Trend

မွေးနေ့မှာ ရန်ပုံငွေရှာပြီး ကင်ဆာရောဂါသည်များကို လှူဒါန်းမယ့် ကလေး ၂ ဦး

Want create site? Find Free WordPress Themes and plugins.

Rhome Pearce နဲ့ Ryley Bahara တို့ဟာ သူတို့ရဲ့ အသက် ၉ နှစ်အရွယ်မှာ အခြားကလေးတွေရဲ့ မွေးနေ့မျိုးကို မလိုချင်ဘဲ ကောင်းမွန်တဲ့ အရာတခုကို ပြုလုပ်ချင်ခဲ့ပါတယ်။ ဒါကြောင့် ၁၀ နှစ်ပြည့် မွေးနေ့မှာ မွေးနေ့ပါတီတွေ လုပ်ပြီး ပိုက်ဆံဖြုန်းတာထက် ရန်ပုံငွေရှာပြီး သူတို့လောက် ကံမကောင်းသူတွေကို လှူဒါန်းဖို့ ကြိုးစားခဲ့ပါတယ်။

မကြာခင်မှာ မွေးနေ့ရောက်တော့မယ့် သူတို့ ၂ ဦးဟာ Pretty Muddy လို့ ခေါ်တဲ့ ရန်ပုံငွေအဖွဲ့နဲ့ ပူးပေါင်းပြီး ကင်ဆာရောဂါသည်တွေ အတွက် အလှူငွေ ထည့်သွင်းမှာဖြစ်ပါတယ်။


“ကျမသားလေးနဲ့ သူ့သူငယ်ချင်းက ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၉ ရက်နေ့က ကျောင်းမှာ မွေးနေ့ အတွက် တိုင်ပင်ဖြစ်တယ်လို့ ကျမကို ပြောတယ်။ သူတို့မှာက ရသင့်ရထိုက်တာ အားလုံးကို ရထားပြီးသားဖြစ်လို့ သူတို့ ၂ ယောက်က ကင်ဆာရောဂါသည်တွေကို လှူဒါန်းချင်တာတဲ့လေ”လို့ သားဖြစ်သူရဲ့ လုပ်ရပ်အတွက် ဂုဏ်ယူနေတဲ့ မိခင်  Kirsty Pearce က  ပြောပါတယ်။

Rhome ရဲ့ မိခင်ဖြစ်သူဟာလည်း သားအိမ်ခေါင်းကင်ဆာ ရှိနေတယ်လို့ သံသယရှိတဲ့အတွက် ကုသမှုတွေ ခံနေရသူဖြစ်ပါတယ်။  Rhome တို့ မိသားစုအတွင်းမှာ ကင်ဆာဖြစ်သူတွေ ရှိနေလို့ ရောဂါသည်တွေကို သနားတာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။

Rhome Pearce နဲ့ Ryley Bahara တို့ဟာ ရန်ပုံငွေရှာဖို့ အတွက် Pretty Muddy က ကျင်းပတဲ့ ရွှံ့တောအတွင်း အပြေးပြိုင်ပွဲမှာဝင်ရောက်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။ ပြိုင်ပွဲမှာ ယှဉ်ပြိုင်မယ့် အပြင် သူတို့ဟာ သူတို့ရဲ့ မွေးနေ့အတွက် ကုန်ကျမယ့် ပိုက်ဆံအားလုံးကိုလည်း လှူဒါန်းဖို့ ဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။

သူတို့ ၂ဦး ရဲ့ မျှော်မှန်းရန်ပုံငွေက ပေါင် ၃၀၀၀ ဖြစ်ပြီး လက်ရှိအချိန်မှာ အလှူငွေ ၇၀၇ ပေါင် ရရှိနေပြီဖြစ်ပါတယ်။ သူတို့ ၂ဦးဟာ မွေးနေ့လက်ဆောင်ပေးမယ့် ဆွေမျိုးတွေကိုလည်း လက်ဆောင်အစား အလှူငွေသာထည့်ကြဖို့ မေတ္တာရပ်ခံထားတယ်လို့ သိရပါတယ်။

Ref. ladbible.com

 

Did you find apk for android? You can find new Free Android Games and apps.
Loading