• English
Tuesday, May 20, 2025
No Result
View All Result
NEWSLETTER

29 °c
Yangon
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
  • Home
  • သတင်း
    • All
    • Crime
    • Development
    • Environment
    • Ethnic Issues
    • Human Rights
    • Military
    • Obituary
    • Politics
    • Religion
    • Women
    • သတင်းတို
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
    • All
    • အယ်ဒီတာ့အာဘော်
    • သူ့အတွေး သူ့အမြင်
    • အင်တာဗျူး
  • Lifestyle
    • All
    • Entertainment
    • Travel
    • Food
    • Trend
    • Culture
    • Health
    • Coronavirus Update
    • Automobile
    • အားကစား
  • Cartoon
  • Photo Essay
  • Women & Gender
  • Labor Rights
  • Election
  • Organized Crime Guide
  • Weekend Reading
  • Video
  • Investigation
  • Donate
No Result
View All Result

No Result
View All Result
Home Lifestyle Trend

လီဗာပူးအသင်းက အမြဲနိုင်နေတာကြောင့် ဝမ်းနည်းကြောင်းစာပို့တဲ့ မန်ယူပရိသတ်ကျောင်းသားလေး

by ရေဗန်
21 February 2020
in Trend
A A
လီပါပူးအသင်းကို စာပို့ခဲ့တဲ့ ကျောင်းသားလေး

လီပါပူးအသင်းကို စာပို့ခဲ့တဲ့ ကျောင်းသားလေး

5.7k
VIEWS
Share on FacebookShare on Twitter

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ပရိသတ်ဖြစ်တဲ့ ကျောင်းသားတဦးဟာ လီဗာပူးအသင်းအနေနဲ့ နိုင်ပွဲများ ဆက်နေကြောင်းကို စာရေးပို့ပြီးနောက် လီဗာပူး နည်းပြဖြစ်သူ Jurgen Klopp က သီးသန့်ပြန်စာရေးပို့တာကို ခံခဲ့ရတယ်လို့ သိရပါတယ်။

Daragh Curley လို့ ခေါ်တဲ့ ၁၀နှစ်အရွယ်ကျောင်းသားလေးဟာ ကျောင်းကလုပ်ခိုင်းတဲ့ အဆိုင်းမန့်အတွက် လီဗာပူးနည်းပြကို စာရေးပြီး ပို့ခဲ့တာဖြစ်ပါတယ်။ Daragh Curley က လီဗာပူးအနေနဲ့ ပွဲအချို့ကို ရှုံးသင့်ကြောင်းနဲ့ ပရီးမီးယားလိဂ်မှာ ဖလားမရသင့်ကြောင်း စတာတွေကို ရေးသားခဲ့တာဖြစ်ပါတယ်။

RelatedPosts

စစ်ကောင်စီကြောင့် ‌ဆေးဝန်ထမ်းများ တိမ်းရှောင်နေရပြီး ငလျင်နောက်ဆက်တွဲ ကျန်းမာရေး အခက်ကြုံ

စစ်ကောင်စီကြောင့် ‌ဆေးဝန်ထမ်းများ တိမ်းရှောင်နေရပြီး ငလျင်နောက်ဆက်တွဲ ကျန်းမာရေး အခက်ကြုံ

20 May 2025
60
မဟာ အလက်ဇန္ဒား

မဟာ အလက်ဇန္ဒား

18 May 2025
770
အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

အီလွန်မတ်စ် တက်စ်လာက အငှားနဲ့ ယူထားတဲ့ ကားတွေကို မရောင်းဘူး ဆိုပြီး ထုတ်ရောင်း

17 May 2025
1.5k

“ သူ့ရဲ့ အတန်းဖော်တွေက လီဗာပူးအသင်းကို ကြိုက်ကြောင်း၊ ပရိသတ်ဖြစ်ကြောင်း စာတွေ ရေးတဲ့အချိန်မှာ သူက လီဗာပူးအသင်းပိုင်ရှင်ကို ဝေဖန်စာ ပို့လိုက်တယ်လေ ” လို့ Daragh Curley ရဲ့ ဖခင်ဖြစ်သူက ဘီဘီစီသတင်းဌာနကို ပြောပါတယ်။

