ဖေဖော်ဝါရီ ၂၅ ရက်နေ့မှာပဲ ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၂ ဦး ထပ်မံတွေ့ရှိခဲ့ ပါတယ်။ ဒါကြောင့်လည်း ဒီကနေ့အချိန်ထိ ထိုင်းနိုင်ငံမှာ ဗိုင်းရပ်စ် ကူးစက်ခံထားရသူပေါင်း ၃၇ ဦး ရှိလာတယ်လို့ ထိုင်းနိုင်ငံကျန်းမာရေးဝန်ကြီးဌာနက ကြေညာခဲ့ပါတယ်။
ဒီနေ့ ထပ်မံတွေ့ရှိသူတွေကတော့ အသက် ၃၁ အရွယ် အမျိုးသမီးတယောက်နဲ့ အသက် ၂၉ နှစ်အရွယ် အငှားယာဉ်မောင်းတွေဖြစ်ပြီး ကူးစက်ခံရသူ အမျိုးသမီးဟာ ဆွေမျိုးတွေရှိရာ တရုတ်နိုင်ငံ၊ ကွမ်ကျိုးမြို့ကိုသွားရောက် လည်ပတ်ခဲ့ဖူးသူ ဖြစ်ပါတယ်။ အသက် ၂၉ နှစ်အရွယ်အမျိုးသားကတော့ တရုတ်ခရီးသွားတွေအတွက် အငှားယာဉ်မောင်းအဖြစ် လုပ်ကိုင်ပေးနေသူလို့ သိရပါတယ်။
ထိုင်းကျန်းမာရေး ဝန်ကြီးဌာနအနေနဲ့ကတော့ သူတို့နဲ့ နီးနီးကပ်ကပ် ပတ်သက်ဖူးသူတွေမှာ ရောဂါ ကူးစက်ခံထားရမှု ရှိ၊ မရှိ ဆက်လက် စောင့်ကြည့်နေပါတယ်။
ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူ ၃၇ ယောက်အထိ ရှိခဲ့ပေမယ့် အသက် ၃၂ နှစ် အရွယ် တရုတ်ခရီးသွားအမျိုးသမီးတယောက်ကိုတော့ ပြန်လည် ကုသပေးနိုင်ခဲ့ပါတယ်။ အဲဒီ အမျိုး သမီးဟာ ဝူဟန်မြို့ကနေ ထိုင်းနိုင်ငံကို လာရောက်လည်ပတ်ခဲ့တဲ့ အမျိုးသမီးဖြစ်ပြီး တောင်ပိုင်းပြည် နယ်ဆေးရုံဖြစ်တဲ့ Krabi မှာ ဆေးကုသမှု ခံယူပြီး ရောဂါပျောက်ကင်းခဲ့ပါတယ်။
နောက်ဆုံးသိရှိရတဲ့သတင်းတွေအရဆိုရင်တော့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရသူပေါင်း ၈၀,၁၅၀ ရှိသွားခဲ့ပြီး လူပေါင်း ၂,၇၀၁ ယောက် သေဆုံးခဲ့ရပါတယ်။ ရောဂါကူးစက်ခံနေရသူ ၂၇,၅၉၅ ယောက် ကတော့ ပြန်လည် ကုသပေးနိုင်ခဲ့တယ်လို့ သိရပါတယ်။
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှုကနေ ကာကွယ်ဖို့ အကောင်းဆုံး နည်းလမ်းကတော့ လူစုလူဝေးထဲ
သွားတာမျိုး ရှောင်ကြဉ်ရပါမယ်။ လက်ကို မကြာခဏ ဆေးကြောသင့်ပါတယ်။ နေရောင်ခြည်နဲ့ မကြာခဏ ထိတွေ့ပေးသင့်ပြီး ကိုယ်ခံအားကောင်းအောင် နေထိုင်သင့်တယ်လို့ ကျွမ်းကျင် ပညာရှင်တွေက အကြံပြုထားပါတယ်။
Ref: Bangkokpost, Thethaiger
You may also like these stories:
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ကူဝိတ်မှာ လေကြောင်းလိုင်းအချို့ ပျံသန်းမှု ယာယီ ဆိုင်းငံ့ထား
ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှု နောက်ဆုံးအခြေအနေ
ကိုရိုနာဗိုင်းရပ်စ်ကြောင့် တောင်ကိုရီးယား ရုပ်ရှင်ရုံတွေမှာ လူမရှိ ဖြစ်နေ