ဆီးရီးယားပြည်တွင်းစစ်ရဲ့ ဒဏ်ဟာ ကလေးငယ်တွေ အပေါ်မှာ ကြီးမားတဲ့ စိတ်ဒဏ်ရာတွေကိုဖြစ်ပေါ်စေပါတယ်။ ကလေးအများစုဟာ ဗုံးကွဲသံတွေကို ကြားရချိန်မှာ အော်ဟစ်ပြီး ငိုယိုလေ့ရှိပေမယ့် အသက် ၃ နှစ်အရွယ် သမီးငယ်လေးရှိတဲ့ အမျိုးသားတဦးကတော့ သူ့ရဲ့ သမီးကို စစ်ကြောင့် စိတ်ထိခိုက်တာမျိုးမဖြစ်စေချင်တာကြောင့် ကစားနည်းတခုကို တီထွင်ခဲ့ပါတယ်။
ကစားနည်းမှာ ဗုံးတလုံးကွဲတိုင်း ဒါမှမဟုတ် စစ်လေယာဉ်တွေ ဖြတ်ပြီး ပျံသန်းသွားတိုင်းမှာ သူတို့က ရယ်မောကြမှာ ဖြစ်ပါတယ်။ အဲဒီကစားနည်းကို ဖခင်ဖြစ်သူက ဗီဒီယို ရိုက်ကူးထားခဲ့တာ ဖြစ်ပါတယ်။
သူတို့ မိသားစုဟာ ဆီးရီးယားပြည်တွင်းစစ်ကြောင့် ထွက်ပြေးပြီး သူငယ်ချင်းဖြစ်သူရဲ့ အိမ်မှာ စစ်ဘေးရှောင်နေတာဖြစ်ပေမယ့် သူငယ်ချင်းအိမ်ရှိရာ မြို့မှာလည်း ဗုံးသံက မကြာခဏဆိုသလို ကြားနေရဆဲ ဖြစ်ပါတယ်။ အဗ္ဗဒူလာလို့ ခေါ်တဲ့ ကလေးရဲ့ ဖခင်ဟာ စစ်ကြောင့် ကလေးတွေရဲ့ စိတ်ဒဏ်ရာရနိုင်ချေတွေကို နားလည်တာကြောင့် အခုလို စိတ်အပြောင်းအလဲဖြစ်စေမယ့် ကစားနည်းကို တီထွင်ခဲ့တာဖြစ်ပါတယ်။
ကလေးငယ်ဟာ ဗုံးပေါက်ကွဲသံကို ဆိုးရွားတဲ့ အသံအဖြစ် မမြင်ဘဲ မီးရှုးမီးပန်း ဒါမှမဟုတ် ကစားစရာက ထွက်လာတဲ့ အသံလို သဘောထားပြီး မကြောက်ဘဲ ရယ်မောစေခဲ့တာ ဖြစ်ပါတယ်။ ဗီဒီယိုအတွင်းမှာ အဗ္ဗဒူလာက သမီးဖြစ်သူကို သင်ကြားပေးနေပြီး သမီးလေးက ဗုံးသံကြားတိုင်းမှာ ပျော်ရွှင်စွာရယ်မောနေခဲ့တာ ဖြစ်ပါတယ်။
ဒီဗီဒီယိုကို မျှဝေသူတွေ အများကြီးရှိခဲ့ပြီး လူမှုကွန်ရက်မှာ ရေပန်းစားခဲ့ပါတယ်။ ဗီဒီယိုမှာ စစ်ရဲ့ ကြောက်မက်ဖွယ်ကောင်းပုံနဲ့ ဖြူစင်တဲ့ ကလေးငယ်ရဲ့ စိတ်တွေကို အထင်းသားထင်ဟပ်နေတာကို တွေ့ရပါတယ်။
Ref. ndtv.com
You may also like these stories:
သေဆုံးသွားတဲ့ သမီးဖြစ်သူကို နည်းပညာ အကူအညီနဲ့ တွေ့ဆုံခဲ့တဲ့ မိခင်
မိမိကို မကောင်းကြံသူတွေနဲ့ မကောင်းတဲ့ စွမ်းအင်တွေကနေ ကာကွယ်ပေးတဲ့ ကျောက်မျက်များ