စာထဲမှာ Daragh Curley က “ လီဗာပူးက နိုင်ပွဲတွေအရမ်းကို များနေပြီ။ နောက်ထပ် ၉ပွဲလောက်ထပ်ပြီးနိုင်မယ်ဆိုရင် လီဗာပူးအသင်းက အင်္ဂလန်ရဲ့ ဘောလုံးလောကမှာ ပြိုင်ဘက်ကင်းတဲ့ အသင်းဖြစ်တော့မယ်။ မန်ချက်စတာယူနိုက်တက် ပရိသတ်တယောက်အနေနဲ့ ဒီဖြစ်ရပ်ဟာ အရမ်းကို ဝမ်းနည်းစရာကောင်းတယ်။ နောက်တခါ ဘောလုံးကန်ရင် ရှုံးအောင်ကန်ပေးပါ။ တခြားအသင်းတွေကိုလည်း အမှတ်ယူခွင့် ပေးလိုက်ပါဦး ” ဆိုပြီး ရေးသားပေးပို့ခဲ့တာဖြစ်ပါတယ်။

စာပို့ပြီးရက်ပိုင်းအကြာမှာ လီဗာပူးနည်းပြဆီက ပြန်စာ ရောက်လာတယ်လို့ Daragh Curley ရဲ့ မိခင်က ပြောပါတယ်။

စာအတွင်းမှာ လီဗာပူးနည်းပြက “ စိတ်မကောင်းပါဘူး။ မင်းရဲ့တောင်းဆိုမှုတွေကို လိုက်မလုပ်ပေးနိုင်ပါဘူး။ မင်းက လီဗာပူးကို ဘယ်လောက်ပဲ ရှုံးစေချင်နေပါစေ။ ငါ့ရဲ့ တာဝန်က ငါ့အသင်းကို ဘာပဲဖြစ်လာဖြစ်လာ နိုင်အောင် လေ့ကျင့်ပေး ဖို့ပဲလေ။ စိတ်မကောင်းပါဘူး။ ငါတို့အသင်းကို ရှုံးစေချင်တဲ့သူတွေအတွက်တော့ ငါအခုပြောတာတွေက စိတ်ညစ်စရာ ဖြစ်နေမှာ သေချာတယ်”

“ တခုတော့ရှိတယ်။ ဘောလုံးက အားကစားတခုပဲဖြစ်လို့ ငါတို့အသင်းအနေနဲ့ အရင်က ရှုံးဖူးတာတွေ ရှိတယ်။ နောက်လည်း ရှုံးလောက်မယ့် ပွဲတွေ ရှိနေမှာပါ။ မင်းက ၁၀နှစ်ပဲရှိသေးလို့ အခုလို အတွေးတွေ ဖြစ်နေတာပါ။ ငါ့လို အသက် ၅၀ ကျော်သွားရင် မင်းနားလည်သွားလိမ့်မယ်။ မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ မင်းလို အမာခံပရိသတ်မျိုးရှိတာ ဂုဏ်ယူစရာပါပဲ ” လို့ ရေးသားခဲ့ပါတယ်။

မန်ယူနိုက်တက်ပရိသတ်ဖြစ်တဲ့ Daragh Curley ကတော့ လီဗာပူးနည်းပြကို သဘောကောင်းကြောင်းပြောခဲ့ပေမယ့် သူရေးသားခဲ့တဲ့ ပြန်စာထဲက စကားတချို့ကိုတော့ မနှစ်သက်ဘူးလို့ ပြောခဲ့ပြီး သူကတော့ အမြဲ မန်ယူနိုက်တက်ကိုသာ အားပေးနေမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

Ref;bbc

You may also like these stories:

ရိုက်ကွင်းပြင်ပ တွေ့ဆုံမှု ရှိနေကြသေးတဲ့ Robert Downey Jr. နဲ့ Tom Holland

ကိုရိုနာဗိုင်းရပ်စ်ကြောင့် တရုတ်မှာ ကျောင်းတွေ ပိတ်ထားပြီး အွန်လိုင်းကနေ စာသင်

သြစတြေးလျမှာ လေယာဉ်ငယ် ၂ စင်း ပျံသန်းစဉ် တိုက်မိပြီး လူ ၄ ဦး သေဆုံး

Your Thoughts …
Tags: မန်ယူပရိသတ်ကျောင်းသားလေးလီပါပူးအသင်းဝမ်းနည်းကြောင်းစာပို့
ရေဗန်

ရေဗန်

Similar Picks:

