Trend

ကမ္ဘာ့စစ်အင်အားအကြီးဆုံး နိုင်ငံများ

ဒီကနေ့ကာလမှာ နိုင်ငံတကာအနေနဲ့ စစ်တပ်အင်အားကို ပိုမိုချဲ့ထွင်လာနေကြသလို လက်နက်တွေလည်း အပြိုင်အဆိုင် တပ်ဆင်လာနေကြပါတယ်။ နည်းပညာခေတ်ဖြစ်တဲ့အတွက်ကြောင့်လည်း နည်းပညာအခြေခံ စစ်တပ်တွေဖြစ်လာကြပါတယ်။

၂၀၂၀ ခုနှစ်အတွက်တော့ Global Firepower Website က ကမ္ဘာပေါ်မှာ အင်အားအကြီးဆုံး နိုင်ငံ ၅ နိုင်ငံကို ရွေးချယ်ပေးခဲ့ပါတယ်။ အဲဒီလိုရွေးချယ်ပေးခဲ့တာမှာတော့ ငွေကြေးထောက်ပံ့မှု ၊ ရာထူးပေးအပ်မှု ၊ နယ်မြေကျွမ်းကျင်မှု စတဲ့အချက်တွေမှာ အခြေခံပြီးရွေးချယ်ပေးခဲ့တယ်လို့ သိရပါတယ်။

၂၀၂၀ ခုနှစ်အတွက် ကမ္ဘာ့အင်အားအကြီးဆုံး စစ်တပ်တွေကတော့ အောက်ပါအတိုင်းပါ။

(၁) အမေရိကန်ပြည်ထောင်စု

၂၀၂၀ ခုနှစ်အတွက် စစ်ရေးအင်အားအကြီးဆုံးနိုင်ငံကတော့ အမေရိကန်ပြည်ထောင်စုပါပဲ။ အမေရိကန် ပြည်ထောင်စုရဲ့ လေကြောင်းအင်အားက ကမ္ဘာပေါ်မှာရှိတဲ့ တခြားတိုင်းပြည်တွေထက် အသာလွန်ဆုံးလည်း ဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ်အတွက် စစ်အသုံးစရိတ်ကို အမေရိကန်ဒေါ်လာ ၇၅၀ ဘီလီယံ လျာထားတယ်လို့ သိရပါတယ်။

(၂) ရုရှားနိုင်ငံ

Global Firepower Website ရဲ့ ဖော်ပြချက်အရဆိုရင်တော့ ကမ္ဘာပေါ်မှာ ဒုတိယစစ်အင်အားအကြီးဆုံးနိုင်ငံက ရုရှားနိုင်ငံပါပဲ။ ကြည်းတပ်အင်အားက ခန့်မှန်းခြေ ၁ သန်းကျော်ရှိပြီး ၂၀၂၀ ခုနှစ်အတွက် စစ်အသုံးစရိတ်ကို အမေရိကန်ဒေါ်လာ ၄၈ ဘီလီယံလျာထားပါတယ်။

(၃) တရုတ်နိုင်ငံ

အမေရိကန်ပြည်ထောင်စုနဲ့ ရုရှားနိုင်ငံပြီးရင် တတိယစစ်အင်အားအကြီးဆုံးနိုင်ငံကတော့ တရုတ်နိုင်ငံပါပဲ။ ခန့်မှန်းခြေ စစ်သားပေါင်း ၂ သန်းရှိပါတယ်။ ၂၀၂၀ ခုနှစ်အတွက် စစ်အသုံးစရိတ် အမေရိကန်ဒေါ်လာ ၂၃၇ ဘီလီယံ လျာထားပါတယ်။

(၄) အိန္ဒိယနိုင်ငံ

ပါကစ္စတန်နိုင်ငံနဲ့ နယ်နိမိတ်ပြဿနာတွေရှိနေတဲ့အတွက် အိန္ဒိယနိုင်ငံကလည်း စစ်အင်အားကြီးမားအောင် တည်ဆောက်နေပါတယ်။ ဒါကြောင့်လည်း ကမ္ဘာ့စစ်အင်အားအကြီးဆုံးနိုင်ငံတွေထဲမှာ အိန္ဒိယနိုင်ငံက စတုတ္ထနေရာက ရပ်တည်နေပါတယ်။ ၂၀၂၀ ခုနှစ်အတွက် စစ်အသုံးစရိတ်ကို အမေ ရိကန်ဒေါ်လာ ၆၁ ဘီလီယံလျာထားတယ်လို့ သိရပါတယ်။

(၅) ဂျပန်နိုင်ငံ

ခန့်မှန်းခြေစစ်မှုထမ်းပေါင်း ၂ သိန်းကျော်သာရှိပေမယ့် ဂျပန်နိုင်ငံအနေနဲ့ လက်နက်အသစ်တွေကို ပိုမိုတပ်ဆင် ထားပါတယ်။ ၂၀၂၀ ခုနှစ်အတွက် စစ်အသုံးစရိတ် အမေရိကန်ဒေါ်လာ ၄၉ ဘီလီယံ လျာထားတယ်လို့ သိရပါတယ်။

Ref:foxnews

You may also like these stories:

ခရီးထွက်မှာကြောင့် ဒီနှစ်အကယ်ဒမီပွဲမတက်ဖြစ်ဘူးလို့အောင်ရဲလင်း ပြော

မိုက်ကယ်ဂျက်ဆင်ရဲ့ အငယ်ဆုံးသား ၁၈ နှစ်ပြည့်မွေးနေ့ပွဲ ကျင်းပ

Spider-Man 3 နဲ့ ပတ်သက်လို့ ဖွင့်ဟတော့မှာ မဟုတ်ကြောင်း Tom Holland ပြောဆို

Loading