အစားအသောက်တွေလောက်ကိုပဲ တာရှည်ခံအောင်နဲ့ အရသာမပျက်အောင် ရေခဲသေတ္တာထဲထည့်သိမ်းထားလို့ ရတာမဟုတ်ပါဘူး။ အစားအသောက်တွေအပြင် တခြားသော အိမ်သုံးပစ္စည်းတွေကိုလည်း တာရှည်ခံအောင်နဲ့ လတ်ဆတ်သန့်ရှင်းနေအောင် ရေခဲသေတ္တာထဲ ထည့်သိမ်းထားလို့ ရပြီး ဘယ်လိုအိမ်သုံးပစ္စည်းတွေလဲ ဆိုတာကို ဖော်ပြပေးချင်ပါတယ်။
(၁) အလှကုန်ပစ္စည်းများ
အမျိုးသမီးတို့ နေ့စဉ်အသုံးပြုနေတဲ့ အလှကုန်ပစ္စည်းတွေဖြစ်တဲ့ မျက်လုံးလိမ်းတဲ့ Eye Cream တွေနဲ့ Eye Liner တွေကို ရေခဲသေတ္တာထဲ ထည့်ပြီး သိမ်းဆည်းထားနိုင်ပါတယ်။ ဒီလိုထည့်ထားတာဟာ လိုင်နာခဲတံတွေ ခဏခဏကျိုးတာမျိုးကို ကာကွယ်ပေးနိုင်သလို Eye Cream တွေကို ရေခဲသေတ္တာထဲ ထည့်ထားပေးခြင်းဟာ အသုံးပြုတဲ့အခါ အာနိသင်ပိုမိုထိရောက်တာကို တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။
(၂) ခေါင်းအုံးစွပ်တွေ
ခေါင်းအုံးစွပ်တွေကို ရေခဲသေတ္တာထဲထည့်ဖို့ ဆိုတာက အနည်းငယ် ကြောင်စီစီနိုင်တယ်လို့ ထင်ရပေမယ့် ရာသီဥတု ပူပြင်းလွန်းတဲ့ အချိန်ကာလမျိုးနဲ့ ခေါင်းချွေးထွက်လွန်းသူတွေအတွက်တော့ ခေါင်းအုံးစွပ်တွေကို ပလတ်စတစ်အိတ် တလုံးထဲ ထည့်၊ ရေခဲသေတ္တာထဲ ထည့်သိမ်းထားပြီး အိပ်တဲ့အချိန်ကျမှ ထုတ်ယူကာ အိပ်ခြင်းက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေမှာ အမှန်ပါ။
(၃) ပန်းများ
ဘုရားပန်းဖြစ်ဖြစ် အိမ်မှာအလှထိုးဖို့ ပန်းတွေဖြစ်ဖြစ် ပန်းတွေကြာရှည်ခံဖို့နဲ့ လန်းဆန်းလှပနေစေအောင် ရေခဲသေတ္တာ ထဲ ထည့်ပြီး သိမ်းဆည်းထားနိုင်မှာ ဖြစ်ပါတယ်။
(၄) ပီကေ ဒါမှမဟုတ် ကော်တွေကပ်နေတဲ့ အဝတ်အစားတွေ
အင်္ကျီအဝတ်အစားတွေမှာ ပီကေ ဒါမှမဟုတ် ကော်တွေကပ်မိတဲ့အခါ ချက်ချင်းပြန်ခွာတာဟာ အဝတ်အစားတွေကို ပျက်စီးစေနိုင်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ ရေခဲသေတ္တာအခဲကန့်ထဲကို အဲဒီအဝတ်အစားတွေကို ထည့်ထားပြီး အချိန်အနည်းငယ်ကြာမှ ပြန်ခွာတာက အဝတ်အစားတွေ ပျက်စီးမှုကို ကာကွယ်ပေးနိုင်မှာပါ။
Ref. www.littlethings.com
You may also like these stories:
ရေခဲသေတ္တာထဲ ထည့်သိမ်းဖို့ မလိုတဲ့ အစားအသောက် ၈ မျိုး
ရိုးရိုးရှင်းရှင်းနဲ့ အလွယ်တကူ ချက်ပြုတ်ပြင်ဆင်နိုင်တဲ့ ဝက်သား ကတ်တလိပ်ကြော်
ဟင်းသီးဟင်းရွက်တွေ လတ်ဆတ်ပြီး ကြာရှည်ခံအောင် ဘယ်လို သိမ်းဆည်းမလဲ