ပြီးခဲ့တဲ့ တနင်္လာနေ့က ထိုင်းနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားသူ နောက်ထပ် ၃ ယောက် တွေ့ရှိခဲ့ပါတယ်။ အဲဒီ ၃ ယောက်အနက် ၁ ယောက်ကတော့ ထိုင်းနိုင်ငံ၊ Don Muang ခရိုင်၊ Phraharuthai Donmuang ကျောင်းကပါ။
အဲဒီကျောင်းမှာ ကျောင်းသားပေါင်း ၂၅၀၀ ပညာသင်ကြားလျက်ရှိနေ ပြီး ကျောင်းသားတယောက်မှာ ခုလို ကိုရိုနာဗိုင်းရပ်စ် တွေ့ရှိခဲ့တဲ့အတွက်ကြောင့် ၁၄ ရက်တိုင်အောင် ကျောင်းပိတ်ထားမယ်လို့ သိရပါတယ်။
ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားနေချိန်မှာ လူစုလူဝေးကို ရှောင်ကြဉ်တာက အကောင်းဆုံးနည်းလမ်းပါ။ လူအချင်းချင်း တိုက်ရိုက် ကူးစက်နိုင်တဲ့အတွက်ကြောင့်လည်း ရောဂါကူးစက်မှုနှုန်းက တဟုန်တိုး မြင့်မားလာပါတယ်။ ဒါကြောင့်လည်း မတတ်သာလို့ လူစုလူဝေးထဲ သွားရတဲ့အခါမျိုးတွေမှာ လက်ကို မကြာခဏ ဆေးကြောသင့်ပါတယ်။
ရောဂါကူးစက်ခံနေရတဲ့ ကျောင်းသားရဲ့ ဘိုးဘွားတွေဟာ မကြာသေးခင်အချိန်ကပဲ ဂျပန်နိုင်ငံ၊ ဟော့ကိုင်းဒိုးကျွန်းကို သွားရောက် လည်ပတ်ခဲ့ကြသူတွေ ဖြစ်ပါတယ်။ တအိမ်တည်း အတူနေထိုင် ကြသူတွေဖြစ်တဲ့အတွက် အခုလို ရောဂါကူးစက်ခံခဲ့ရတာပဲ ဖြစ်ပါတယ်။ မူလတန်း၊ အလယ်တန်း ကလေးတွေကို ပညာသင်ကြားပေးနေတဲ့ Pharharuthai Donmuang ကျောင်းဟာ အတန်းတင် စာမေးပွဲဖြေဆိုဖို့ ပြင်ဆင်နေတဲ့ကျောင်းလည်း ဖြစ်ပါတယ်။
ရောဂါကူးစက်ခံနေရတဲ့ ကျောင်းသားတယောက်ကို တွေ့ရှိပြီးတဲ့နောက် ရောဂါထိန်းချုပ်နိုင်အောင် မတ်လ ၉ ရက်နေ့အထိ ကျောင်းပိတ်ထားမယ်လို့ သိရပါတယ်။ ရောဂါကူးစက်ခံထားရတဲ့ ကျောင်း သားရဲ့စာသင်ခန်းမှာ ကျောင်းသားပေါင်း ၃၀ ရှိပြီး ဆရာ ၊ ဆရာမ ၁၁ ယောက်က စာသင်ပေးပါ တယ်။ ဒါကြောင့်လည်း သူတို့တွေ အားလုံးကို နေအိမ်တွေမှာ သီးသန့်ခွဲထားပြီး ၁၄ ရက်စောင့်ကြည့် သွားမယ်လို့ သိရပါတယ်။
ရောဂါကူးစက်ခံထားရတဲ့ ကျောင်းသားကတော့ ဆေးရုံမှာ ဆေးကုသမှု ဆက်လက် ခံယူနေပါတယ်။ လူအများစုကလည်း လူထူထပ်တဲ့ နေရာမျိုးတွေကို သွားလာတာမျိုး ရှောင်ကြဉ်လာကြပါတယ်။ ရောဂါပိုးဟာ လူထူထပ်တဲ့ နေရာတွေကနေ ရုတ်တရက် ကြီးထွားသွားနိုင်တဲ့အတွက် လူထူထပ်တဲ့ နေရာမျိုးတွေကို အထူးရှောင်ကြဉ်သင့်ပါတယ်။
မြန်မာနိုင်ငံမှာ ရောဂါကူးစက်ခံနေရသူတွေကို အခုချိန်ထိ မတွေ့ရသေးပေမယ့် ရုတ်တရက် ရောဂါ ကူးစက်ခံနေရသူတွေကို တွေ့လာနိုင်တဲ့အတွက် လူထူထပ်တဲ့ နေရာတွေကို မသွားဖို့နဲ့ မကြာခဏ လက်ဆေးဖို့ ကျန်းမာရေးဝန်ကြီးဌာနက အကြံပြုထားပါတယ်။
Ref: Bangkokpost
You may also like these stories:
အီရန်နိုင်ငံမှာ ကျန်းမာရေး ဒုဝန်ကြီးကိုယ်တိုင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံနေရ
တရုတ်မှ ပြန်လာတဲ့ ခရီးသွား ၁၁၈ ယောက်ကို အင်ဒိုနီးရှားနိုင်ငံက ပြည်ဝင်ခွင့် ငြင်းပယ်
ဂင်းနစ်စံချိန်ဝင် ကမ္ဘာ့အသက်အရှည်ဆုံး အဘိုးအို အသက် ၁၁၂ နှစ်မှာ ကွယ်လွန်