Trend

ဇနီးဟောင်းကို ထောက်ပံ့ကြေး မပေးချင်တဲ့အတွက် ပိုက်ဆံတွေကို မီးရှို့ခဲ့တဲ့ အမျိုးသား

ကနေဒါနိုင်ငံ၊ Ottawa မြို့မှာ နေထိုင်တဲ့ စီးပွားရေးလုပ်ငန်းရှင်တဦး ဖြစ်တဲ့ Bruce McConville ဟာ ဇနီးဟောင်းကို ထောက်ပံ့ကြေး မပေးချင်တာကြောင့် အမေရိကန်ဒေါ်လာ ၁ သန်းခန့်ကို မီးရှို့ခဲ့လို့ နိုင်ငံတော်က တရားစွဲဆိုခြင်းကို ခံထားရပါတယ်။

ဒေသခံသတင်းစာတွေရဲ့ ဖော်ပြချက်အရ သူဟာ အဲဒီငွေတွေကို ထုတ်ယူဖို့အတွက် သူ့ရဲ့ မတူညီတဲ့ ဘဏ်အကောင့် ၆ ခုကို အသုံးပြုခဲ့ရပြီး ၂၅ ခါ ထုတ်ခဲ့ရတယ်လို့ သိရပါတယ်။ ဇနီးဖြစ်သူကို ထောက်ပံ့ကြေးပေးဖို့ အတွက် အစိုးရက ငွေစာရင်းထုတ်ပြန်ချက် ပြုလုပ်ခိုင်းတဲ့ အချိန်မှာ သူက ငွေတွေကို မီးရှို့လိုက်တယ်လို့ ဝန်ခံခဲ့တာပါ။

သူဟာ ငွေတွေကို ၂ ကြိမ်ခွဲပြီး မီးရှို့ခဲ့တာဖြစ်တယ်လို့ တရားရုံးကို ထွက်ဆိုထားပါတယ်။ ပထမအကြိမ်မှာ ငွေ ၇ သိန်း ကျော်ကို မီးရှို့ခဲ့ပြီး ဒုတိယအကြိမ်မှာတော့ ၂ သိန်းကျော်ကို မီးရှို့ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

အခုလို ပိုက်ဆံများကို မီးရှို့တဲ့အတွက် သူ့ကို ထောင်ဒဏ် ရက် ၃၀ ချမှတ်ထားပြီး တရက်ကို ဒေါ်လာ ၂၀၀၀ ဇနီးဖြစ်သူကို ထောက်ပံံ့ပေးဖို့ တရားရုံးက အမိန့်ချမှတ်ခဲ့ပါတယ်။ အခုလို ချမှတ်လိုက်တဲ့ ဒဏ်ငွေတွေက ဇနီးနဲ့ သမီးဖြစ်သူဆီကို တိုက်ရိုက်ရောက်မှာ ဖြစ်တယ်လို့ သိရပါတယ်။

Ref. Heavy.com

You may also like these stories:

ဖင်လန်နိုင်ငံတွင် ဇနီးဖြစ်သူ မီးဖွားပါက ခင်ပွန်းဖြစ်သူကိုပါ လစာပြည့် ခွင့်ပေး

သော့ချိတ်တွေရောင်းပြီး ကျောင်းနေ့လယ်စာ အကြွေးတွေ ကူပေးခဲ့တဲ့ ၈ နှစ်အရွယ် ကလေးငယ်

ဝိုင်ထုတ်လုပ်တဲ့ စွန့်ပစ်ပစ္စည်းတွေကနေ လည်သာ ပြန်လည် ထုတ်လုပ်မယ့် H&M

Loading