖြစ်သူ April က ဆိုပါတယ်။
မိဘတွေနဲ့ အဘိုးအဘွားတွေရဲ့ ကူညီမှုကြောင့် Keoni ကိုယ်တိုင်လုပ်ထားတဲ့ သော့ချိတ်ပေါင်း ၃၀၀ ကျော် ရောင်းချခဲ့ရပါတယ်။ စုစုပေါင်းရောင်းရငွေ ဒေါ်လာ ၄,၀၁၅ ကို သူ့အတန်းဖော်တွေရဲ့ နေ့လယ်စာ ကုန်ကျငွေအတွက် ကူညီပေးနိုင်ခဲ့ပါတယ်။

https://app.asana.com/0/1135954362417873/1160355867841153/f
Credit: Courtesy April Ching
Keoni ကူညီပေးခဲ့တဲ့ငွေထဲက ဒေါ်လာ ၁၀၀၀ ကျော်ကို နေ့လယ်စာအတွက် ပေးနိုင်ခဲ့ပြီး ကျန်ငွေကိုတော့ အသုံးလိုမယ့် နေရာတွေကိုပါ ကူညီပေးနိုင်ခဲ့ပါတယ်။ အမေရိကန်နိုင်ငံမှာ ကျောင်းသား ၇၅ ရာခိုင်နှုန်းဟာ နေ့လယ်စာ အကြွေးတင်နေကြပြီး အရင်ထက် ရာခိုင်နှုန်း ပိုများလာတာကြောင့် အခုလိုကူညီမှုတွေ လိုအပ်တယ်လို့ ဆိုပါတယ်။
Keoni တယောက်ကတော့ နေ့လယ်စာ အကြွေးတွေ ကူညီပေးခဲ့တာဟာ အမေရိကန်နိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ နေ့လယ်စာ ကြွေးမြီကိစ္စတွေအကြောင်း နားလည်လို့ မဟုတ်ဘဲ တခြားသူကို ကူညီပေးနိုင်သလောက် ကူညီပေးရင်း ကမ္ဘာကြီးကို နေချင်စဖွယ် နေရာတခုအဖြစ် ဖန်တီးပေးချင်တာကြောင့်လို့ Keoni က ဆိုပါတယ်။
Ref: edition.cnn
You may also like these stories:
ဟိုတယ်တလုံး ဝယ်ယူပြီး အိမ်ရာမဲ့တွေအတွက် နေထိုင်စရာ ထောက်ပံ့ခဲ့တဲ့ Denver NGO
ဖုန်း ၉၉ လုံးကို အသုံးပြုပြီး ကားပိတ်ဆို့မှု အတုတခု ပြုလုပ်ခဲ့တဲ့ အမျိုးသား
ဝိုင်ထုတ်လုပ်တဲ့ စွန့်ပစ်ပစ္စည်းတွေကနေ လည်သာ ပြန်လည် ထုတ်လုပ်မယ့် H&M