သြစတြေးလျနိုင်ငံ New South Wales ပြည်နယ်မှာ လပေါင်းများစွာလောင်ကျွမ်းနေခဲ့တဲ့ တောမီးကို ပြီးခဲ့တဲ့ ရက်သတ္တပတ်က ပထမဆုံးအနေနဲ့ ထိန်းချုပ်နိုင်ခဲ့ပြီဖြစ်တယ်လို့သိရပါတယ်။
အခုလို မီးငြိမ်းသတ်နိုင်ခဲ့တာဟာ ထောင်ပေါင်းများစွာသော မီးသတ်သမားတွေကြောင့်ဖြစ်ပါတယ်။ တောမီးအတွင်းမှာ မီးသတ်သမားများစွာဟာ အသက်ကို ပဓာနမထားပဲ မီးသေသွားဖို့သာ ခြေကုန်လက်ပန်းကျတဲ့ အထိ ကြိုးစားခဲ့ကြပြီး အသက်ဆုံးရှုံးမှုတွေလည်း ရှိခဲ့ပါတယ်။
အသက်စွန့်ပြီး လူများနဲ့ တိရစ္ဆာန်များရဲ့ အသက်ကို ကယ်တင်ပေးခဲ့တဲ့ မီးသတ်သမားများကို “ ကျေးဇူးတင်ပါတယ် ” ဆိုတဲ့ စကားနဲ့ ဂုဏ်ပြုဖို့အတွက် မလုံလောက်ဘူးလို့ ယူဆတာကြောင့် နယူးယောက်မြို့လယ်ခေါင်က ပေ ၇၀ အမြင့်ရှိတဲ့ Times Square မှာ ကျေးဇူးတင်ကြောင်း Billboard ကို ပြုလုပ်ဂုဏ်ပြုခဲ့ပါတယ်။
“ ကိုယ်ကျိုးကိုမကြည်ဘဲ လပေါင်းများစွာ မီးသတ်ခဲ့ကြတဲ့ မီးသတ်သမားအားလုံးကို ကျေးဇူးတင်ပါတယ်။ တကယ်ကို ကျေးဇူးအများကြီးတင်တာပါ။ ဒါကြောင့် နယူးယောက်ခ်ရဲ့ နာမည်ကျော် အဆောက်အဦဖြစ်တဲ့ Times Square မှာ ကျေးဇူးတင်ကြောင်းပြောပါရစေ ” လို့ ရေးသားထားပါတယ်။
သြစတြေးလျနိုင်ငံအတွင်းက တောမီးဟာ ၂၀၁၉ ခုနှစ် ဇူလိုင်လလောက်ကတည်းက လောင်နေတာဖြစ်ပြီး အခုအချိန်မှာတော့ မီးသတ်သမားတွေရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်ရှိသွားပြီဖြစ်တယ်လို့ သိရပါတယ်။
Ref;CNN
You may also like these stories:
အော်စကာဆုပေးပွဲကို သီးခြားစီ လာခဲ့ပေမယ့် တွဲထိုင်ခဲ့တဲ့ မင်းသား လီယိုနာဒိုနဲ့ ချစ်သူ Camila
ဖျော်ဖြေပွဲမှာ စင်ပေါ်တက်လာတာ နောက်ကျလို့ မက်ဒေါနား တရားစွဲခံရ
၅ နှစ်ကြာပြီးတဲ့နောက် ပထမဆုံး ရုပ်သံဒရာမာမှာ ပါဝင်လာတဲ့ မင်းသမီး ကင်ထယ်ဟီး