အီရန်နိုင်ငံရဲ့ ဒုတိယ ကျန်းမာရေးဝန်ကြီးဖြစ်သူ Iraj Harirchi ကိုယ်တိုင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံ နေရကြောင်းကြေညာခဲ့ပြီး အီရန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူ ၁၅ ဦး သေဆုံးခဲ့ရပြီလို့ သိရပါတယ်။ လက်ရှိအချိန်ထိတော့ အီရန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ကူး စက်ခံနေရသူပေါင်း ၉၅ ယောက်အထိ ရှိသွားပြီ ဖြစ်ပါတယ်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) ရဲ့ ညွှန်ကြားရေးမှူးချုပ်ကိုယ်တိုင်ကလည်း တရုတ်နိုင်ငံပြင်ပမှာ ဗိုင်းရပ်စ်ကူးစက်မှုနှုန်း မြန်မြန်ဆန်ဆန် တိုးလာနေတဲ့အတွက် စိုးရိမ်စရာကောင်းတဲ့ အခြေအနေကို ရောက်နေပြီဖြစ်တဲ့အကြောင်း ပြောကြားခဲ့ပါသေးတယ်။
တရုတ်နဲ့ အီရန်ဟာ ကုန်သွယ်ရေး မိတ်ဖက်နိုင်ငံတွေလည် းဖြစ်ကြပါတယ်။ ကိုရိုနာဗိုင်းရပ်စ် စတင် ဖြစ်ပွားချိန်မှာ နိုင်ငံတကာအနေနဲ့ တရုတ်နိုင်ငံနဲ့ လေကြောင်းလိုင်းပြေးဆွဲမှုတွေကို ယာယီ ရပ်တန့်ခဲ့ပေမယ့် အီရန်နိုင်ငံကတော့ ဝူဟန်မြို့နဲ့ပါ လေကြောင်းလိုင်း တိုက်ရိုက်ပြေးဆွဲမှုကို ဆက်လက် လုပ်ဆောင်ခဲ့ပါတယ်။ ဒါကြောင့်လည်း ကိုရိုနာဗိုင်းရပ်စ်ကို အီရန်နိုင်ငံက ဖိတ်ခေါ်သလို ဖြစ်ခဲ့ပါတယ်။
တရုတ်နိုင်ငံပြင်ပမှာဆိုရင်တော့ အီရန်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဒုတိယ လူအများဆုံး သေတဲ့နိုင်ငံဖြစ်လာတယ်လို့ BBC သတင်းဌာနမှာ ဖော်ပြထားပါတယ်။
လွန်ခဲ့တဲ့ တနင်္လာနေ့ကတော့ အီရန်အစိုးရက သေဆုံးသူ ၁၂ ယောက်ရှိတယ်လို့ ကြေညာခဲ့ပေမယ့် Qom မြို့ရဲ့ အမတ်ဖြစ်သူ Ahmad Amirabadi Farahani ကတော့ သေဆုံးသူ အရေအတွက်က ၅၀ ရှိခဲ့ပြီလို့ ပြောခဲ့ပါတယ်။ အီရန်အစိုးရရဲ့ ထုတ်ပြန်ချက်ကတော့ လူ ၁၅ ဦး သေဆုံးပြီး လူ ၉၀ ကျော် ရောဂါကူးစက်ခံနေရတယ်လို့သာ ဆိုပါတယ်။
ဒီသတင်းသာ အမှန်ဆို ရင်တော့ သေဆုံးမှုရာခိုင်နှုန်းက ၁၅ ရာခိုင်နှုန်းကျော်ရှိနေတာမို့ တရုတ်ပြည်က ၂ ရာခိုင်နှုန်း သေဆုံးမှုထက် အခြေအနေ ပိုဆိုးနေပါတယ်။
အီရန်နိုင်ငံရဲ့ ဆရာဝန်တယောက်ဖြစ်တဲ့ Nathalie MacDermott ကလည်း ရောဂါအခြေအနေ ဘယ်လောက်အထိ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားသွားမလဲဆိုတာ တိတိကျကျ မသိနိုင်ဘူးလို့ ပြောပါ တယ်။ လက်ရှိမှာတော့ ရောဂါကူးစက်ခံနေရသူတွေဟာ အသက်ကြီးပိုင်းတွေ ဖြစ်ကြတယ်လို့ သိရပါတယ်။
အီရန်နိုင်ငံဟာ ရှေးရိုးစွဲ အယူအဆရှိတဲ့ ဘာသာရေးနိုင်ငံဖြစ်သလို ကျန်းမာရေးစောင့်ရှောက်မှု စနစ်အားနည်းတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။
Ref. BBC, AP News
You may also like these stories:
ကမ္ဘာကျော် ဇီဝအကြမ်းဖက်သမားအဖြစ် သရုပ်ဆောင်မယ့် မင်းသမီး Priyanka Chopra
ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဗင်းနစ်မြို့မှာ “Mission: Impossible 7” ရိုက်ကူးရေး ရပ်နား
ကိုရိုနာဗိုင်းရပ်စ်ကြောင့် တောင်ကိုရီးယား ရုပ်ရှင်ရုံတွေမှာ လူမရှိ ဖြစ်နေ