သိပ်မကြာတော့တဲ့ အချိန်မှာဆိုရင်ပဲ ချစ်သူများနေ့ (Valentine’s Day) ရောက်ရှိလာတော့မှာဖြစ်ပြီး Valentine’s Day အတွက် ရည်ရွယ်ပြီး ပြုလုပ်တဲ့ ပရိုမိုးရှင်းတွေကလည်း သူ့နည်းသူ့ဟန်နဲ့အတူ ချစ်သူတွေကို ဆွဲဆောင်နေပါတယ်။
အခုတခါမှာတော့ Burger King ကပြုလုပ်တဲ့ အခွင့်အရေးတခုဟာ ချစ်သူရှိတဲ့သူတွေအတွက်မှ မဟုတ်ဘဲ ရည်းစားနဲ့ပြတ်သွားပြီး တကိုယ်တည်း Single ဖြစ်နေသူအတွက် ရည်ရွယ်ထားတာ ဖြစ်ပါတယ်။ ဒါကဘာလဲဆိုရင်တော့ ရည်းစားဟောင်းနဲ့ တွဲရိုက်ထားတဲ့ ဓာတ်ပုံကိုပြရုံနဲ့ ဟမ်ဘာဂါတလုံးအလကားစားရမယ့် အခွင့်အရေးပဲ ဖြစ်ပါတယ်။
ရည်းစားဟောင်းနဲ့ တွဲရိုက်ထားတဲ့ ဓာတ်ပုံကိုပြရုံနဲ့ ဟမ်ဘာဂါတလုံး အလကားစားရမယ့် ဒီအခွင့်အရေးအတွက်တော့ ဖုန်းထဲကဓာတ်ပုံတွေက အကျုံးဝင်မှာ မဟုတ်ဘဲ သေချာ Print ထုတ်ထားတဲ့ ဓာတ်ပုံကို ယူလာပြရမှာပဲ ဖြစ်ပါတယ်။
Facebook နဲ့ Instagram မှာတင်ထားတဲ့ ဓာတ်ပုံတွေကို ပြတာမျိုးကလည်း အကျုံးဝင်မှာ မဟုတ်ဘဲ Print ထုတ်ထားတဲ့ ဓာတ်ပုံ မဟုတ်ရင်လည်း ရည်းစားဟောင်းနဲ့သင်နဲ့ကြားက အပြန်အလှန် စာတွေ၊ အရုပ်တွေနဲ့ တခြားသော သေးသေးမွှားမွှား ပစ္စည်းလေးတွေ ပြရုံနဲ့လည်း ဟမ်ဘာဂါတလုံး ရရှိနိုင်မှာပါ။
Burger King အနေနဲ့ ချစ်သူများနေ့အတွက် ရည်ရွယ်ပြီး ပြုလုပ်တဲ့ ဒီအထူးပရိုမိုးရှင်းကို အမေရိကန်ရဲ့ မြို့ကြီး ၄ မြို့ဖြစ်တဲ့ နယူးယောက်၊ လော့စ်အိန်ဂျလိစ်၊ ဆန်ဖရန်စစ္စကိုနဲ့ ဘော်စတွန်တို့မှာပဲ ပြုလုပ်သွားမှာ ဖြစ်တယ်လို့ သိရပြီး ဒီမြို့တွေမှာပဲ ဒီအခွင့်အရေးကို ရရှိနိုင်မှာ ဖြစ်ပါတယ်။
လေ့ာစ်အိန်ဂျလိစ်၊ ဆန်ဖရန်စစ္စကိုနဲ့ ဘော်စတွန်တို့မှာတော့ ဒီအခွင့်အရေးကို ဖေဖော်ဝါရီ ၁၄ ရက်တရက်တည်းပဲ ရရှိနိုင်မှာဖြစ်ပြီး နယူးယောက်မြို့ရဲ့ အနီးတဝိုက်မှာတော့ ဖေဖော်ဝါရီ ၁၆ ရက်နေ့အထိ အကျုံးဝင်မှာ ဖြစ်ပါတယ်။
ရည်းစားဟောင်း ဓာတ်ပုံပြရုံနဲ့ ဟမ်ဘာဂါတလုံး အလကား ရရှိမယ့် ဒီအခွင့်အရေးမှာ နောက်ထပ်ထူးခြားတာ တခုကတော့ ဟမ်ဘာဂါထည့်မယ့် ဘူးတွေကို မကြာခင်ထွက်ရှိတော့မယ့် “Birds of Prey” ရုပ်ရှင် Theme နဲ့ ထည့်ပေးသွားမှာ ဖြစ်ပြီး Breakup Boxes လို့ အမည်ပေးထားတာ ဖြစ်ပါတယ်။
Ref. www.delish.com
You may also like these stories:
Greta Thunberg အကြောင်း မှတ်တမ်းစီးရီး BBC ဖန်တီးမည်
ကျန်းမာရေးကြောင့် ရုန်းကန်နေရတဲ့ မင်းသား Irrfan Khan အတွက် ဆုတောင်းပေးသူများရှိနေ
၂၀၂၀ ပြည့်နှစ်မှာပါ အောင်မြင်မယ်လို့ ခန့်မှန်းခံထားရတဲ့ တက်သစ်စ အနုပညာရှင်များ