No Content Available
Next Post
ပြည်ထောင်စု လွှတ်တော် မကျင်းပမီ အခြေအနေတခုကို ပြီးခဲ့သည့် ဇန်နဝါရီလက တွေ့ ရစဉ်  /  ထက်ဝေ / ဧရာဝတီ

ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဆွေးနွေးမည့်သူ ၁၄၉ ဦးရှိ၊ လာမည့် အင်္ဂါနေ့ စမည်

ဖေဖော်ဝါရီ ၄ ရက်မှ ၁၈ ရက်အထိ ဝမ်ဟိုင်းဌာနချုပ်တွင် နှစ်ချုပ်အစည်းအဝေးကျင်းပနေစဉ်  / SSPP Info

၂၀၂၀အတွင်း NCA လက်မှတ်ထိုးဖို့ SSPP မသေချာသေး

No Result
View All Result

Recommended

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

မင်းအောင်လှိုင်ရဲ့ ရင်ပြင်နီ ခရီးစဉ် စစ်တမ်း

1 week ago
7.4k
မျက်ရည်ကျရုံကလွဲလို့  ဘာမှမတတ်နိုင်ဘူး

မျက်ရည်ကျရုံကလွဲလို့ ဘာမှမတတ်နိုင်ဘူး

6 days ago
2.5k

Most Read

  • အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    အိန္ဒိယစစ်တပ်ပစ်ခတ်၍ တမူးပကဖ ၁၀ ဦး သေဆုံး

    shares
    Share 0 Tweet 0
  • အာဏာသိမ်းစစ်တပ်၏ ဗြောင်လိမ်ဗြောင်ညာ ဝါဒဖြန့်သူများ

    shares
    Share 0 Tweet 0
  • ဂျပန်ကုမ္ပဏီ ၃ ခု မြန်မာစီမံကိန်းများမှ စွန့်ခွာ

    shares
    Share 0 Tweet 0
  • တရုတ်သမ္မတ ရှီနဲ့ မော်စကိုမှာတွေ့ပြီး မင်းအောင်လှိုင် သံတမန်ရေး အသာစီးရ

    shares
    Share 0 Tweet 0
  • တရုတ်သံအမတ် မာကျားထံမှ စိုးရိမ်ဖွယ် သတင်းစကား

    shares
    Share 0 Tweet 0

Newsletter

Get The Irrawaddy’s latest news, analyses and opinion pieces on Myanmar in your inbox.

Subscribe here for daily updates.

Contents

  • သတင်း
  • ဆောင်းပါး
  • စီးပွားရေး
  • သူ့အတွေး သူ့အမြင်
  • အင်တာဗျူး
  • Cartoon
  • Women & Gender
  • Ethnic Issues
  • Organized Crime Guide
  • Lifestyle
  • Human Rights

About The Irrawaddy

Founded in 1993 by a group of Myanmar journalists living in exile in Thailand, The Irrawaddy is a leading source of reliable news, information, and analysis on Burma/Myanmar and the Southeast Asian region. From its inception, The Irrawaddy has been an independent news media group, unaffiliated with any political party, organization or government. We believe that media must be free and independent and we strive to preserve press freedom.

  • Copyright
  • Code of Ethics
  • Privacy Policy
  • Team
  • About Us
  • Careers
  • Contact
  • English

© 2023 Irrawaddy Publishing Group. All Rights Reserved

No Result
View All Result
  • Home
  • သတင်း
  • Politics
  • Video
  • ဆောင်းပါး
  • စီးပွားရေး
  • အာဘော်
  • Women & Gender
  • Election
  • Photo Essay
  • Weekend Reading
  • Organized Crime Guide
  • Investigation
  • Donation

© 2023 Irrawaddy Publishing Group. All Rights Reserved

လွတ်လပ်တဲ့ သတင်းစာပညာကို ထောက်ကူပါ

 

စာဖတ်သူများခင်ဗျား

အလှူရှင်များထံမှ အထောက်အပံ့များ ရပ်ဆိုင်းခြင်းက ကျနော်တို့၏ အလုပ် ရှေ့ဆက်ရေး ခြိမ်းခြောက်နေပါသည်။ ၅ ဒေါ်လာမျှ ထောက်ကူခြင်းဖြင့် ယခုလို အရေးကြီးသည့် အချိန်တွင် သင်ကူညီနိုင်ပါသည်။  ကျနော်တို့နှင့် အတူတကွ ရပ်တည်ပေးခြင်းကြောင့် ကျေးဇူးအထူးတင်ပါသည်။

ဧရာဝတီ

Donate