သိပ်မကြာသေးခင်အချိန်ကပဲ သဘာဝ ထုတ်ကုန်ပစ္စည်းတွေ ပါဝင်မှု နည်းပါးတဲ့ မိတ်ကပ်တွေဟာ ကိုယ်ဝန်ဆောင် မိခင်တွေနဲ့ မွေးဖွားလာမယ့် ကလေးငယ်ကိုပါ ထိခိုက်စေနိုင်ကြောင်း သုတေသန စစ်တမ်းတခုက အခိုင်အမာ ဖော်ပြလိုက်ပါတယ်။
ယနေ့ခေတ်မှာ ဓာတုပစ္စည်း အများအပြား ပါဝင်တဲ့ မိတ်ကပ်နဲ့ တခြား အလှကုန်ပစ္စည်းတွေဟာ အလှအပရေးရာမှာ မသုံးမဖြစ် ကျယ်ပြန့်လာခဲ့ပြီ ဖြစ်ပါတယ်။ အမျိုးသမီးတွေကို အဓိကထားတဲ့ ဈေးကွက်ဖြစ်တာကြောင့် ဖြန့်ဖြူးနှုန်းအား ကောင်းကောင်းနဲ့ ပျံ့နှံ့နေခဲ့ပြီး ဖြစ်ပေမယ့် ကိုယ်ဝန်ဆောင်မိခင်တွေအနေနဲ့တော့ မိမိတို့အသုံးပြုမယ့် မိတ်ကပ်နဲ့ အလှကုန်ပစ္စည်းတွေကို သတိထားသင့်တယ်လို့ သုတေသနပညာရှင်တွေက ဆိုပါတယ်။
အသုံးပြုတဲ့ မိတ်ကပ်ပေါ်မူတည်ပြီး ဟော်မုန်းပြောင်းလဲမှုတွေပါ ကြုံတွေ့နိုင်တာကြောင့် မိခင်ရော ကလေးငယ်ပါ ထိခိုက်စေနိုင်တယ်လို့လည်း ဖြည့်စွက် ဖော်ပြထားပါတယ်။
ဥရောပနိုင်ငံတွေမှာတော့ အရင်နှစ်တွေကတည်းက သက်တမ်းလွန်နေတဲ့ အလှကုန်ပစ္စည်းတွေကို တင်သွင်းခွင့် ပိတ်ပင်ထားပေမယ့် အမေရိကန်နိုင်ငံမှာတော့ သက်တမ်းလွန် အလှကုန်ပစ္စည်းတွေကို ယခုအချိန်အထိ ဖမ်းဆီးမှုတွေ ရှိနေဆဲဖြစ်ပေမယ့် ရောင်းဝယ် ဖောက်ကားမှုကတော့ ရပ်တန့်သွားခြင်း မရှိသေးပါဘူး။
အဆိုပါ သုတေသနကိုတော့ ဘာလင်တက္ကသိုလ်ဆေးရုံမှာ စတင်ခဲ့တာဖြစ်ပြီး မိခင် သုံးစွဲတဲ့ မိတ်ကပ်အပေါ်မူတည်ပြီး ကလေးငယ်ရဲ့ ကိုယ်အလေးချိန် အဆမတန် မြင့်မားလာစေတယ်လို့ ဆိုပါတယ်။
သုတေသနမှာတော့ မိခင်နဲ့ ကလေးငယ်ပေါင်း ၆၂၉ယောက်ကို အဓိကထား လေ့လာခဲ့တာဖြစ်ပြီး လေ့လာမှု ရလဒ်တွေအပေါ် အခြေခံကာ အတိအကျ သတင်းထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ကာလ ၃၄ ပတ်မြောက်မှာ မိတ်ကပ်အသုံးပြုတဲ့ မိခင်ရဲ့ဆီးစစ်ဆေးမှု ပြုလုပ်ခဲ့တာ ဖြစ်လို့ ဟော်မုန်းပြောင်းလဲမှုဟာ သန္ဓေသားကို ထိခိုက်စေနိုင်တာဖြစ်ကြောင်း သုတေသနမှာ ဖော်ပြထားပါတယ်။
You may also like these stories:
သက်လတ်ပိုင်း အမျိုးသမီးတွေ နှလုံးကျန်းမာရေးကို ပိုမို ဂရုစိုက်သင့်ကြောင်း လေ့လာတွေ့ရှိ
ဖင်လန်နိုင်ငံတွင် ဇနီးဖြစ်သူ မီးဖွားပါက ခင်ပွန်းဖြစ်သူကိုပါ လစာပြည့် ခွင့်ပေး