အလှအပကို ဂရုစိုက်တတ်တဲ့ပျိုမေတွေကတော့ သူတို့ရဲ့နေ့စဉ်သုံး Beauty Products တွေကို ရေခဲသေတ္တာထဲ ထည့်သိမ်းထားလေ့ရှိကြပါတယ်။ အပြင်မှာထားတာထက် အေးတဲ့ရေခဲသေတ္တာထဲ ထည့်ထားရင် သက်တမ်းပို တာရှည်ခံတယ်ဆိုတဲ့ ယူဆချက်က တကယ်ပဲ ပုံမှန်ထက် ပိုကောင်းစေပါလား။
အလှအပရေးရာပညာရှင်တွေကတော့ ဒီအချက်ကို အပြည့်အဝ သဘောမတူကြပါဘူး။ တချို့အလှအပပစ္စည်း တွေကို အအေးခန်းထဲထည့်ထားလို့ရပေမယ့် တချို့ပစ္စည်းတွေကတော့ ထည့်စရာမလိုသလို ထည့်ဖို့လည်း မလို အပ်ပါဘူး။
“အလှကုန်တွေဆိုတာ အခန်းတွင်း အပူချိန်မှာ ထားရုံနဲ့ လုံလောက်ပါတယ်” လို့ အလှအပရေးရာ အကြံပေး ကုမ္ပဏီတည်ထောင်သူ David Steinberg က ဆိုပါတယ်။ အထူးသဖြင့် နှုတ်ခမ်းနီနဲ့ ပါးနီဘူးတွေကို ရေခဲသေတ္တာထဲ ထည့်ထားမယ်ဆိုရင် အအေးဒဏ်ခံနိုင်ကြောင်း စမ်းသပ်မထားလို့ ပျက်စီးနိုင်ပါတယ်။
Skincare လို Body Lotion ဘူးတွေကိုတော့ နွေရာသီမှာဆိုရင် ရေခဲသေတ္တာထဲ ထည့်ထားလို့ ရတယ်လို့ GHRI က စီနီယာထုတ်ကုန်လေ့လာဆန်းစစ်သူ Mary Cake က ဆိုပါတယ်။ “Lotion အပြင် ကျမ တခြားထည့် ထားဆို Eye Cream ဘူးပဲ။ မျက်လုံးတွေ မို့အစ်နေရင် ရေခဲသေတ္တာထဲထည့်ထားတဲ့ Eye Cream အေးအေးလေး လိမ်းတာအကောင်းဆုံးပဲ” လို့ ဆိုပါတယ်။
ဒီအဆိုကို လက်ခံသူကတော့ အလှကုန်ထုတ်လုပ်ရေးပညာရှင် Susan Raffy ပါ။ “Moisturizer, Eye Cream, Serum နဲ့ တိုနာတွေလို အလှကုန်ပစ္စည်းတွေကိုတော့ ရေခဲသေတ္တာထဲ ထည့်သိမ်းထားလို့ရပါတယ်။ ပုံမှန်အပူ ချိန်ထက် အေးတဲ့နေရာမှာထားလဲ ပျက်စီးသွားတာမျိုး မရှိပါဘူး”လို့ သူက ဆိုပါတယ်။
အအေးထဲထည့်ထားတဲ့ အလှကုန်တွေက မျက်လုံးမို့အစ်တာနဲ့ မျက်နှာသွေးလည်ပတ်မှုပိုကောင်းစေလို့ အခန်းတွင်းသုံး တဲ့ရေခဲသေတ္တာအသေးစားလေးထဲ Lotion နဲ့ ခရင်မ်တွေကို ထည့်သိမ်းထားလို့ရပါတယ်။ လက်သည်းနီကတော့ ရေခဲသေတ္တာထဲ ထည့်ထားတာထက် အခန်းတွင်းအပူချိန်က အသင့်တော်ဆုံးပါလို့ ဆိုပါတယ်။
ပျိုမေတို့ရဲ့ အလှကို ပံ့ပိုးပေးတဲ့ ရေမွှေးကို ရေခဲသေတ္တာထဲ ထည့်သိမ်းစရာမလိုပါဘူး။ ဒါဟာ အမွှေးနံ့ကိုတောင် ပျက်ပြယ်စေပါတယ်။ ဒါပေမယ့် သဘာဝပစ္စည်းတွေကို အခြေခံထုတ်လုပ်ထားတဲ့ ပစ္စည်းတွေထဲက အုန်းဆီကနေ အခြေခံထုတ်ထားတဲ့ အလှကုန်တွေဆိုရင် ရေခဲသေတ္တာထဲ ထည့်ထားတာ ပိုကောင်းပါတယ်။
အလှအပရေးရာ ပညာရှင်တွေက ပျိုမေတို့အနေနဲ့ အလှကုန်တိုင်းကို အအေးထဲထည့်ထားရင် တာရှည်ခံမယ် ဆိုတဲ့ အသိကို မေ့ဖျောက်လိုက်သင့်တယ်လို့ ဆိုပါတယ်။ Beauty Products တိုင်းမှာ တာရှည်ခံပစ္စည်းပါဝင်မှု မတူညီတာကြောင့် ထည့်လို့ရတဲ့ပစ္စည်း ဟုတ်၊မဟုတ်ဆိုတာ ခွဲခြားသိထားသင့်ပါတယ်လို့ အကြံပြုထားပါ တယ်။
Ref: GoodHouse
You may also like these stories:
အသားအရေဖြူဝင်းလိုသူတွေ သိထားသင့်တဲ့ အခြေခံအသားအရေထိန်းသိမ်းနည်းများ
ရေခဲသေတ္တာထဲ ထည့်သိမ်းဖို့ မလိုတဲ့ အစားအသောက် ၈ မျိုး