အမေရိကန်နိုင်ငံမှာ နေထိုင်တဲ့ မရိန်းတပ်သားဟောင်းတဦးဖြစ်သူ George Hood ဟာ ၈နာရီနဲ့ ၁၅ မိနစ်တိတိ Planking ပြုလုပ်နိုင်တာကြောင့် ဂင်းနစ်စံချိန်တင်ခဲ့တယ်လို့ သိရပါတယ်။ အသက် ၆၂နှစ်ရှိပြီဖြစ်တဲ့ George Hood ဟာ ဖေဖော်ဝါရီလ ၁၅ရက်နေ့မှာ စံချိန်တင်နိုင်ခဲ့တာဖြစ်တယ်လို့ဂင်းနစ်စံချိန်မှတ်တမ်းမှာ ဖော်ပြထားပါတယ်။
၂၀၁၉ ခုနှစ်အမျိုးသမီးများအတွက် စံချိန်ကို ကနေဒါနိုင်ငံသူဖြစ်တဲ့ Dana Glowacka က ၄နာရီ ၁၉ မိနစ်၊ ၅၅ စက္ကန့်နဲ့ တင်ထားခဲ့တာဖြစ်တယ်လို့ ဂင်းနစ်စံချိန်မှတ်တမ်းမှာ ပါရှိပါတယ်။ Gorge ဟာ ၂၀၁၁ ခုနှစ်ကတည်းက စံချိန်တင်ဖို့ ကြိုးစားခဲ့တာဖြစ်ပေမယ့် ၂၀၁၁ ခုနှစ်မှာတော့ သူ့ရဲ့ စံချိန်ဟာ ၁နာရီကျော်သာ ရှိခဲ့တာဖြစ်ပါတယ်။ ၂၀၁၆ ခုနှစ်မှာ တရုတ်နိုင်ငံသား Mao Weidong ဟာ ၈ နာရီ ၁မိနစ် ၁စက္ကန့်နဲ့ နောက်ဆုံးစံချိန်တင်ခဲ့တာဖြစ်ပြီး Gorge က အဲဒီ စံချိန်ကို ၈နာရီ ၁၅ မိနစ်နဲ့ ချိုးဖျက်ခဲ့တာဖြစ်ပါတယ်။
အီလီနွိုက်ပြည်နယ်မှာ နေထိုင်တဲ့ Gorge ဟာ အခုလို စံချိန်တင်ဖို့ အတွက် တရက်ကို ၇နာရီနဲ့ ၁၈ လကြာ လေ့ကျင့်ခဲ့ တာဖြစ်တယ်လို့ သိရပါတယ်။ ” ကျနော် တနေ့ကို ၄နာရီလောက် Plank လေ့ကျင့်ခန်းကို လုပ်တယ်။ ထိုင်ထ အခါ ၂၀၀၀ လောက်လုပ်ပြီး တခြားလေ့ကျင့်ခန်းတွေလည်း အများကြီးလုပ်တယ် ” လို့ Gorge က ပြောပါတယ်။
အခုလို ဂင်းနစ်စံချိန်တင်ဖို့ အတွက် Gorge ဟာ စုစုပေါင်း နာရီ၂၁၀၀ လောက် Plank လေ့ကျင့်ခန်းကို လေ့ကျင့်ခဲ့ တယ်လို့ သိရပါတယ်။ ” အရမ်းခက်ခဲပြီး ပင်ပန်းတဲ့ ရက်တွေဆို ကျနော်လေ့ကျင့်ခန်းလုပ်ရင်းနဲ့ Rock သီချင်းတွေ နားထောင်တယ်။ ကျနော်ငယ်ငယ်က Rock အဆိုတော်ဖြစ်ချင်ခဲ့တာ။ အခု ဒီစံချိန်တင်တာကလည်း ကျနော့်အတွက် အောင်မြင်မှုတခုပါပဲ ” လို့ Gorge က သတင်းထောက်တွေကို ဖြေကြားခဲ့ပါတယ်။
Gorge ဟာ စံချိန်တင်ပြီးနောက်မှာတော့ သူလုပ်တဲ့ လေ့ကျင့်ခန်းတွေလို လူတိုင်းပြုလုပ်နိုင်ကြောင်းနဲ့ ပြောင်းလဲမှုကို လိုချင်တဲ့သူတွေဟာ ကိုယ်တိုင်ပြောင်းလဲသင့်ကြောင်း စတဲ့ စကားတွေကို ပြောဆိုခဲ့တယ်လို့ CNN သတင်းမှာ ဖော်ပြထားပါတယ်။
Ref;CNN
You may also like these stories:
ကမ္ဘာ့စစ်အင်အားအကြီးဆုံး နိုင်ငံများ
ခရီးထွက်မှာကြောင့် ဒီနှစ်အကယ်ဒမီပွဲမတက်ဖြစ်ဘူးလို့အောင်ရဲလင်း ပြော
မိုက်ကယ်ဂျက်ဆင်ရဲ့ အငယ်ဆုံးသား ၁၈ နှစ်ပြည့်မွေးနေ့ပွဲ ကျင်းပ