ဖေဖေါ်ဝါရီလရဲ့ အလှပဆုံးနေ့ရက်တွေထဲကမှ ၁၄ ရက်နေ့ဟာ ချစ်ခင်ရသူတွေကို မိမိရဲ့ အချစ်တွေ ဘယ်လောက် လေးနက်ကြောင်းဖော်ပြခွင့်ရတဲ့ နေ့တနေ့ပဲဖြစ်ပါတယ်။ မိဘဆွေမျိုးနဲ့ သူငယ်ချင်းအပေါင်းအသင်းတွေကိုပါ အပြန်အလှန် လက်ဆောင်ပေးလေ့ရှိတဲ့ ကမ္ဘာအနှံ့က လှပတဲ့ အလေ့အထလေးတခုလည်းဖြစ်ပါတယ်။
အခုဖော်ပြပေးမယ့် အကြောင်းအရာကတော့ ချစ်သူသက်တမ်းတလျှောက် အမှတ်တရလေးတွေ ထင်ကျန်ရစ်စေမယ့် Valentine’s Day အတွက် လက်ဆောင်ပစ္စည်းလေးတွေပဲဖြစ်ပါတယ်။
(၁) စာအိတ်ပုံ ဆွဲပြား
မိမိချစ်သူ ဘယ်ကို သွားသွားဝတ်ဆင်သွားနိုင်မယ့် လက်ဆောင်ပစ္စည်းတခုဖြစ်ပြီး ဂန္တဝင်ဆန်ဆန်ပုံဖော်ထားတဲ့ ရိုးရိုးရှင်းရှင်းဆွဲပြားလေးတခုပဲဖြစ်ပါတယ်။ ရွှေသားစစ်စစ် ၁၆ ကာရက် ပါဝင်တဲ့ စာအိတ်ပုံဆွဲပြားကိုတော့ Catbird ဝက်ဘ်ဆိုက်မှာ ဝယ်ယူနိုင်ပြီး ၁၃၈ ဒေါ်လာ ကျသင့်မှာဖြစ်ပါတယ်။
(၂) Kindle Paperwhite ebook reader
မိမိချစ်သူက စာဖတ်ရတာ ကြိုက်နှစ်သက်သူတယောက်ဆိုရင်တော့ Kindle Paperwhite ebook Reader ဟာ ရုပ်ထွက်ကြည်လင်ပြတ်သားပြီး ဘယ်လို ebook အမျိုးအစားမဆို ရွေးချယ်ဖတ်ရှုနိုင်တဲ့အတွက် အသင့်တော်ဆုံးဖြစ်မှာပါ။ Amazon ဝက်ဘ်ဆိုက်မှာ ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဒေါ်လာ ၉၄ ဒဿမ ၉၉ ကျသင့်မှာဖြစ်ပါတယ်။
(၃) Scout Slim Leather ပိုက်ဆံအိတ်
နူးညံ့တဲ့ Leather ကို အသုံးပြုထားလို့ လွယ်လင့်တကူ အသုံးပြုနိုင်မှာဖြစ်ပြီး Celine နဲ့ Parada ထုတ်ကုန်တွေနဲ့ စက်ရုံတခုထဲကနေ ထုတ်လုပ်ထားတာဖြစ်လို့ အရည်အသွေးပိုင်းစိတ်ချရတဲ့ အမျိုးသားအသုံးအဆောင် ပစ္စည်းတခုပဲ ဖြစ်ပါတယ်။ တန်ဖိုးကတော့ ဒေါ်လာ ၁၀၀ ကျသင့်မှာဖြစ်ပါတယ်။
(၄) Tommy John Underwear
Tommy John Underwear ကနေ အမျိုးသမီးဝတ်ရော အမျိုးသားဝတ်ပါ ထုတ်လုပ်ထားတာဖြစ်တဲ့အပြင် Valentine’s Day အတွက် ရည်ရွယ်ထားတဲ့ ဒီဇိုင်းနဲ့ ရွေးချယ်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ အမျိုးသမီးဝတ်အနေနဲ့ တထည်လျှင် ပျမ်းမျှ ၂၄ဒေါ်လာ ကျသင့်မှာဖြစ်ပြီး အမျိုးသားဝတ်ကတော့ ၃၂ဒေါ်လာ ကျသင့်မှာဖြစ်ပါတယ်။
Ref. www.bussinessinsider.com
You may also like these stories:
“ချစ်သူများနေ့အပေါ် ထူးကဲပြီး စိတ်ခံစားမှု မရှိပါဘူး”လို့ သင်ဇာဝင့်ကျော် ပြော
ချစ်သူများနေ့မှာ ချစ်သူနဲ့ အတူရှိနေမယ်ဆိုတဲ့ မော်ဒယ် ပက်ထရစ်ရှာ
“ချစ်သူများနေ့”ကို ဖြတ်သန်းခဲ့တာ ၁၄ နှစ်ရှိပြီ ဖြစ်တဲ့ အဆိုတော် ဘာဘူနဲ့ ဇနီး