အသီးအရွက်သုပ်ဘူး ယူပြေးတဲ့ ကြွက်တကောင်ရဲ့ ဗီဒီယို အွန်လိုင်းမှာ နာမည်ကြီးနေ
နယူးယောက်မြို့ရဲ့ လမ်းများပေါ်မှာ ကြွက်တွေ အမြဲသောင်းကျန်းလေ့ ရှိပါတယ်။ ပြီးခဲ့တဲ့ နှစ်က ကြွက်တကောင်ဟာ ပီဇာယူပြီး ရထားဘူတာအတွင်းပြေးသွားတဲ့ ဗီဒီယိုဖိုင်တခု ထွက်ရှိခဲ့ပြီး လူမှုကွန်ရက်စာမျက်နှာမှာ ရေပန်းစားခဲ့ဖူးပါသေးတယ်။
ဒီနှစ် ရေပန်းစားနေတဲ့ ဗီဒီယိုကတော့ ကြွက်တကောင်ဟာ အရွက်သုပ်ဘူးကို ယူပြီးပြေးနေတာ ဖြစ်ပါတယ်။ ဒီဗီဒီယိုကို တွစ်တာစာမျက်နှာမှာ တင်ထားခဲ့တာဖြစ်ပြီး အင်တာနက် အသုံးပြုသူတွေက ၂၀၂၀ ခုနှစ်မှာ ကြွက်တောင် ဝိတ်ချဖို့ ကြိုးစားနေပြီဆိုတဲ့ အကြောင်းကို အဓိကထားပြီး ဟာသပြုလုပ်နေကြတာ ဖြစ်ပါတယ်။
ကြွက်တွေဟာ အသီးအနှံ စားလေ့ မရှိတာကြောင့် အခုဗီဒီယိုက ပိုပြီး လူပြောများခဲ့တာ ဖြစ်ပါတယ်။ ဗီဒီယိုထဲမှာ ကြွက်ကလေးဟာ လမ်းဘေး တနေရာကနေ အသီးအရွက်သုပ်ဘူးကို ကြိုးစားပမ်းစား သယ်သွားတာဖြစ်ပြီး ဘူးကို အသိုက်ရှိရာကို သယ်သွားတာဖြစ်နိုင်တယ်လို့ ယူဆထားကြပါတယ်။
ဗီဒီယိုကို ကြည့်ရှုသူ ၄ သိန်းခန့်ရှိခဲ့ပြီး “ကြွက်ကလေးတောင် ဝိတ်ချနေပြီ။ ငါတို့လည်း ဝိတ်ချဖို့ လိုအပ်နေပါပြီ”စတဲ့ အရွှမ်းဖောက်ထားတဲ့ မှတ်ချက်တွေကို ပေးခဲ့ကြတယ်လို့ သိရပါတယ်။
Ref. Dailymail.co.uk
You may also like these stories:
ရုပ်သံအစီအစဉ်တွေမှာ ပါဝင်ပြီး ပေါင်ချိန် ၄၀၀ခန့် ဝိတ်ချခဲ့သူမျာ
ရည်းစားဟောင်း ဓာတ်ပုံပြရုံနဲ့ ဟမ်ဘာဂါ တလုံး အလကားစားရမယ့် အခွင့်အရေး