မြန်မာနိုင်ငံနဲ့ အရှေ့တောင်အာရှနိုင်ငံတွေရဲ့ အသုံးအများဆုံး App ဖြစ်တဲ့ Grab ဟာ ၂၀၁၇ ခုနှစ်က စတင်ပြီး မြန်မာနိုင်ငံမှာ ပြေးဆွဲမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ရန်ကုန်မြို့မှာ အသုံးများတဲ့ ဝန်ဆောင်မှုတခုဖြစ်ခဲ့ပြီး အောင်မြင်မှုများ ရရှိခဲ့တာကြောင့် Grab ဟာ တီထွင်ဆန်းသစ်မှုနဲ့ ရင်းနှီးမြုပ်နှံမှုအသစ်တွေကို နိုင်ငံအတွင်း ယူဆောင်ခဲ့ပါတယ်။
၂၀၁၉ ခုနှစ်မှာ Grab ဟာ Grab Taxi စီးသူများ အဆင်ပြေစေဖို့အတွက် ဖုန်းခေါ်ဆိုငှားရမ်းနိုင်တဲ့ GrabTaxiCall ဝန်ဆောင်မှု၊ ခရီးသည်များ နာရီအလိုက်နဲ့ တနေ့တာလုံးငှားရမ်းနိုင်တဲ့ အစီအစဉ်အသစ်တွေကို အကောင်အထည် ဖော်ခဲ့ပါတယ်။
၂၀၁၉ ခုနှစ်မှာပဲ Grab ဟာ အစားအသောက် ပို့ဆောင်ရေးဝန်ဆောင်မှုတခုဖြစ်တဲ့ Grab Food ကို စတင်မိတ်ဆက်ခဲ့တယ်လို့ သိရပါတယ်။ Grab Food ဟာ မှာယူတဲ့ အစားအသောက်တွေကို ပျှမ်းမျှမိနစ် ၃၀ အတွင်းမှာ အရောက်ပို့ဆောင်နိုင်အောင် စီစဉ်ထားပြီး မြန်မာနိုင်ငံရဲ့ ထိပ်တန်းအစားအသောက် ပို့ဆောင်ရေး ဝန်ဆောင်မှုဖြစ်လာဖို့ ရည်ရွယ်ထားတယ်လို့ သိရပါတယ်။
၂၀၁၉ ခုနှစ်မှာ အောင်မြင်မှုတွေ ရရှိခဲ့တဲ့ Grab အနေနဲ့ ၂၀၂၀ အတွက် အစီအစဉ်အသစ်တွေကို အခုလိုပဲ မိတ်ဆက်ခဲ့ပါတယ်။ GrabFood ဝန်ဆောင်မှုကို မန္တလေးမြို့တွင် မိတ်ဆက်ခြင်း၊ ယခင်က ရန်ကုန်မြို့မှာသာ ရှိခဲ့သော Premium Rentals ဝန်ဆောင်မှုကို ပြည်တွင်းရှိ အခြားမြို့များတွင် အသုံးပြုနိုင်ရန် မိတ်ဆက်ခြင်း၊ ခရီးသည်များအနေနဲ့ ခရီးစဉ်နဲ့ ပတ်သက်ပြီး အကြံပြုချက်များ မျှဝေရန် အရည်အသွေး သတ်မှတ်ချက်စနစ်ကို အဆင့်မြင့်တင်ခြင်း စတာတွေ ပြုလုပ်သွားမယ်လို့ သိရပါတယ်။
“Grab အနေနဲ့ မြန်မာနိုင်ငံမှာ နေထိုင်သူတွေရဲ့ လူနေမှုဘဝ အရည်အသွေးတွေ ပိုမိုကောင်းမွန်လာဖို့အတွက် အမြဲတမ်း ကြိုးစားနေပြီး ဘယ်လူမှု အသိုက်အဝန်းအတွက်မဆို ကောင်းမွန်တဲ့ အကျိူးရလဒ်တွေ ရရှိဖို့အတွက် ဆက်လက် အားထုတ်သွားမှာပါ။ ၂၀၁၉ ခုနှစ်အတွင်းမှာ Grab က ဝန်ဆောင်မှု အမျိုးမျိုးကို မိတ်ဆက်ပေးနိုင်ခဲ့လို့ ကျမတို့အတွက် တကယ်ကို အမှတ်ရစေမယ့် နှစ်တနှစ်ပဲ ဖြစ်ပါတယ်”လို့ Grab Myanmar ရဲ့ Country Head ဖြစ်တဲ့ Cindy Toh က ပြောပါတယ်။
Grab Myanmar ဟာ GrabForFood လုပ်ငန်းခေါင်းစဉ်အောက်မှာရှိတဲ့ လှုပ်ရှားမှုတွေမှာ လိုအပ်သူများအတွက် နည်းပညာကို အသုံးပြုပြီး Grab ပလက်ဖောင်းကို အသုံးပြုခွင့်ရစေဖို့နဲ့ ချို့တဲ့နွမ်းပါးသူတွေအတွက် လိုအပ်တဲ့ ဝန်ဆောင်မှုများထောက်ပံံ့ခြင်းစတဲ့ လုပ်ငန်းစဉ်တွေကိုလည်း မကြာခင်မှာ မိတ်ဆက်သွားမယ်လို့ သိရပါတယ်။
You may also like these stories:
Grabနှင့် သယ်ယူပို့ဆောင်ရေး ကုမ္ပဏီ ၅ ခု အဂတိကော်မရှင်ထံ တိုင်ကြားခံရ
Grab App သုံးစွဲသူတွေအတွက် အင်ဒိုနီးရှားမှာ ဖွင့်လှစ်ခဲ့တဲ့ GrabKitchen ဝန်ဆောင်မှု