တောင်ကိုရီးယားနိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် (COVID-19) ကူးစက်ခံထားရသူတွေထဲက ဖေဖော်ဝါရီလ ၂၀ ရက် မှာ ပထမဆုံးအကြိမ်သေဆုံးပြီးနောက် ထပ်မံကူးစက်သူတွေ ရက်ပိုင်းအတွင်း တိုးပွားလာပါတယ်။ အများဆုံး ကူးစက်ခံရတဲ့ Deagu မြို့ကို အရေးပေါ်ကြေညာထားပြီး ကာကွယ်ကုသရေးအစီအစဉ်တွေကို တိုးမြင့်လုပ် ဆောင်နေရပါတယ်။
လက်ရှိအချိန် ဖေဖော်ဝါရီလ ၂၂ ရက်မှာ ထပ်မံကူးစက်ခံရသူ ၈၇ ဦးအပါအဝင် ၂ ရက်အတွင်း ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ စုစုပေါင်း ၄၃၃ ဦးထိ ရှိသွားပြီး သေဆုံးသူ ၂ ဦးရှိသွားပြီလို့ ရောဂါကာကွယ်ထိန်းချုပ်ရေးစင်တာ KCDC က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
တောင်ကိုရီးယားနိုင်ငံဟာ အဓိကဖြစ်ပွားနေတဲ့ တရုတ်နိုင်ငံပြင်ပ ကူးစက်မှုအများဆုံးနိုင်ငံလည်း ဖြစ်လာခဲ့ပါ တယ်။ အများဆုံးဖြစ်ပွားနေတဲ့ Deagu မြို့မှာ ကူးစက်ခံရသူ ၅၅ ယောက်ရှိပြီး အဆိုပါမြို့အနီးအနား Gyeongsang ဒေသမှာ ၁၄ ယောက်၊ တခြား ဒေသ ၈ ခုမှာလည်း ကူးစက်ခံရသူတွေ ရှိပါတယ်။
အဓိကဖြစ်ပွားလာတဲ့နေရာကတော့ Deagu မြို့နားက ဘုရားရှိခိုးကျောင်းကို သွားရောက်ခဲ့တဲ့ အဖွဲ့ဝင်တွေဆီ ကလို့ ဆိုပါတယ်။ ဆေးရုံတက်ကုသနေရတဲ့ ကူးစက်ခံရသူတွေထဲက ၉၂ နှစ်ယောက်ဟာ အဆိုပါဘုရားရှိခိုး ကျောင်းနဲ့ ဆက်နွှယ်ခဲ့သူတွေလို့ KCDC က ဆိုပါတယ်။
တောင်ကိုရီးယားနိုင်ငံရဲ့ စတုတ္ထမြောက်အကြီးဆုံးမြို့ဖြစ်တဲ့ Deagu မြို့က ဒေသခံ ၂ သန်းခွဲကို အပြင်မထွက်ဘဲ အိမ်ထဲမှာပဲနေကြဖို့ မြို့တော်ဝန်က တိုက်တွန်းထားပါတယ်။ Deagu မှာရှိတဲ့ အဓိကအမေရိကန် အခြေစိုက် စခန်းထဲက စစ်သားတွေနဲ့ မိသားစု ၁ သောင်းကျော်ကို ကျန်းမာရေးစစ်မှုတွေ လုပ်သွားမယ့်အပြင် ပြင်ပက ဝင်ရောက်ခွင့်ကိုလည်း ကန့်သတ်သွားမယ်လို့ ဆိုပါတယ်။
KCDC ကနေ ဘုရားရှိခိုးကျောင်း အဖွဲ့ဝင် ၉ ထောင်ကျော်ကို ကျန်းမာရေးစစ်ဆေးမှုတွေလုပ်မှာဖြစ်လို့ အိမ်ပြင် မထွက်ဖို့ တားမြစ်ထားသလို၊ အဆိုပါ အဖွဲ့ ထဲက ၅၄၄ ဦးကလည်း ကိုရိုနာဗိုင်းရပ်စ် ရောဂါလက္ခဏာတွေခံစား နေရတယ်လို့ အကြောင်းကြားလာပါတယ်။
အစိုးရဘက်ကလည်း ဖေဖော်ဝါရီ ၂၁ ရက်က Deagu နဲ့ Cheongdo ဒေသတွေကို special management zone သတ်မှတ်လိုက်တယ်လို့ ဝန်ကြီးချုပ်က ပြောကြားခဲ့သလို ကျန်းမာရေးထောက်ကူပြုပစ္စည်းတွေနဲ့ ဆေးဘက်ဆိုင်ရာ ဆရာဝန်တွေ ထောက်ပံ့ပေးမှာဖြစ်သလို တာဝန်ရှိသူတွေကလည်း တပတ်မှာ သုံးကြိမ်ခန့် တွေ့ဆုံ ပြီး ရောဂါကူးစက်မှု အခြေအနေကို မပြတ်ဆွေးနွေးဖို့ တိုက်တွန်းထားပါတယ်။
တောင်ကိုရီးယားနိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၂ ရာကျော်ကနေ တနေ့တည်းနဲ့ ၁၀၀ ကျော်တိုးလာပြီး ဒုတိယကူးစက်ခံရမှုအများဆုံးနိုင်ငံဖြစ်လာခဲ့တာပါ။ ဖေဖော်ဝါရီ ၂၀ ရက်နဲ့ ၂၂ ရက်တွေမှာ သေဆုံးမှုတွေရှိခဲ့ တယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။
Ref: CNA
You may also like these stories:
ကိုရိုနာဗိုင်းရပ်စ် ကုသဖို့ ဝူဟန်မြို့က နေရာအများစုကို ဆေးရုံအသွင် ပြောင်းလဲ
တရုတ်တွင် ကိုရိုနာဗိုင်းရပ်ကူးစက်မှု နှစ်ရက်ဆက်တိုက် ကျဆင်းလာ