မိမိကို မကောင်းကြံသူတွေနဲ့ မကောင်းတဲ့ စွမ်းအင်တွေကနေ ကာကွယ်ပေးတဲ့ ကျောက်မျက်များ
ခေတ်ရဲ့ရေစီးမှာ ရုန်းကန်လှုပ်ရှားရင်း ဘယ်လို နယ်ပယ်မျိုးမှာဖြစ်ဖြစ် အဆိုးအကောင်းကို တွေ့ကြုံရလေ့ ရှိပါတယ်။ အခုဖော်ပြပေးမယ့် အကြောင်းအရာကတော့ မိမိကို မကောင်းကြံဖို့ ကြိုးစားသူတွေနဲ့ မကောင်းတဲ့ စွမ်းအင်တွေကနေ ကာကွယ်ပေးနိုင်တဲ့ ကျောက်မျက်တွေ အကြောင်းပဲ ဖြစ်ပါတယ်။ လှပပြီး အဆင်တန်ဆာ တခုထက်ပိုတဲ့ ကျောက်တွေ အများအပြားရှိတဲ့အထဲကမှ တချို့ကို ပြန်လည်ရွေးချယ် ဖော်ပြပေးလိုက်ပါတယ်။
(၁) Clear Quartz
ရိုးရှင်းကြည်လင်ပြီး အတွင်းပိုင်း တည်ဆောက်မှုပုံစံအရ လှုပ်ရှားမှုတခုရှိတဲ့ ကျောက်တခုဖြစ်ပါတယ်။ မကောင်းတဲ့ စွမ်းအင်တွေကို ကာကွယ်ပေးနိုင်ရုံတင်မကဘဲ ကောင်းမွန်တဲ့ စွမ်းအင်တွေကို ဆွဲဆောင်ပေးနိုင်တာဖြစ်တဲ့အတွက်
(၂) Black tourmaline
ကောင်းမွန်တဲ့ အသက်ရှင် နေထိုင်မှုပုံစံနဲ့ ပတ်ဝန်းကျင်ကို ဖော်ဆောင်ပေးနိုင်တဲ့ ကျောက်တမျိုးဖြစ်ပြီး မကောင်းတဲ့ စွမ်းအင်တွေကနေ ကာကွယ်ပေးနိုင်ပါတယ်။ အသုံးပြုဖို့ အကောင်းဆုံးနေရာတွေကတော့ အိမ်ရဲ့ အရှေ့တံခါးမှာ အလှဆင်ထားနိုင်ပြီး အလုပ်စားပွဲလိုနေရာမျိုးမှာလည်း ထားရှိနိုင်ပါသေးတယ်။
(၃) Black obsidian
ငြိမ်းအေးမှု ၊ ကောင်းမွန်တဲ့ စွမ်းအင်တွေနဲ့ ကူညီနိုင်တဲ့ ကျောက်တမျိုးဖြစ်ပြီး အသုံးပြုသူနဲ့ သင့်တော်တဲ့အရာတွေဆီ ခေါ်ဆောင်သွားနိုင်ပါတယ်။ ခက်ခဲတဲ့ နေ့ရက်တွေမှာ အလွယ်တကူ ယူလို့ရတဲ့ နေရာမျိုးမှာ ထားရှိနိုင်ပြီး အသုံးပြုတဲ့ ကားထဲမှာလည်း ထည့်သွင်းထားသင့်တဲ့ ကျောက်တမျိုးပဲဖြစ်ပါတယ်။
(၄) Black Jade
မကောင်းတဲ့ စွမ်းအင်နဲ့ လူမှု အသိုင်းအဝိုင်းကြား ရောက်ရှိနေတယ်ဆိုရင်တော့ သုံးစွဲသူကို ကူညီပေးနိုင်တဲ့ ကျောက်တမျိုး ဖြစ်ပါတယ်။ ပုဂ္ဂိလိကပိုင်းဆိုင်ရာ အစောင့်အရှောက် ကျောက်တမျိုးအဖြစ်သတ်မှတ်ထားခဲ့